The Complex

° Admin ကိုယ်တိုင် အရမ်းဆော့ခြင်နေတဲ့ Game တစ်ခုဖြစ်ပြီး FMV အမျိုးစားမလို့ Movie ဇာတ်လမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ရဲ့ ရွေးချယ်မှုအတိုင်း အဖြစ်ပျက်တွေဟာ ပြောင်းလဲသွားမှာဖြစ်ပြီး ဇာတ်သိမ်းအနေနဲ့ Ending 9 မျိူးထိတောင် ပါဝင်တာပါ။ ဒီ Game မှာဆိုရင် သင်ဟာ ဒေါက်တာမလေးဖြစ်တဲ့ Amy Tenent နေရာကနေ ပါဝင်ရမှာဖြစ်ပြီး Nanocell နည်းပညာကို တီထွင်ခဲ့တဲ့သူတစ်ယောက် အနေနဲ့တွေ့မြင်ရမှာပါ။ Nanocell ဟာ stem cells ကိုမှ Nano Bots တွေနဲ့ ပေါင်းစပ်ပေးထားတဲ့ နည်းပညာတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ဒဏ်ရာ ရရှိနေတဲ့အပိုင်းတွေကို ကုသပေးနိုင်တဲ့ Medical Cells နည်းပညာတစ်ခုပါ။
° ဒါပေမယ့် Amy ဟာ လူတွေကို ကုသဖို့တွက် ရည်ရွယ်ထားပေမယ့် မထင်ထားတဲ့နောက်ကွယ်က ယုတ်မာမှုတွေကြောင့် သူမရဲ့ ဖန်တီးမှုတွေဟာ လူသတ်လက်နက်အဖြစ်ပြောင်းလဲသွားမလားဆိုတာကိုတော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ တကယ် ကိုယ့်ရဲ့ Personality အတိုင်း ဇာတ်သိမ်းကို တွေ့မြင်ရမှာမလို့ ဆေးပညာတွေရဲ့ နောက်ကွယ်က ပေးဆပ်မှုတွေတိုင်းကို Sci-Fi Thriller ဆန်ဆန် ခံစားစေရမယ့် Game ကောင်းတစ်ခုပါ။ PC နဲ့ Console တွေမှာပါ ထွက်ရှိထားတာဖြစ်ပြီး Premium Game ကောင်းတစ်ခုမလို့ Rating ကောင်းတွေပါ အများကြီး ရရှိထားတဲ့ FMV Game ကောင်းတစ်ခုပါ။
( About Game )

စထွက်တုန်းက Premium အနေနဲ့ ပေးဝယ်ရမယ့် Game တစ်ခုဖြစ်ခဲ့ပေမယ့် အခု Update မှာတော့ Premium ကနေ Freemium အဖြစ်နဲ့ In Game Purchased ပုံစံ ချပေးလိုက်တာပါ။ ဒါ့အပြင် Ending တစ်ပိုင်းပါ ပိုလာခဲ့ပြီး အရင် 8 ခုကနေ အခု 9 ခုထိ ပါဝင်လာခဲ့တာပါ။ ဒီတော့ Game က Admin အတွက်တော့ ဝမ်းသာစရာလို့ပြောရမယ်။ စထွက်တုန်းက တင်ပေးခြင်ပေမယ့် Crack မရှိတဲ့အပြင် ရှိတဲ့ Crack version တွေပါ အဖျက်ချခံခဲ့ရတာပါ။ အခုကြတော့ မထင်မှတ်ဘဲ Freemium အဖြစ်ပြောင်းသွားတော့ အတော် ဝမ်းသာမိတယ်။
ဇာတ်လမ်းအစမှာဆိုရင် Kindar မှာရှိတဲ့ Chemical Attack လုပ်ခံရတဲ့ လူနှစ်ယောက်ကို ကယ်တင်ပေးရမှာဖြစ်ပြီး Decision တွေကစ အတော် စဉ်းစားရပါတယ်။ အဲဒီနောက်ပိုင်း 5 နှစ်အကြာမှာ ဒေါက်တာမလေးဖြစ်တဲ့ Amy ဟာ သူမရဲ့ Nanocell နည်းပညာကို လူအချို့စီမှာ မိတ်ဆက်ပေးခဲ့ပြီး လူသားအရင်းမြစ်တွေကို ကယ်တင်နိုင်ဖို့တွက် ထုတ်ပြခဲ့ပါတယ်။ Nanocell နည်းပညာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သွေးနဲ့ အရိုးတည်ဆောက်ပုံတွေကို Extra အနေနဲ့ ဆင့်ကဲပြောင်းလဲပေးနိုင်ပြီး Healing လုပ်နိုင်တဲ့ထိ Powerful ဖြစ်တာပါ။
လက်ရှိအချိန်ထိ တည်ဆောက်မှုအဆင့်မှာသာ ရှိသေးတာဖြစ်ပြီး Nanocell တွေကစ သူတို့ရဲ့ ဌာနမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ထိန်းသိမ်းထားတာပါ။ ဒါပေမယ့် မထင်မှတ်ဘဲနဲ့ အပြင်လူ‌ ကောင်မလေးတစ်ယောက်စီမှာ သူမရဲ့ Nanocell တွေကို တွေ့ရှိခဲ့ရပြီး Public မှာ ‌လူသိများတဲ့ထိ ပြောစရာဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီကောင်မလေးဟာ သေလား ရှင်လားဆိုတာပါ။ ဌာနအတွက်လည်း တာဝန်ကြီးသလို ဖန်တီးခဲ့တဲ့ Amy အတွက်ပါ အမှုပတ်လာတာကြောင့် ဒီ ကိစ္စဟာ ထင်ထားတာထက် ပိုဆိုးလာခဲ့ပါတယ်။
Nanocell တွေကို ဖန်တီးနိုင်ခဲ့ပေမယ့် ထိန်းချုပ်ဖို့ရာတွက်တော့ မဖန်တီးရသေးတာကြောင့် Amy အတွက်တော့ အတော်အကြပ်ရိုက်စေခဲ့တာပါ။ အဆိုးဆုံးကတော့ သူကလွဲပြီး အပြင်လူဝင်ခွင့်မရှိတဲ့နေရာက Nanocell တွေဟာ ဘယ်လိုလုပ်ပြီး သူစိမ်းလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသလဲဆိုတာ စဉ်းစားစရာဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း မထင်ထားတဲ့ ပါဝင်ပတ်သတ်မှုတွေပါ တွေ့မြင်ရအုံးမှာမလို့ အရမ်းစိတ်ဝင်စားစရာကောင်းတာပါ။ 
( Personal )

ဒီဇာတ်လမ်းက Decision လုပ်ရတာအတော်ကို ခဲခက်တာပါ။ Admin တွက်တော့ အတော်လေး သဘောကျမိပြီး တစ်ချို့ အပိုင်းတွေဆိုရင် တကယ် Amy လိုမျိုးထိ ခံစားမိတယ်။ အထူးသဖြင့် မထင်ထားတဲ့ Memories လေးက မင်မင်ကိုတောင် မျက်ရည်စို့သွားစေတာမျိုး။ တကယ်ပါ တစ်ချို့အရာတွေဟာ လူအများကြီးကို ကယ်တင်ဖို့ရာတွက်ဆိုတဲ့ Reason လေး တစ်ခုနဲ့ ရက်စက်နေတဲ့ အဖြစ်ပျက်တွေ ဒီလောကမှာ အများကြီးရှိနေတာပါ။ လူတွေကို ကယ်တင်ဖို့ရာတွက် ဖန်တီးနိုင်တာကောင်းပေမယ့် မသာမသူတွေရဲ့ လက်ထဲမှာ‌တော့ အရက်စက်ဆုံး လူသတ်လက်နက်တွေ ဖြစ်သွားနိုင်တယ်ဆိုတာကို သင်ခန်းစာရတယ်။
နောက်ဆုံး အပိုင်းတွေဆို တခြားသူတော့ မသိဘူး Admin တွက်တော့ အတော် ဆုံးဖြတ်ရခက်တယ်။ အထူးသဖြင့် နောက်ကွယ်က အမှန်တရားကို သိလိုက်ရတော့ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်းမသိအောင်ထိ လူပါ တွေဝေသွားတာ။ Amy နေရာက ဝင်ခံစားကြည့်ရင် ပိုသိနိုင်ပေမယ့် ဒါက Admin ရဲ့ Personality အရ Choice ‌ခဲ့တဲ့ ရွေးချယ်မှုတွေကြောင့် ပထမဆုံး Ending ရဲ့ Result ကို ကိုယ့်ရဲ့ Behavior လို့ ယုံကြည်မိတယ်။ ပြောခြင်တာက သင်ဟာ ဒီ Game ကို ပထမဆုံး စဆော့တဲ့သူဆိုရင် ပထမဆုံး Ending တွက် သင့်ရဲ့ စိတ်ထဲက ရွေးချယ်မှုအတိုင်း သံသရမဖြစ်ဘဲ ဆော့ကြည့်ပါ။ တကယ် သင့်ရဲ့ Behavior ကို Final Results မှာ ဖော်ပြပေးလိမ့်မယ်။
အတိုချုံ့ ( အဓိကအပိုင်း )

- ပထမဆုံး သတိပေးခြင်တာက အသက် 17+ တွေသာ ဆော့ကြဖို့ပါ။ Violence တွေ ၊ Dead Body တွေပါ ပါဝင်တာကြောင့် ကလေးတွေတွက် မြင်ဖို့ရာလုံးဝ မသင့်လျော်ပါဘူး။

- ဒီ ဇာတ်လမ်းက လူတွေကို ကယ်တင်ဖို့ရာကြိုးစားကြတဲ့ Sci-Fi နည်းပညာတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပုံဖော်ပေးထားတာပါ။ 

- တကယ်လို့ သင့်ရဲ့ ဖန်တီးမှုဟာ ကောင်းကျိုးကနေ ဆိုးကျိူးကို ဦးတည်နေတယ်ဆိုရင် သင့်အနေနဲ့ ဦးနှောက်နဲ့ ရွေးချယ်မလား ၊ လူသားခြင်းစာနာမှု ဒါမှမဟုတ် နှလုံးသားနဲ့ ရွေးချယ်မလားဆိုတာကို အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ 

- English Subtitles ပါတာကြောင့် ပိုနားလည်မှာဖြစ်ပြီး Dialog တိုင်းကို သေချာဖတ်ပြီးမှ Decision လုပ်ကြဖို့ အကြံပေးပါတယ်။ 

[ ဒီတော့ သင့်ရဲ့ Ending Results တွေက ဘာတွေဖြစ်မလဲဆိုတာ သင့်ရဲ့ အပြုမူပေါ်ဘဲ မူတည်တယ်နော် ( Good Luck ) ]

Game Information

Android version 5 . 0 +
Developer Wales Interactive
Network Offline
Price Free
App version 1.3
Release date November 19, 2021

Download Link

Type Size Link

Playstore

2 GB

Download

Mediafire

 

2 GB

( Apk Only )

Download

Apple iOS

2.1 GB

Download
 ( Playstore မှာ Free Download လုပ်ခွင့်ပေးလိုက်ပေမယ့် In Game မှာ ထပ်ပြီး Purchased လုပ်ရမှာပါ။ အဲဒါကြောင့် Android User များ ဒုတိယ Link ကနေ Download လုပ်ပေးပါ )

⭐ ( HELLO Rating = 8.5 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES