Bladed Fury

° PC နဲ့ Console ကနေ ဆင်းလာတဲ့ Rating ကောင်း Game တစ်ခုဖြစ်ပြီး Mobile တွက်ပါ Premium Game အနေနဲ့ ထွက်လာတာပါ။ 2D Action Game တစ်ခုဖြစ်တာနဲ့ အညီ Story ကစ Mythology ကို အခြေခံထားတာကြောင့် ဇာတ်လမ်းသွားကောင်းကောင်းဆော့ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ညီမနှစ်ယောက်ရဲ့ ဒဏ္ဍာရီပုံစံမျိုးကို တွေ့ရမှာပါ။ အကြီးမနဲ့ ထိန်းမြားမယ့်သူရဲ့ ကောက်ကျစ်လွန်းတဲ့ အကြံစည်တွေကြောင့် အငယ်မလေးဟာ ဖခင်ဖြစ်သူကို သတ်မိသလိုဖြစ်သွားခဲ့ရင်းကနေ ဝရမ်းပြေးဖြစ်ခဲ့ပြီး အစ်မဖြစ်သူကို ပြန်ကယ်ဖို့နဲ့ နောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို့တွက် သူမကိုယ်တိုင် ကြိုးစားရမှာပါ။ ဒါ့အပြင် အငယ်မလေးဟာ နတ်ဘုရားသွေးပါဝင်တာကြောင့် ဘယ်လောက်ထိ Powerful ဖြစ်မလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲဆော့ကြည့်လိုက်တော့နော်။ 
[- Review -]

Story 

ညီအစ်မနှစ်ယောက်လုံးက ဧကရာဇ်ရဲ့သမီးတွေဖြစ်ပြီး အကြီးမကတော့ စိတ်ထဲကမပါပေမယ့် မလွန်ဆန်နိုင်တဲ့ ထုံးတမ်းအစဉ်လာတွေကြောင့် ဖခမည်းတော် သဘောအတိုင်း မိမိ မချစ်မနှစ်သက်တဲ့သူကို ထိန်းမြှားရတော့မှာပါ။ အဲဒါ‌ကို အငယ်မလေးက ဖခင်မည်းတော်ကို စိတ်တိုနေတာဖြစ်ပြီး တစ်နေ့ ဖခင်ဖြစ်သူ နာမကျန်းဖြစ်နေချိန်မှာ မတွေ့ခြင်တဲ့အဆုံး သွားတွေ့ခဲ့ရပါတယ်။ ထင်မှတ်မထားတာက ဖခမည်းတော်ဟာ နတ်ဆိုးရဲ့ ဝင်ပူးခြင်းကို ခံခဲ့ရပြီး အသွင်ပြောင်းကာ သမီးအရင်းဖြစ်တဲ့ အငယ်မလေးကို သတ်ဖို့ ကြိုးစားပါတယ်။ အငယ်မလေးဟာ ပြန်လည်ခုခံရင်းကနေ နောက်ဆုံး သတ်မိသွားတဲ့အချိန်မှာတော့ ဖခမည်းတော်ဖြစ်နေခဲ့တာကို ထိတ်လန့်စွာနဲ့ တွေ့ခဲ့ရတာပါ။ 
နတ်ဆိုးရဲ့ လှည့်စားမှုတစ်ခုဖြစ်ပြီး အခုလိုတွေ ဖြစ်အောင် ကြံစည်ခဲ့တာကတော့ အစ်မကြီးဆုံးနဲ့ လက်ထပ်မယ့် Tian ဆိုတာ သူမကိုယ်တိုင် ရိပ်မိနေခဲ့ပါတယ်။ နောက်ဆုံး အစ်မဖြစ်သူကို သွားတွေ့ပြီး ဒီကနေ ထွက်ပြေးကြဖို့ ကြိုးစားခဲ့ပေမယ့် အစ်မဖြစ်သူဟာ သူ့ညီမလေး လွတ်အောင်သာ အဖမ်းဆီးခံခဲ့ပါတယ်။ Tian ဟာ ဧကရာဇ်အရာကို အာဏာလုခြင်တာဖြစ်ပြီး အကြီးမကိုပါ မတရားနည်းနဲ့ ကိုယ်လုပ်တော်အဆင့်မှာသာထားပြီး နိပ်စက်ခဲ့တာပါ။ အငယ်မလေးကတော့ လွတ်မြောက်သွားခဲ့ပေမယ့် Tian ရဲ့ ပိရိတဲ့ အကြံစည်တွေကြောင့် သူမဟာ ဖခင်ကိုပြန်သတ်တဲ့ တရားခံ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Tian ဟာ ဧကရာဇ် နတ်ရွာစံတာကို မကြေငြာဘဲ နန်းတွင်းထဲမှာတင် ပိပိရိရိနဲ့ လည့်စားထားတာပါ။ 
အငယ်မလေးတွက် အစ်မဖြစ်သူကလွဲပြီး ယုံကြည်ရမယ့်သူ မရှိတဲ့အဆုံး နတ်ကြီးတဲ့ တောအုပ်ကြီးစီကို ထွက်ပြေးခဲ့ပါတယ်။ Tian ရဲ့ လူတွေဟာလည်း အငယ်မလေးကို သတ်ဖို့ ဆက်မလိုက်ရဲတော့ဘဲ သေချာစောင့်ကြည့်နေခဲ့တာပါ။ ထူးခြားတာက အသက်လုပြီးထွက်ပြေးလာရတဲ့ အငယ်မလေးဟာ ဒဏ်ရာထဲက သွေးစက်တွေ မြေပြင်ပေါ် ကျသွားတဲ့ အချိန်မှာတော့ မြင့်မြတ်တဲ့သူတစ်ယောက်ဟာ ကိုယ်ထင်ပြခဲ့ပါတယ်။ အဲအချိန်မှာ သူမဟာ နတ်ဘုရားသွေးရောနောနေတာကို သိခဲ့ရပြီး ငယ်ငယ်ကတည်းက အတူရှိနေတဲ့ ဓားဟာလည်း သူမတွက် ထူးခြားနေတာကို သိခဲ့ရတာပါ။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ အားနည်းနေသေးတာကြောင့် အငယ်မလေးဟာ ဘယ်လို ခရီးကြမ်းတွေကို ကျော်ဖြတ်ရင်း နတ်ဆိုးတွေနဲ့ ပတ်သတ်နေတဲ့ Tian ကို ဘယ်လို လက်စားချေမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီတော့ သူ့အစ်မကိုကော ကယ်တင်နိုင်ပါ့မလား ?
Gameplay

2D ကိုမှ Hack and Slash ပုံစံ ကစားရမှာဖြစ်ပြီး Soul တွေစုရင်း စွမ်းအင်အသစ်တွေ ၊ တိုက်ကွက် အသစ်တွေကို ပိုင်ဆိုင်ခွင့်ရမှာပါ။ Boss Level တွေဟာ Challenge ဖြစ်သလို Counter Defense တွေ ၊ Light / Heavy Weapons တွေကစ ချရတာ အတော်မိုက်တယ်ပြောရမယ်။ Visual Effects နဲ့ Background Art တွေ Sound‌ေတွကစ အတော်လေး အသက်ဝင်တာကြောင့် Mobile Player တွေတွက်တော့ တကယ်အချိန်ဖြုန်းလို့ကောင်းမယ့် Game တစ်ခုပါ။ 
Personal ( About Game )

ဒီ Game ကို 2018 ခုနှစ်မှာ PC Platform တွက် အရင်ထုတ်ပေးခဲ့ပြီး Chinese Studio ဖြစ်တဲ့ Next Studios ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာပါ။ ဒါအပြင် In Game ဒီဇိုင်းတွေကစ Chinese ရဲ့ Mythology နဲ့ Traditional Art ကိုဘဲ အသွင်ယူထားတဲ့ Game တစ်ခုပါ။

