Where's Samantha
°. 2022 ရဲ့ Game သစ်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အတော်ကို
စိတ်ဝင်စားစရာကောင်းတာပါ။ ဒီ Game မှာဆိုရင် အရမ်းချစ်ကြတဲ့ George နဲ့ Samantha
အတွဲကို တွေ့မြင်ရမှာဖြစ်ပြီး ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခုကြောင့် Samantha လေးဟာ
အဝေးကို ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒါကြောင့် George လေးက Samantha လေးကို
လိုက်ရှာဖို့တွက် ခရီးဆက်ရင်းကနေ သူ့ဆီကို ရောက်လာတဲ့ ထူးဆန်းတဲ့
အသံတစ်ခုကြောင့်တင်မကဘဲ Quantum Reality ရဲ့ အဖြစ်ပျက်တွေကြောင့်ပါ တစ်စတစ်စနဲ့
ပိုစိတ်ဝင်စားစရာကောင်းအောင် ဒီ Game လေးက သင့်ကို ဆွဲဆောင်သွားမှာပါ။
[- Review -]
Game က တကယ်ပျင်းစရာမကောင်းဘူ။ 2D World ကို hand-drawn နဲ့ဆွဲထားတာမလို့
အရမ်းသဘောကျစရာကောင်းတယ်။ Platform Game လေးဆိုပေမယ့် Adventure မလို့ Story
လေးနဲ့ပါ ဆက်ကစားရမှာပါ။ ထူးခြားတာက ဒီ Game မှာ ဇာတ်လမ်းကိုဖတ်ပြပေးမယ့်
Narrator ပါပါတယ်။ ဆိုလိုခြင်တာက ဇာတ်လမ်းက Mystery ဆန်သလို Twist ပါ
ရှိလာနိုင်တယ် ။
Gameplay ကလည်း ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ Skill အပိုတွေပါလာသလို Level Design
ကလည်း တဖြည်းဖြည်း နက်နဲ့လာတာမလို့ အတော်သဘောကျစရာကောင်းတယ်။ အကြိုက်ဆုံးကတော့
သူက Coin တွေမဟုတ်ဘဲ Map ထဲမှာ စာလုံးလေးတွေ ပေးထားတာပါ။ သတ်မှတ်ထားတဲ့ Level မှာ
အဲဒီစာလုံးလေးတွေ ပြည့်အောင် မယူနိုင်ခဲ့ဘူးဆိုရင် Narrator က ဇာတ်လမ်းကို
ဖတ်မပြပါဘူး။ တကယ်စိတ်ဝင်စားစရာကောင်းတာနော်။
ဆော့သင့်မဆော့သင့်ကို ပြောရရင်
1. ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်။
2. Gameplay ကလည်း မခက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းတယ်။
3. Narrator ရဲ့ Voice ကလည်း ပုံပြင်နားထောင်နေရသလို ဆွဲဆောင်မှုရှိတယ်။
အဲဒါကြောင့် Adventure လုပ်ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမယ့် Game
ကောင်းလေးတစ်ခုလို့ Admin ကတော့ အကြံပေးတယ်။
| Android version | 7 . 1 + |
| Developer | ROKiT |
| Network | Offline |
| Price | Free |
| App version | 1.0 |
| Release date | January 3, 2022 |
Download Link
| Type | Size | Link |
|
Playstore |
412 MB |
Download |
|
Google Drive
|
397 MB ( Apk Only ) |
Download |
|
Apple iOS |
455 MB |
Download |
⭐ ( HELLO Rating = 7 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...







