Where's Samantha
°. 2022 ရဲ့ Game သစ်လေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အတော်ကို
စိတ်ဝင်စားစရာကောင်းတာပါ။ ဒီ Game မှာဆိုရင် အရမ်းချစ်ကြတဲ့ George နဲ့ Samantha
အတွဲကို တွေ့မြင်ရမှာဖြစ်ပြီး ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခုကြောင့် Samantha လေးဟာ
အဝေးကို ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒါကြောင့် George လေးက Samantha လေးကို
လိုက်ရှာဖို့တွက် ခရီးဆက်ရင်းကနေ သူ့ဆီကို ရောက်လာတဲ့ ထူးဆန်းတဲ့
အသံတစ်ခုကြောင့်တင်မကဘဲ Quantum Reality ရဲ့ အဖြစ်ပျက်တွေကြောင့်ပါ တစ်စတစ်စနဲ့
ပိုစိတ်ဝင်စားစရာကောင်းအောင် ဒီ Game လေးက သင့်ကို ဆွဲဆောင်သွားမှာပါ။
[- Review -]
Game က တကယ်ပျင်းစရာမကောင်းဘူ။ 2D World ကို hand-drawn နဲ့ဆွဲထားတာမလို့
အရမ်းသဘောကျစရာကောင်းတယ်။ Platform Game လေးဆိုပေမယ့် Adventure မလို့ Story
လေးနဲ့ပါ ဆက်ကစားရမှာပါ။ ထူးခြားတာက ဒီ Game မှာ ဇာတ်လမ်းကိုဖတ်ပြပေးမယ့်
Narrator ပါပါတယ်။ ဆိုလိုခြင်တာက ဇာတ်လမ်းက Mystery ဆန်သလို Twist ပါ
ရှိလာနိုင်တယ် ။
Gameplay ကလည်း ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ Skill အပိုတွေပါလာသလို Level Design
ကလည်း တဖြည်းဖြည်း နက်နဲ့လာတာမလို့ အတော်သဘောကျစရာကောင်းတယ်။ အကြိုက်ဆုံးကတော့
သူက Coin တွေမဟုတ်ဘဲ Map ထဲမှာ စာလုံးလေးတွေ ပေးထားတာပါ။ သတ်မှတ်ထားတဲ့ Level မှာ
အဲဒီစာလုံးလေးတွေ ပြည့်အောင် မယူနိုင်ခဲ့ဘူးဆိုရင် Narrator က ဇာတ်လမ်းကို
ဖတ်မပြပါဘူး။ တကယ်စိတ်ဝင်စားစရာကောင်းတာနော်။
ဆော့သင့်မဆော့သင့်ကို ပြောရရင်
1. ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်။
2. Gameplay ကလည်း မခက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းတယ်။
3. Narrator ရဲ့ Voice ကလည်း ပုံပြင်နားထောင်နေရသလို ဆွဲဆောင်မှုရှိတယ်။
အဲဒါကြောင့် Adventure လုပ်ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမယ့် Game
ကောင်းလေးတစ်ခုလို့ Admin ကတော့ အကြံပေးတယ်။
Comments