ဒါပေမယ့် အခု Mobile Platform ပေါ်ကိုတော့ USA ရဲ့ LA အခြေစိုက် PM Studios ကနေ တာဝန်ယူ ဖန်တီးဖြန့်ချီပေးခဲ့တာဖြစ်ပြီး Mobile တွက် $4.99 နဲ့အတူ Premium Game ဖြစ်တာနဲ့ Android ကော iOS မှာပါ ယူဆောင်လာပေးခဲ့တာပါ။ 
အတိုချုံ့ ( ဆော့သင့်မဆော့သင့် အဓိကချက်များ )

  • - Storyline က အတော်သဘောကျစရာကောင်းတယ်

  • - ဆော့ရတာ ပေါ့ပေါ့ပါးပါးနဲ့ Hack and Slash ဆိုတော့ တွယ်ရတာ မဆိုးဘူးပြောရမယ်။

  • - PC နဲ့ Console ကနေ ဆင်းလာတဲ့ Game ဆိုတော့ Mobile Player တွေတွက်တော့ သဘောကျစရာပါ။ 

Size နည်းနည်းများပေမယ့် Story နဲ့ ကစားရမှာဆိုတော့ Data သမားတွေတွက် အကြိုက်တူရင် ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။

Game Information

Android version 6 . 0 +
Developer PM Studios
Network Offline
Price R$ 27.99
App version 1.0.0
Release date February 16, 2022

Download Link

Type Size Link

Playstore

1 GB

R$27.99

Mediafire

[ Paid ]

872 MB

( Apk )

Download

MEGA

[ Paid ]

872 MB

( Apk )

Download

Apple iOS

1.8 GB

$4.99
 

⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Related Posts

  • Prepare For Impact ° နိုင်ငံခြားကို လေယာဉ်နဲ့သွားမယ့်အဖွဲ့ကော ၊ သွားဖို့ စိတ်ကူးရင်း ကျန်နေခဲ့တဲ့ အဖွဲ့ပါ  ဒီဂိမ်းလေးကို ဗဟုသုတအနေနဲ့ ကစားထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် လေယာဉ်စီးတဲ့အခါမ… Read More
  • Viva Project 2 ° သင့်မှာ ရည်းစားမရှိဘူးလား ? ရှိတဲ့ ရည်းစားကကော ကိုယ့်စကားကို နားထောင်ရဲ့လား ? ဒါမှမဟုတ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အနေနဲ့ ဘဝမှာ တစ်ခါလောက် ကြုံဖူးချင်ပါတယ်… Read More
  • Old Man's Journey ° ဘဝမှာ အရေးပါဆုံးနဲ့ အဖြစ်ချင်ဆုံးအရာကို နှိုင်းယှဉ်ပြထားတဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ခံစားချက်တိုင်းဟာ ဆန္ဒတွေပြည့်ဝဖို့တွက် တစ်စုံတစ်ရာကို စွန့်လွတ်ရစမြဲဆို… Read More
  • Death Worm Deluxe ° ဂိမ်းအများစုဟာ အမြဲတမ်း လူကောင်းတွေနေရာကနေဘဲ ကစားနေရတော့ တစ်ခါတလေ မကောင်းတဲ့ဘက်ကနေ ကစားချင်တဲ့ အတွေးမျိုးလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် လူတွေကို မုန်းလာတာဘဲဖြစ်ဖ… Read More
  • ATTS 2 ° အသစ်ထွက်လာတဲ့ ဒီ Game က Admin ကိုတောင် အတော်လေး ဆွဲဆောင်မှုပေးခဲ့ပြီး Tom Clancy လို Vibe မျိုးကိုတောင် ခံစားရစေတာပါ။ Mobile တွက် PC နဲ့ Consoles ကနေ ဆင်းလာတဲ့ … Read More

Comments

လူကြည့်အများဆုံး GAMES