World War 2 Reborn

° 2022 ရဲ့ အသစ်စက်စက် Shooter Game ကောင်းလေးတစ်ခုဖြစ်ပြီး Indie Developer တစ်ဦးကနေ လက်စွမ်းပြထားတာမလို့ အတော်သဘောကျစရာကောင်းပါတယ်။ Game က Size နည်းနည်းလေးနဲ့ တကယ်ကို Features အစုံထည့်ပေးထားပြီး Online ကော Offline ပါ ကစားလို့ရတာကြောင့် အရမ်းကို သဘောကျစေမှာပါ။ Graphic အသင့်တင့်နဲ့ ဒုတိယကမ္ဘာစစ်ကို အခြေခံထားပြီး Weapon တွေကစ အတော်များများ ထည့်ပေးထားတဲ့အပြင် Competition ဆန်တဲ့ Gameplay Mode တွေပါ အများစုပါဝင်တာကြောင့် FPS သဘောကျတဲ့သူတွေတွက် လုံးဝကို လက်မလွတ်သင့်တဲ့ Game ကောင်းတစ်ခုပါ။ 
[- Review -]

Game က တော်တော်လေး အထင်ကြီးစရာကောင်းတယ်ပြောရမယ်။ Size နည်းနည်းလေးနဲ့ တကယ်ကို စုံအောင်ထည့်ပေးထားတာ။ Lobby ဒီဇိုင်းလည်း မိုက်သလို ၊ Weapon တွေကစ Skin ဘာညာ အလှဆင်လို့ရသေးတော့ မဆိုးဘူးပြောရမယ်။ နောက်ပြီး Graphic က တအား ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပေမယ့် Gameplay ကတော့ အတော်ဆော့ရတာ ပေါ့တယ်။
ဆော့လို့ရတဲ့ Mode တွေက Death Match , Free For All, Capture Of Flag, Battle Royale နဲ့ Gun Race ဆိုပြီး တော်တော်ကြီးကို Size နဲ့မလိုက်အောင် အစုံထည့်ပေးထားတာပါ။ အဲဟာတွေက Level အလိုက် Unlock ဖြစ်မှာ ဖြစ်ပြီး Offline တင်မကဘဲ Online နဲ့ပါ Multiplayer ဝင်ဆော့လို့ရပါတယ်။ ပြောရရင် offline ဦးစားပေးထားလို့ တော်တော်လေး သဘောကျမိတယ်။ 
နောက်ပြီး Gameplay က ချာသွားလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ တကယ် Gun Weight ပေါ်မူတည်ပြီး လျောထိုးတာတွေကစ လုပ်ဆောင်လို့ရပြီး Reloading Animation တွေကစ Gun တိုင်းမတူအောင် သေချာ ထည့်ပေးထားတာ။ နောက်ပြီး Background Sound တွေက Copyright ငြိနိုင်ပေမယ့် ဒီ Developer က Game ကို ပိုအသက်ဝင်အောင် အတော်ပြင်ဆင်ထားတယ်လို့ပြောရမယ်။ 
နည်းနည်းအားမရတဲ့ အပိုင်းလေးတွေက Bug လေးတွေ နည်းနည်းပါးပါးရှိနေသေးပြီး fps support တာ နည်းနေတာပါ။ ပြီးတော့ Texture Resolution ကောပေါ့။ ဒါကလည်း Size နဲ့ ယှဉ်ရင်တော့ လက်ခံလို့ရတဲ့ အနေထားမှာရှိတာကြောင့် Admin ကတော့ သဘောကျတယ်။ 
အတိုချုံ့ ( ဆော့သင့်မဆော့သင့် အဓိကချက်များ )

(1) Size နည်းနည်းလေးနဲ့ Feature စုံတာကြောင့် Data သမားတွေတွက် ရွေးချယ်သင့်တယ်။ 

(2) Graphic အားနည်းတာကလွဲရင် Gameplay က တကယ်သွက်သွက်လက်လက်နဲ့ ဆော့ရအဆင်ပြေတယ်။

(3) Offline Shooter သမားတွေတွက် လုံးဝကိုအဆင်ပြေတယ်။

အဲဒါကြောင့် Admin ကတော့ ဆော့ကြည့်ကြဖို့ရာ အကြံပေးတယ်။ offline ဆိုတော့ Data လည်း မကုန်ဘူး။ Size ကလည်း နည်းတော့ Download ဆွဲရတာလည်း သက်သာတယ်။ နောက်ပြီး Normal နဲ့ ဆော့ရင် ပို Challenge ဖြစ်တာကြောင့် Mod တွေနဲ့ မဆော့ကြဖို့ရာ မှာခြင်တယ်။

Game Information

Android version 6 . 0 +
Developer World War 2 Reborn
Network Offline/Online
Price Free
App version 1.1.1
Release date January 3, 2022

Download Link

Type Size Link

Playstore

156 MB

Download

Apkcombo

 

156 MB

( Apk Only )

Download

Apple iOS

455 MB

Coming Soon
 

⭐ ( HELLO Rating = 7.8 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES