When the past was around
° ဘဝရဲ့ ဒဏ်ကြောင့် လမ်းပျောက်ခဲ့တယ်၊ အိမ်မက်တွေကိုလည်း ဆုံးရှူံးခဲ့ရတယ်၊
အချစ်ကို ရှာဖွေရင်း Owl နဲ့ စုံတွေ့ချိန်မှာတော့ Eda ဆိုတဲ့
ကောင်မလေးတစ်ယောက်ရဲ့ ဘဝဟာ ချစ်ခြင်းမေတ္တာတရားတွေနဲ့အတူ ရောင်နီသန်းလာခဲ့တယ်။Owl
ဟာ အိမ်မက်တွေ၊ ချစ်ခြင်းမေတ္တာတွေအပြင် စွန့်လွတ်ခြင်းနဲ့ ရှေ့ဆက်ခြင်းကိုပါ Eda
ကို သင်ပြပေးခဲ့တာကြောင့် သာယာပျော်ရွှင်မှုနဲ့ ဝမ်းနည်းနာကျင်မှုကြားက
ခံစားချက်အားလုံးကို စကားလုံးထောင်ချီစာ ကိုယ်စားပြုနေတဲ့ ပုံရိပ်လေးတွေနဲ့
ဖော်ပြပေးသွားမှာပါ။ Point-and-click Adventure Game လေးဖြစ်ပြီး Symbolism
ပြည့်နေတဲ့ Puzzle တွေအပြင် Art နဲ့ Background Music တွေကစ Meaningful ဖြစ်နေတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ကို ကိုယ်တိုင်တွေ့မြင် ခံစားရမှာပါ။ နောက်ပြီး ဘဝတွက်လည်း
သင်ခန်းစာရစေမယ့်အပြင် တယောသံလေးတွေပါ ပါဝင်တာကြောင့် နားကြပ်လေးနဲ့
တပ်ဆော့ကြဖို့ရာ အကြံပေးပါတယ်။
[- Review -]
Mobile တွက်ထွက်ထားတာမကြာသေးတဲ့ Game သစ်လေးဖြစ်ပြီး ဒီ Game ကို Indonesia
အခြေစိုက် Toge Productions ကနေ ဖန်တီးပေးထားတာပါ။ PC နဲ့ Console ကနေ
ဆင်းသက်လာတဲ့ Game ကောင်းတစ်ခုဖြစ်တာနဲ့အညီ Steam မှာပါ Positive Rating
ကောင်းတွေနဲ့အတူ { Best Audio }, { Best Game },{ Best Visual Art } ဆုတွေကိုပါ
ပိုင်ဆိုင်ထားတဲ့ Game တစ်ခုပါ။ ပုံဖော်ထားတဲ့ ဒီဇိုင်းတွေကစ
အရမ်းသဘောကျစရာကောင်းတဲ့အပြင် သံစဉ်တွေကိုပါ အဓိကထားထားတာကြောင့် Puzzle
ပိုင်းတွေမှာပါ ငြီးငွေ့သွားမှာမျိူးမဟုတ်ဘဲ သင်္ကေတတွေကစ အတော်လေး
ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာကောင်းတာပါ။ ဒါ့အပြင် တစ်စခြင်းစီ ဆွဲခေါ်သွားတဲ့
ဇာတ်လမ်းကြောင့်ပါ ရင်ထဲထိခံစားရမှာဖြစ်တာကြောင့် Emotional Game တွေကို
ကြိုက်နှစ်သက်တဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။
အတိုချုံ့ ✓
- - ဇာတ်လမ်းလေး အရမ်းသဘောကျစရာကောင်းသလို နွေးထွေးယုံကြည်မှုကိုပါ ပေးမှာပါ။
- - Music ဦးစားပေးထားသလို Puzzle လေးတွေကစ လွယ်လွယ်လေးနဲ့ ခက်အောင်လုပ်ပေးထားတာပါ။
- - တကယ် Visual Art တွေကစ အရမ်းလှပြီး ဆုတွေပါ ရထားတဲ့ Game တစ်ခုဖြစ်တာကြောင့် လက်မလွတ်သင့်ပါဘူး
- - Emotional ကြိုက်တဲ့သူတွေ ၊ အချစ်ကို ခံစားဖူးသူကော မခံစားဖူးသူကော တစ်စုံတစ်ရာ ကျန်ရစ်ခဲ့စေမယ့် Game ကောင်းလေးတစ်ခုပါ။
Personal View { Spoiler }
Spoiler လို့သာ သတိပေးထားတာ တကယ်တန်း စဆော့ကတည်းက ရိပ်မိပြီးသားဖြစ်ကြမှာပါ။
ကောင်မလေးက အတိတ်က အကြောင်းရာတွေကို ပြန်တွေးနေတာမျိူးဖြစ်ပြီး နောက်ဆုံးမှာတော့
ပူဆွေးမှုကနေ လမ်းမှန်ပြန်ရောက်သွားတဲ့ ပုံစံမျိုးလေး တွေ့ရမှာပါ။ အရင်တုန်းက
ဒီကောင်မလေးက တခြားလူငယ်တွေလိုဘဲ ဝါသနာပါရာကို စွန့်ပစ်ပြီး အနာဂတ်တွက်
လမ်းပျောက်တော့မယ့် အချိန်မှာ Owl ဆိုတဲ့ လူတစ်ယောက်က သူ့ဘဝထဲကို ရောက်လာခဲ့ပြီး
အချစ်တွေ ၊ နားလည်မှုတွေကို ပေးခဲ့တာပေါ့။ တစ်နေ့ကြတော့ တကယ်ချစ်ကြတဲ့
သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကြားကို ကံကြမ္မာက ရက်ရက်စက်စက်ခွဲခဲ့ပြီး
ကောင်မလေးအတွက် အချိန်တစ်ခုထိ လမ်းပျောက်ဆုံးသွားခဲ့ရတာမျိုးပါ။
သူနဲ့အတူရှိခဲ့တဲ့ နေရာတွေကြောင့် အတိတ်က အဖြစ်ပျက်တွေဟာ တစ်စခြင်းပေါ်လာရင်းကနေ
သူမကို ဘဝမှာ ရှေ့ဆက်ဖို့တွက် လမ်းပြပေးသွားတာမျိုးလေးမလို့
အရမ်းသဘောကျစရာကောင်းတယ်။ နောက်ဆုံးအပိုင်းတွေဆိုရင် တကယ် Art တွေကစ အသက်ဝင်တော့
ရင်ဘက်ကို လှုပ်ခါလိုက်သလိုထိ ခံစားရတယ်။ ပြောရရင် ဇာတ်လမ်းက Twist လုပ်ပြီး
ကစားသူကိုပါ ခဏတာပျော်ရွှင်အောင် လုပ်ပေးလိုက်သေးတာ။ Credit Scene နောက်ဆုံးကျမှ
ကိုယ်ပါ မျက်ရည်ကျလာတော့ အတော်လေး ဝမ်းနည်း ဝမ်းသာဖြစ်မိတယ်။ ဝမ်းနည်းတာက
ဆုံးရှုံးမှုတွက်ဆိုပေမယ့် ဝမ်းသာတာက သူမရဲ့ ဘဝကို ပူဆွေးမှုကနေ
ရုန်းထွက်လာနိုင်ခဲ့တာမလို့ ကျေနပ်မိတယ်။
( ဒီနေရာမှာ Admin အမြင်ကတော့ ကောင်လေးနေရာမှာ Owl ပုံစံကြီးထားထားတာက ကောင်မလေးက
သူ့ကောင်လေးကို ပညာရှိတစ်ယောက်လို ဖော်ညွှန်းတာဖြစ်မယ်။ ဒါပေမယ့်
တကယ်လို့များပေါ့နော် ဒီ Eda ဆိုတဲ့ ကောင်မလေးဟာ အပြင်မှာသာ တကယ်ရှိခဲ့ဖူးရင်
သေချာတာကတော့ သူ့ကောင်လေးရဲ့ နေရာကို ဘယ်ပုဂ္ဂိုလ်လူတစ်ဦးတစ်ယောက်နဲ့မှ
အစားမထိုးစေခြင်လို့ ခုလို Owl ပုံစံဖော်ညွှန်းတယ်လို့ Admin ကတော့ ခံစားမိတယ်။
ပြောရရင် သူ့ချစ်သူကို အတော်ချစ်တယ်ဆိုတာ သေချာတယ်။ )
Android version | 5 . 0 + |
Developer | Toge Productions |
Network | Offline |
Price | $ 7.99 |
App version | 1.6 |
Release date | Jan 24, 2021 |
Download Link
Type | Size | Link |
Playstore |
360 MB |
Download |
Mediafire [ Full Unlock ] |
360 MB ( Apk Only ) |
Download |
MEGA [ Full Unlock ] |
360 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
Playstore မှာ Free Install လုပ်လို့ရပေမယ့် In Game မှာ Full version တွက် သီးသန့်ဝယ်ရမယ့် Game တစ်ခုပါ။
⭐ ( HELLO Rating = 8.5 / 10 ) ⭐
#HELLOYDB
Comments