Battlefield Mobile ( Second Beta )

° ဒုတိယအကြိမ်မြောက် Close Beta အနေနဲ့ ထွက်လာတဲ့ Battlefield Mobile ဟာ India နဲ့ Thailand Region တွေမှာ ကစားလို့ရနေပြီဖြစ်ပြီး အရင် Beta ကထက် Graphic Optimization ပိုင်းမှာ အနည်းငယ် ပြင်ဆင်လာတာကို တွေ့ရပါတယ်။ ပြောရရင် အကြိုက်တွေ့အုံးမှာ မဟုတ်သေးပေမယ့်လည်း ဒါဟာ Final အဆင့်မဟုတ်သေးဘဲ Players တွေရဲ့ Feedback တွေကို ရယူနေတာကြောင့် ကောင်း မကောင်းဆိုတာက ဆုံးဖြတ်ဖို့ စောနေပါ‌သေးတယ်။ ဒါ့အပြင် EA ဘက်ကလည်း Core Mechanics ပိုင်းတွေကို ဦးစားပေးနေတာကြောင့် အနည်းနဲ့အများတော့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Mobile Player တွေတွက် အကြိုက်တွေ့ပါ့မလား ?

အရင်ဆုံးပြောရရင်တော့ Mobile Player တွေအနေနဲ့ ဒီ Battlefield Mobile ဟာ စမ်းကြည့်သင့်တဲ့ အရာတစ်ခုလို့ အကြံပေးပါတယ်။ ဘာလို့ဆို တကယ့် စစ်ပွဲတစ်ခုရဲ့ အရသာကိုပေးနိုင်မယ့် Sounds Effect တွေ ၊ Bullet Effect တွေကစ ရောမသွား‌စေဘဲ ညက်နေအောင် Detail ဖြစ်တာကြောင့် Earphones တွေနဲ့ ကစားဖို့ရာတောင် အကြံပေးခြင်တာပါ။ Battlefield ကို သဘောကျတဲ့ထဲမှာ Sounds နဲ့ Explosion Effect တွေကြောင့်‌လည်းပါပါတယ်။ 
နောက်တစ်ခုက တကယ်ကို Mobile မှာ မြင်တွေ့ရခဲတဲ့ full-scale destruction လို Features မျိုးတွေပါလာတာပါ။ ပုံမှန် Battlefield ဆော့ဖူးတဲ့သူတွေတွက် ဒါဟာ ရိုးနေပြီးသားဖြစ်ပေမယ့် Mobile ပေါ်ကို ခုမှ စဆော့မယ့်သူတွေတွက်ကတော့ ဒါက လုံးဝကို အတွေ့ကြုံသစ်တစ်ခုရစေမှာပါ။ ပုံမှန် Mobile မှာဆော့ဖူးနေကြ Shooter Game တွေဟာ များသောအားဖြင့် Car ပေါက်ကွဲတာတွေ၊ နံရံကို ပစ်လို့ ကျည်ရာထင်သွားတာတွေက ရင်းနှီးပြီးသားဖြစ်ပေမယ့် အခု Battlefield Mobile ထဲကလို အဆောက်အဦးကြီးတစ်ခုလုံးကို ဖြိုချလို့ ရလောက်တဲ့ထိ Destruction Feeling မျိူးကို ကြုံဖူးဖို့ဆိုတာက ခပ်ရှားရှားပါ။ လက်ပစ်ဗုံးတွေရဲ့ Damage Effect တွေဆို အတော်လေးသိသာပါတယ်။ 
ဒါ့အပြင် Player ပေါင်း 32 ယောက်ပါဝင်တဲ့ စစ်မြေပြင်ထက်မှာ Tank တွေကစ မောင်နှင်လို့ရသေးတာဖြစ်ပြီး စစ်သားတိုင်းရဲ့ မတူညီတဲ့ အားသာချက်တွေကစ Team Work ပုံစံနဲ့ အတော်ကိုကစားလို့ကောင်းတာပါ။ လောလောဆယ် Beta မလို့ Features အများကြီး မပါသေးပေမယ့်လည်း Developer တွေကို Feedback ပြန်ပေးခြင်တဲ့ ကစားသမားတွေတွက်ကတော့ ဆော့ကြည့်ကြဖို့ရာ တိုက်တွန်းပါတယ်။ Mobile Player တွေတွက် လောလောဆယ် အကြိုက်တွေ့ဖို့ရာ ခဲယဉ်ပေးမယ့် အတွေ့ကြုံသစ်ရစေမှာကတော့ သေချာပါတယ်။
[- Beta Review -]

Admin အနေနဲ့ ပြောရရင်တော့ အရင် Beta version ထက် Graphic ကို နည်းနည်းလေး ပြုပြင်ပေးထားတယ်လို့ ခံစားရတယ်။ အရင်ကဆို Setting Option မှာ ဘယ်လောက်ချိန်းချိန်း Battle ထဲမှာ Distance view တွေ Resolution တွေကစ အတော်ကို ဝါးနေတာပါ။ အခုက အဲဒီအခက်ခဲတွေ နည်းနည်းလေး လျော့လာပြီဆိုပေမယ့် fps stable ဖြစ်ဖို့ကတော့ လိုသေးပါတယ်။ Region ကြောင့် Pin ကတော့ သိပ်မပြောတော့ဘူး ငြိမ်တော့ မငြိမ်သေးဘူးပေါ့ ဆော့ရတာ။ 
ဒါပေမယ့် Mobile Player တွေအနေနဲ့ အရမ်းကြီး မလောစေခြင်ပါဘူး။ ဘာလို့ဆို ဒီ Battlefield Mobile Game က စစ်မြေပြင်တစ်လျှောက်လုံးက အရာဝတ္ထုအများစုကို Physics ကျကျ destruction လုပ်လို့ရအောင် ဖန်တီးထားတာကြောင့် ဖုန်းအနိမ့်တွေတွက်တော့ Quality ကောင်းကောင်းရဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့်လည်း Developer တွေဘက်က အကောင်းဆုံး ပြင်ဆင်ဖို့ရာတွက် ခုလို Beta version တွေနဲ့အတူ Player Feedback တွေကို ရသလောက် collect လုပ်နေတာပါ။ 

Game Information

Android version 7 . 0 +
Developer ELECTRONIC ARTS
Network Online
Price Free
App version Second Beta
Release date Second Beta

Download Link

Type Size Link

Playstore

94 MB

Download

TAP TAP

[ Original ]

94 MB

( Apk Only )

Download






Apple iOS

---

Coming Soon
 
In Game ကျရင် 544 MB လောက် ထပ် Download လုပ်ရပါမယ်

⭐ ( HELLO Rating = 6.7 / 10 ) ⭐

#HELLOYDB

Related Posts

  • Stunt Car Extreme•        မကြာသေးခင်ကမှ ထွက်ထားတဲ့ ဒီ GAME လေးက တကယ်ကို Fun ဖြစ်စေတဲ့ Game ကောင်းတစ်ခုပါ။ အစက ပျင်းစရာကောင်းလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်ကို Action ဆန်ဆန်နဲ့ Camera View တွေကစ စတန်… Read More
  • Sky Gamblers Storm Raiders 2               Android ပေါ်ရောက်လာတာ တစ်ပတ်တောင် မပြည့်သေးတဲ့ Game ဖြစ်ပြီး Atypical ရဲ့ နောက်ထပ် AAA အဆင့်မှီတဲ့ Game တစ်ခုပါ။ လူအတော်များမ… Read More
  • Saiko No Sutoka•         သင့်မှာသာ Psycho ဆန်တဲ့ ကောင်မလေးတစ်ယောက်ရှိရင် ဘယ်လိုလုပ်မလဲ ? ဒါမှမဟုတ် သင့်မှာ Psycho ဆန်တဲ့ စိတ်ရှိတယ်ဆိုတာကို သူငယ်ချင်းဖြစ်ဖြစ် ချစ်သူကောင်လေးကို ဖြစ်ဖြစ် သိစေခြင်ရ… Read More
  • Powerlust            ဒီ Game က RPG အမျိုးစားဖြစ်ပြီး Graphic Effect အတော်ကြည့်ကောင်းတဲ့ Game ပါ။ အခု Update မှာ အတော်များများ ပြင်ဆင်ထားပြီး Manna တွေပါ လျော့ထားပါတယ်။ Game က Warrior နဲ့ Ma… Read More
  • T D Z 3 Dark Way•          ထွက်ထားတာ ၁ ပတ်တောင် မရှိသေးတဲ့ ဒီ Game လေးက FPS သမားတွေတွက် ဆော့ပျော်စေမယ့် Game တစ်ခုပါ။ Peter ဆ်ိုတဲ့ အဖေတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး သားဖြစ်သူရဲ့ ခွဲစိတ်ကုသမှုအတ… Read More

Comments

လူကြည့်အများဆုံး GAMES