Legendary Football

° Mobile Player တွေတွက် Suprise တိုက်ခံလိုက်ရတဲ့ Football Game သစ် တစ်ခုဖြစ်ပြီး Singapore အခြေစိုက် Studio Vega ကနေ Test အနေနဲ့ 10 ရက်တိတိ Android User တွေတွက် ကစားခွင့်‌ ပေးလိုက်တာပါ။ Mobile ရဲ့ Football Game တွေကြားမှာ Next-Generation Graphic အပြင် Career Mode နဲ့ပါ အပီပြင် ဝင်လာတာကြောင့် Football Fan တွေတွက် တကယ်ကို စိတ်ဝင်စားစရာကောင်းတာပါ။ FIFA Pro လိုင်စင်ရထားတာ‌ကြောင့် ကစားသမားအစစ်တွေအပြင် Dortmund နဲ့ Manchester City လို Team ကြီးတွေပါ တရားဝင်ထည့်‌ပေးထားသေးတာပါ။ Test အနေနဲ့မလို့ အားနည်းချက်တွေရှိနေသေးပေမယ့်လည်း Mobile ရဲ့ Football Game တွေကြားမှာ‌‌တော့ စိတ်ဝင်စားစရာကောင်းလာပါပြီ။ 

[- Review -]

( Mode )

ဒီ Game ထဲမှာ အကြမ်းဆုံးကတော့ Career Mode ကြီး ပါလာတာပါ။ Career Mode မှာဆိုရင် ကိုယ့်ရဲ့ Own Team နဲ့ League ပွဲစဉ်အများစုကို Full Time ဝင်ကန်ရမှာဖြစ်ပြီး The Champions league နဲ့ Golden Cup တွေပါ တွေ့မြင်ရအုံးမှာပါ။ အသင်းအများစုက Official Logos တွေမပါပေမယ့် လူစာရင်းတွေကတော့ အပြင်ကအတိုင်း Career Mode မှာ ကစားခွင့်ရမှာပါ။ 
ကျန်တာတွေကတော့ Real Time Match ဖြစ်တဲ့ PvP အပြင် Ranking နဲ့ Casual Mode တွေပါ ကစားလို့ရပါတယ်။ ဒါအပြင် Live Event လို Mode လေးတွေပါ ပေါ့ပေါ့ပါးပါး ထည့်ပေးထား‌သေးတာပါ။ Career Mode မှာက Goals ပြတ်ရင် Skip လုပ်လို့ရတာကြောင့် မဆိုးဘူးလို့ ပြောလို့ရတယ်။
( Team Setting )

ဒီ Game မှာ မိုက်တာက Logo နဲ့ Kits Customize အပြင် Stadium တွေကစ မြက်ခင်း‌ပြင်တွေထိ စိတ်ကြိုက်ပြင်လို့ရတာပါ။ ပိုမိုက်တာက ကိုယ့်ရဲ့ Team Jerseys မှာ တပ်မယ့် Sponsors Logo ပေါ်မူတည်ပြီးလည်း Bonus Rewards တွေရပါသေးတယ်။ 
Agent အနေနဲ့ ကစားသမားကောင်းတွေကို တိုက်ရိုက်ကံစမ်းလို့ရသလို Scout Features ကပါ ဒီ Game မှာ အတော်လေးမိုက်ပါတယ်။ ဘာလို့ဆို ကစားသမားတွေကို Strategy ဆန်ဆန် Cards တွေ ပေါင်းပြီး ရှာဖွေလို့ရတာကြောင့်ပါ။ ကျန်တာကတော့ Exchange Market မလို့ သိပ်ပြောစရာမရှိပါဘူး။
နောက် ကစားသမားတွေကို Upgrade လုပ်ပေးလို့ရပြီး Team Management နဲ့ Formation တွေကစ Cards အလိုက် အသုံးပြုလို့ရတာမျိုး လုပ်ပေးထားတာပါ။ လောလောဆယ် Test မလို့ တစ်ချို့ Features တွေကတော့ မပါသေးဘူး။
( Graphic )

Game ရဲ့ Graphic က အတော်လေး ကြည့်ကောင်းသလို Ultra ထိဆိုရင် တကယ်ကို Quality ကောင်းတဲ့ ပုံရိပ်တွေနဲ့အတူ ကစားလို့ရမှာပါ။ ချွေးပေါက်တွေ ၊ Lighting တွေအပြင် ဂျာစီအဝတ်တွေကစ အသက်ဝင်နေတာမလို့ တကယ်မိုက်တယ်။ပြောရရင် အိင်္ကျီတွန့်တာတွေကစ မတူတာကို သတိထားမိတယ်။ UI တွေကစ အကုန်သဘောကျပေမယ့် Goal တဲ့အခါ ပြတဲ့ ဒီဇိုင်းကြီးတော့ သိပ်သဘောမတွေ့ဘူး။ 
Graphic ပိုင်းကောင်းရုံတင်မဟုတ်ဘဲ Football Physics ကစ မဆိုးဘူးလို့ ပြောလို့ရပြီး Movement တွေကစ သဘောကျမိတယ်။ Test မလို့ Bug လေးတွေ တွေ့ပေမယ့် ကန်ရတာကတော့ အားရမိတယ်။ 
နောက်ပြီး ဒီ Game မှာ မိုက်တာက ပွဲပြီးချိန် Highlights တွေမှာ Free Camera အနေနဲ့ ကစားသမားတွေကို 360° ထိ လှည့်ကြည့်လို့ရတာကိုတော့ အတော်လေး သဘောကျမိတယ်။ 
( Setting )

Setting နဲ့ ပတ်သတ်ရင်လည်း Graphic Option အပြင် fps ကစ ချိန်ပေးလို့ရပြီး Camera Views တွေကစ Dynamic အနီးဝေးတွေထိ ချိန်လို့ရတာပါ။ နောက် Control ကစ 3 or 4 button ထိ စိတ်ကြိုက်ရွေးချယ်လို့ ရပါသေးတယ် ။ နောက်ခံစကားပြော ပိုင်းမှာကတော့ လောလောတယ် English တစ်ခုတည်းသာ ရအုံးမှာပါ။ 
အတိုချုံ့ 

  • - Graphic အတော်လေးကောင်းသလို Gameplay ကစ မဆိုးဘူးလို့ ပြောလို့ရတယ် ။

  • - Career Mode အနေနဲ့ League‌ ပွဲစဉ်တွေပါ ကန်လို့ရတယ်။ 

  • - Replay တွေမှာ Free Camera ပါတာကြောင့် ကစားသမားတွေကို အနီးဝေး ပတ်ပတ်လည်လည်း ကြည့်လို့ရတယ်။ 
( Personal )

Test မလို့လားမသိပေမယ့် Skill movement ကိုတော့ မတွေ့မိသလိုဘဲ။
ပြီးတော့ Goal ရင် ပြတဲ့ ဒီဇိုင်းကြီးက နည်းနည်းလေး cool မဖြစ်သလို ခံစားရတယ်။ 
နောက်ခံစကားပြောကိုလည်း ဒီထက် ပိုကောင်းပြီး အသက်ဝင်စေခြင်တယ် ။ 
ကန်ရတာတွေ အားရပေမယ့် ဂိုးပိုက်က နံရံလိုမျိုး တစ်ခါ‌လေ ပြန်ပြန်ကန် ထွက်လာတော့ Realistic မဖြစ်သလိုဘဲ ။ 
Players တွေက ကန်နေတုန်းကော ၊ အောင်ပွဲခံတဲ့အချိန်ကော ကြည့်ကောင်းပေမယ့် Free Camera မှာ အနီးကပ်ကြည့်ရင်တော့ တော်တော်လေး လွဲနေတာ တွေ့ရတယ်။ ပြီးတော့ လူထပ်တာတွေ များတယ်။
ကွင်းလယ်နဲ့ စည်းကြပ်ဒိုင်မပါသလို Cut Scene လည်း အခု Test မှာ များများစားစားမတွေ့ရသေးဘူး။
( Test မလို့ ဒါတွေက Final Version မှာ ဖြစ်ခြင်မှ ဖြစ်မှာပါ။ တကယ်ကို စထွက်ကတည်းက လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း Developer အသစ်ဖြစ်သလို အတော်လေး ပြင်ဆင်ထားတာကြောင့် အားရမိတယ်။ )

Game Information

Android version 7 . 0 +
Developer Studio Vega Private Limited
Network Online
Price Free
App version 1.5.2
Release date Test

Download Link

Type Size Link

Playstore

789 MB

Download

Apkcombo

 

789 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 7.8 / 10 ) ⭐


#HELLOYDB

Related Posts

  • Legendary Football ° Mobile Player တွေတွက် Suprise တိုက်ခံလိုက်ရတဲ့ Football Game သစ် တစ်ခုဖြစ်ပြီး Singapore အခြေစိုက် Studio Vega ကနေ Test အနေနဲ့ 10 ရက်တိတိ Android User တွေတွက် က… Read More
  • Retro Commander ° Early Access အနေနဲ့ အသစ်ထွက်လာတဲ့ ဒီ Game လေးက ရေနံ Game နဲ့ General တို့လို Strategy ပုံစံမျိုးတွေ သဘောကျရင်တော့ အကြိုက်တွေ့စေမယ့် Game ကောင်းလေးတစ်ခုပါ။ USA အ… Read More
  • Battlefield Mobile ( Second Beta ) ° ဒုတိယအကြိမ်မြောက် Close Beta အနေနဲ့ ထွက်လာတဲ့ Battlefield Mobile ဟာ India နဲ့ Thailand Region တွေမှာ ကစားလို့ရနေပြီဖြစ်ပြီး အရင် Beta ကထက် Graphic Optimization … Read More
  • Desert Nomad x Raft Survival ( Early Access )° ဒီနေ့ Early Access အနေနဲ့ ထွက်လာတဲ့ Game သစ်လေးကတော့ Mobile မှာ လူကြိုက်အများဆုံး Survival Game တစ်ခုဖြစ်တဲ့ Raft Survival Ocean Nomad ကို ဖန်တီးပေးထားတဲ့ TREASTONE LT… Read More
  • Magic Vs Metal ° အခုမှ Early Access အဆင့်သာ ရှိသေးတာဖြစ်ပြီး လူသိများတဲ့ Developer ဖြစ်တဲ့ Foursaken Media ကနေ ဖန်တီးပေးထားတာမလို့ Graphic ပိုင်းမှာ အတော်ကြီးကို ကြမ်းတာ သေချာပါ… Read More

Comments

လူကြည့်အများဆုံး GAMES