Growing Up Life Of The 90s

° အသစ်ထွက်လာတဲ့ ဒီ Game လေးက 90s Borns တွေတွက် အရမ်းကိုသဘောကျစေမယ့်အပြင် PC ရဲ့ Steam မှာပါ 90% Positive Review ထိ ရရှိထားတဲ့ Simulation Game ကောင်းတစ်ခုမလို့ Mobile Player တွေတွက် အရမ်းကို သဘောကျစေမှာ သေချာပါတယ်။ ဒီ Game မှာဆိုရင် သင်ဟာ 1990 ခုနှစ်က Life Style ကို ကလေးဘဝကနေ လူကြီးဘဝထိ Simulation အနေနဲ့ ကစားခွင့်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေအတိုင်း 90s ခေတ်က မိမိရဲ့ ဘဝပုံစံအမျိုးမျိုးကို ပုံဖော်ပေးမယ့် Game ကောင်းတစ်ခုပါ။ တကယ်ကို ဘဝတစ်လျှောက် ကြုံတွေ့ရမယ့် အခက်ခဲတွေ၊ ပြဿနာတွေ၊ သူငယ်ချင်းအပေါင်းသင်းတွေနဲ့ ကို့ရဲ့ နောက်ဆုံးလုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာမယ့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကစ အခုခေတ်နဲ့မတူဘဲ 90s ခေတ်ကအခြေနေတွေကို ပုံဖော်ပေးသွားမှာဖြစ်တာကြောင့် အတော်များများ ဒီဘက်ခေတ်လူငယ်တွေထိ အရမ်းသဘောကျကြမှာ သေချာပါတယ်။ Premium Game လေးမလို့ Android ရဲ့ Playstore မှာတော့ 6.49 $ နဲ့ ရောင်းချပေးနေပါပြီ။
[- Review -]

Game က အတော်ကို သဘောကျစရာကောင်းပြီး Life System ကို 90 ခုနှစ်ကနေစပြီး ခေတ်ရေစီးကြောင်းအတိုင်း Rise ဖြစ်လာတာကို အသေးစိတ်တွေ့မြင်ရမှာပါ ။ Handcraft နဲ့ဖန်တီးထားတဲ့ Location ပေါင်း 30 ကျော်အပြင် ရွေးချယ်စရာတွေက‌စ ကစားသူရဲ့ အပြုမှုအတိုင်း လုံးဝကွဲသွားစေမှာ‌ပါ။ ဒါ့အပြင် Brain Map ကစ အမျိုးစားပေါင်း 200 ကျော်ရှိတဲ့ Skill တွေနဲ့ အသေးစိတ်ဖန်တီးပေးထားပြီး အဲကနေ ပေါ်ထွက်လာမယ့် Careers Life တွေကစ အမျိုးစားပေါင်း 40 ကျော်ထိ ကွဲပြား‌နေတာကြောင့် သင့်အနေနဲ့ Gaming Company ရဲ့ CEO တစ်ဦးဖြစ်နိုင်သလို၊ နာမည်ကြီး မင်းသား၊မင်းသမီး တစ်ယောက်ရဲ့ ဘဝကို ရရှိနိုင်တဲ့အပြင် အမေရိကန်ပြည်‌ထောင်စုရဲ့ သမ္မတလို ရာထူးအမြင့်တွေထိပါ ဖြစ်လာနိုင်တာကြောင့် သင့်ရဲ့ ရွေးချယ်မှုတိုင်းက အရမ်းအရေးပါပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက Knowledge မှီတဲ့အတိုင်း အတတ်ပညာမျိူးစုံကို သင်ခွင့်ရမှာဖြစ်တာကြောင့် Management ကောင်းဖို့လည်း လိုပါတယ်။ 
Life Simulation Game မလို့ Relationship အခြေနေတွေအပြင် အသက်ရွယ်အလိုက် ရလာမယ့် ကိုယ်ပိုင်အခွင့်ရေးတွေကစ အတွေ့ကြုံအများကြီးကို မြင်တွေ့ရမှာပါ။ Brain Improvement ကို Mini Game လေးတွေနဲ့ သေချာ ဖန်တီးထားတဲ့အပြင် Energy ကစ ဘယ်နေရာမှာ ဘာအတွက် အသုံးချမယ်အထိ ရွေးချယ်ရမှာပါ။ တကယ်ကို ပိုက်ဆံရှာတာတွေ၊ ပစ္စည်းဝယ်တာတွေ၊ အလှပြင်၊ အဝတ်စားတွေထိပါ အကုန် အပြင်ကနီးပါးထိ ထိန်းချုပ်ပေးရမှာဖြစ်တာကြောင့် Life Simulation သဘောကျတဲ့သူတွေတွက် လုံးဝကို လက်မလွတ်သင့်ပါဘူး။ Music တွေအပြင် အသက်ကြီးလာတိုင်း ပြောင်းလဲသွားမယ့် ပတ်ဝန်းကျင်တွေကစ အရမ်းစိတ်ဝင်စားစရာကောင်းတာကြောင့် ဆော့ကြည့်ကြဖို့ရာ အကြံပေးပါတယ်။ တစ်ခုရှိတာက Game က စာမဖတ်ရင် ပျင်းစရာကောင်းသွားနိုင်တယ်နော်။ 
အတိုချုံ့

  • - Game က တကယ် 90s life ကို ကြုံတွေ့ရမှာပါ။
  • - စာဖတ်ရမှာများတာကြောင့် Reading သမားတွေတွက် ကို့ရဲ့ Life ပုံစံကို ရွေးချယ်မှုအတိုင်း သိခွင့်ရတာဟာ အရမ်းမိုက်ပါတယ်။
  • - Mini Game လေးတွေနဲ့ လုံးဝ မပျင်းရသလို ဘဝမှာ အသက်တစ်နှစ်ကြီးတိုင်း ကြုံတွေ့ရတဲ့ အခက်ခဲလေးတွေက အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ 
  • - အဓိကကတော့ သင့်ရဲ့ 90 ခုနှစ်က ဘဝပုံစံဟာ ဘာဖြစ်မလဲဆိုတာ သိခြင်ရင်တော့ အခု Game လေးကို ဆော့ကြည့်သင့်တယ်နော်။ 

Game Information

Android version 8 . 0 +
Developer Coconut Island Games
Network Offline
Price 9,000 MMK
App version 1.2.3929
Release date March 8, 2022

Download Link

Type Size Link

Playstore

850 MB

$6.99

Mediafire

[ Paid ]

755 MB

( Apk+Obb )Zip

Download

MEGA

[ Paid ]

755 MB

( Apk+Obb )Zip

Download

Apple iOS

---

Unavailable
 

>>  Install တင်နည်း <<

⭐ ( HELLO Rating = 8.2 / 10 ) ⭐

HELLOYDB

Comments

လူကြည့်အများဆုံး GAMES