Hunter Craft

° ဒီ Game လေးက Data သမားတွေ အရမ်းသဘောကျစေမယ့် Survival Game လေးဖြစ်ပြီး အရင် စထွက်တုန်းကလည်း တင်‌ပေးဖူးပါတယ်။ အခု Update အဆင့်ဆင့်နဲ့ Game က တကယ်ကို အသက်ဝင်လာတဲ့ အပြင် အရင်ကထက် Map ပါ ပိုကျယ်လာတာပါ။ Game ပုံစံက Survival အမျိုးစားဖြစ်ပြီး အသက်ရှင်ဖို့ရာ‌တွက် အစာတွေရှာရင်း Zombie Apocalypse ကို ရင်ဆိုင်ရမှာပါ။ Graphic အရမ်းကြည့်ကောင်းတဲ့ Game တစ်ခုဖြစ်ပြီး Gun တွေ Skin တွေအပြင် fps ပါ 120 ထိ Support ပေးတာကြောင့် First Person Shooter သမားတွေ အကြိုက်တွေ့စေမှာပါ။ 
[- Review -]

ဒီ Game က Storyline မပါပေမယ့် Graphic ကော Gameplay ပါ တကယ်သဘောကျတာကြောင့် ပြန်တင်ပေးတာပါ။ အရင်တင်တုန်းက 22 MB ထဲနဲ့ လုံးဝကို မထင်ထားတဲ့ Game တစ်ခုဖြစ်ပြီး အခု Update တွေ Feature အသစ်တွေပါလာတာတောင် Size က 44 MB ထဲတင်ရှိတာပါ။ 
Game က 3D Cubic ပုံစံမျိုးဖြစ်ပြီး ရင်းနှီးအောင်ပြောရရင် Minecraft ကို Shaders အလန်း‌စားတွေနဲ့ ပြန်တွေ့ရသလိုပါဘဲ။ Graphic အတော်ကို ကြည့်လှတာဖြစ်ပြီး Sun Reflection တွေ ၊ Water Texture တွေကစ အရမ်းမိုက်တာပါ။ ဒါ့အပြင် Zombie တိုင်းက ကိုယ်ပစ်လိုက်တဲ့ အစိတ်ပိုင်းပေါ်မူတည်ပြီး ပြုထွက်သွားတာကြောင့် သွေးပန်းတာတွေကစ ပစ်ရတာ အားရစရာကောင်းတာပါ။ 
- တကယ်ကို Size နည်းနည်းလေးနဲ့ အားရစရာကောင်းတာပါ။

- Graphic ကော Gameplay ကော ပြောစရာမလိုဘူး။

- တစ်ခုရှိတာက Game က Storyline မပါတော့ ကြာရင် ပျင်းသွားနိုင်တယ်။ ဒါပေမယ့် Graphic နဲ့တင်ဆော့ပျော်တာပါ။

- အခုထိ Creative Mod က မရသေးပေမယ့် Survival နဲ့တင် မဆိုးပါဘူး။ 

အဲဒါကြောင့် Admin ကတော့ မဆော့ဖူးသေးတဲ့သူတွေဆိုရင် တကယ်ကို Recommend ပေးတယ်။ Size လည်းနည်းတော့ Data သမားတွေလည်း စိတ်ပူစရာမလိုတော့ဘူး။

Game Information

Android version 4 . 4 +
Developer Candy Room Games & RabbitCo
Network Offline
Price Free
App version 1.1.4
Release date November 1, 2021

Download Link

Type Size Link

Playstore

44 MB

Download

Apkcombo

 

44 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 8 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES