Reconstruccion War Is Not A Game

° Game တစ်ခုဆိုတာထက် Real Life ရဲ့ အဖြစ်ပျက် တွေကို History Facts တွေနဲ့ ဖော်ပြပေးသွားမယ့် ဖြစ်ရပ်မှန် Game ကောင်းလေးတစ်ခုဖြစ်ပြီး စစ်ပွဲတွေကြားက လူတွေကျင်လည်နေရတဲ့ အဖြစ်ပျက်တွေကို ဇာတ်လမ်းတစ်ခုအနေနဲ့ တွေ့မြင်ခွင့်ရမှာပါ။ Victoria ဆိုတဲ့ ကောင်မလေးဟာ စွန့်ပစ်ခံဖြစ်နေတဲ့ သူမရဲ့ မွေးရပ်မြေကို ပြန်လာလည်ရင်းကနေ အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့အကြောင်းရာ‌တွေကြောင့် သူမ ဘယ်လို လူမျိုးဖြစ်လာမယ်ဆိုတာကို သင်ကိုယ်တိုင်ဘဲ ရွေးချယ်ပေးရမှာပါ။ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုး ဆိုတာထက် ရက်စက်မှုတွေကြားမှာ ဂျောင်ပိတ်မိနေတဲ့ ဖြူ‌စင်တဲ့ နှလုံးသားတွေကြောင့်ပါ အမှန်တရားဟာ ခါးသီးမလား၊ လက်စားချေမလား၊ ဒါမှမဟုတ် ရန်သူကိုတောင် နားလည်ခွင့်လွတ်ပေးနိုင်မလားဆိုတာကိုတော့ သင်ကိုယ်တိုင်ဘဲ ရှာဖွေကြည့်လိုက်တော့နော်။ တကယ် ပညာပေး Game လေးမလို့ ခေါင်းထဲမှာပါ တစ်စုံတစ်ရာ ကျန်ရစ်စေခဲ့မှာပါ။ 
[- Review -]

အမှန်တိုင်းပြောရရင် ဒီ Game က Graphic ကော Gameplay ကစ အားမရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဇာတ်လမ်းကြောင့် Game က ပိုအသက်ဝင်စေတာဖြစ်ပြီး အဓိကကတော့ ဒီလောကမှာဖြစ်နေတဲ့ အဖြစ်ပျက်တွေကို သိစေခြင်တာပါ။ Victoria လေးက ငယ်ငယ်က သူ့အဖိုးဖြစ်သူကို Paramilitary ဖြစ်တဲ့ စစ်သားအုပ်စုက အဓိပ္ပာယ်မဲ့ သတ်ဖြတ်သွားတာဖြစ်ပြီး ဆက်သွယ်ဖို့ခက်ခဲ့တဲ့ ဒေသတွေဆိုတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခါးစည်းခံနေရတာမျိူးဖြစ်ခဲ့တာပါ။ အပြစ်မရှိတဲ့ တောင်သူလယ်သမားတွေစီကနေ မတရားရယူနေတာဖြစ်ပြီး လက်နက်အားကိုးနဲ့ ရက်စက်ဗိုလ်ကျလွန်းနေတာကြောင့် တောခို‌တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေပါ ပေါ်လာခဲ့တာပါ။ 
ဒီတော့ Victoria လေးရဲ့ ကံတရားဟာ ‌ရွေးချယ်မှု‌တွေများခဲ့ပြီး သူမ ဘယ်လိုလူမျိုးဖြစ်လာမယ်ဆိုတာကိုတော့ Choice စနစ်တွေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရမှာပါ။ Puzzle လေးတွေပါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ဘဲ ကစားပေးရမှာဖြစ်ပြီး History Facts တွေကိုပါ သဲလွန်စအနေနဲ့ လိုက် Explore လုပ်ခွင့်ရမှာပါ။ Ending ကွဲတဲ့အပြင် Extra အပိုင်းတွေပါ ရတာခြင်းမတူတာကြောင့် သင့်အနေနဲ့ Victoria လေးရဲ့ ဘဝကို ဘယ်လိုဖြစ်စေမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ 
အတိုချုံ့
 
  • - ဖြစ်ရပ်မှန် Game တစ်ခု။ အပြင်မှ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ပြပေးနေတဲ့ Game တစ်ခု။ 
  • - Graphic ညံ့ပြီး Gameplay အနေတော်ဘဲဆိုပေမယ့် ဇာတ်လမ်းကို ဦးစားပေးထားတာကြောင့် ဆော့ကြည့်သင့်တယ်။
  • - လက်နက်ကိုင်ထားတဲ့ချိန်မှာ အမိန့်တွေကိုဘဲ နာခံမလား၊ နှလုံးသားနဲ့ဘဲ ဆုံးဖြတ်မလားဆိုတာတော့ ......
Personal Review ( Spoiler )

အမှန်တိုင်း ဝင်ခံရရင် ပထမဆုံး ဆော့ပြီးပြီးခြင်း ရတဲ့ ရလဒ်ကိုတော့ Admin ကတော့ အတော်စိတ်မကောင်းဖြစ်မိတယ်။ တော်တော်လေး အကြပ်ရိုက်ခဲ့သလို ဒီ Victoria လေးရဲ့ Character ကို မမြင်နိုင်တော့တဲ့ထိ တွေဝေခဲ့ရတယ်။ ဘယ်သူနေနေ ကောင်းတာတွေဘဲ ရွေးခြင်ကြတယ်ဆိုပေမယ့် အခြေနေနဲ့ အဖြစ်ပျက်တွေကြောင့် တစ်ချို့အရာတွေက ရွေးချယ်ရတာ လုံးဝကို မလွယ်ဘူး။ 
နောက်ပြီး ဒီ Game လေးက အခုလိုအခြေနေမျိုးမှာ ဆော့တဲ့သူတွေတွက် ပို အဓိပ္ပာယ်ပေါ်လွင်စေမယ်ဆိုတာသေချာတယ်။ Paramilitary ဆိုတဲ့ စစ်သားတွေ ဝင်လာတော့ အဖြစ်ပျက်တွေက အတော်လေး ဆင်တူနေတယ်လို့ ခံစားမိတယ်။ တကယ်ကို ဓားပြပုံစံဖြစ်နေပြီး လူသူအရောက်နည်းတဲ့ ဒေသတစ်ခုဆို‌တော့ တရားဥပဒေမရှိဘဲ ဖြစ်ခြင်ရာဖြစ်နေကြတာပေါ့။ တကယ်ကံကောင်းတာက အဲလိုအကြမ်းဖက်အုပ်စုထဲမှာ အခြေနေတစ်ခုကြောင့် မသက်မသာနေပေးနေရတဲ့ ကိုယ်ချင်းစာတတ်တဲ့ လူမျိုးတွေလဲရှိပါသေးတယ်။ အဲလိုလူ‌တွေ ရှိလို့ဘဲ Victoria လေးဟာ လွတ်မြောက်ခဲ့တာဖြစ်ပြီး လက်စားချေဖို့ အခွင့်ရေးဟာလဲ သူ့ဆီကို တည့်တည့်ရောက်လာခဲ့တာပါ။
အကြောင်းကတော့ တောခိုနေတဲ့ ကာကွယ်ရေးတပ်တွေနဲ့ စုံခဲ့တာပါ။ ကောင်မလေးဟာ အသက်ငယ်ပေမယ့်လည်း ရွေးချယ်မှုအရ စာသင်ရမယ့် လက်တစ်စုံဟာ , နာကျည်းမှုကြောင့် လက်နက်တစ်လက်ကို ကိုင်ဆောင်လာခဲ့ရပါတယ်။ ဘယ်လိုပြောရမလဲ အဖိုးဖြစ်သူတွက် လက်စားချေခြင်တယ်ဆိုပေမယ့် အဖိုးဖြစ်သူက လက်ခံနိုင်ပါ့မလားဆိုတာပါ။ အဲဒီမှာ ကာကွယ်ရေးတပ်ထဲမှာတင် တကယ်ကို နာကြီးမှုကြောင့် ရောက်လာတဲ့သူတွေကော ၊ ဂျင်းထဲကြပ်ထဲမှာတင် ကို့ရဲ့ ချစ်ရတဲ့သူတွေကို စွန့်ခွာပြီး လက်နက်ကိုင်တိုက်နေရတဲ့သူတွေပါ အစုံတွေ့ရမှာပါ။ ဘာမှ ပြန်လှည့်ကြည့်စရာ မရှိတော့တဲ့ Victoria လေးရဲ့ ဘဝဟာ တကယ်ကို ပြောရရင် အမိန့်တွေကြားမှာတင် ထပ်ပြီး ဖိအားဖြစ်လာခဲ့တယ်လို့ ပြောရမယ်။ 
အဲဒါကြောင့် အမိန့်တွေကြားမှာ ရှင်သန်မလား ၊ နှလုံးသားနဲ့ဘဲ ဆုံးဖြတ်မလားဆိုတာဟာ သူမရဲ့ဘဝကို ‌ရွေးချယ်ရခက်‌စေခဲ့ပြီး မတရားသလိုထိ ခံစားမိလာတယ်။ တကယ်ကို ဘယ်လိုပြောမလဲ ကျေလည်း မကျေနပ်ဘူး ကို့ရဲ့ ရွေးလိုက်ရတဲ့ ဇာတ်သိမ်းကြီးကို။ မတရားသလိုကော အဓိပ္ပာယ်မရှိတော့သလိုကော ခံစားရတယ်။ ခွင့်လွတ်ပေးတယ်ဆိုပေမယ့် နာကျည်းမှုတွက် နာကျင်မှုကိုပါ ထိုးကျွေးလိုက်ရသလိုမျိုးဖြစ်နေတယ်။ တခြားသူတွေလည်း ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ မသိပေမယ့် ဒီအဖြစ်ပျက်တွေကနေ တစ်ခုခုကို ရစေမယ်လို့ ထင်မိတယ်။ 

Game Information

Android version 4 . 1 +
Developer Pathos Audiovisual
Network Offline
Price Free
App version 2
Release date February 8, 2017

Download Link

Type Size Link

Playstore

190 MB

Download

Mediafire

[ Original ]

190 MB

( Apk+Obb ) Zip

Download

MEGA

[ Original ]

190 MB

( Apk+Obb ) Zip

Download

Apple iOS

210 MB

Download
 

>>  Install တင်နည်း <<

⭐ ( HELLO Rating = 8.1 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES