Aerial Knight's Never Yield
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Aerial Knight ဆိုတဲ့ Developer
တစ်ယောက်တည်းကနေ လက်စွမ်းပြထားတာဖြစ်ပြီး Publisher အနေနဲ့ Headup ကနေ
ဖြန့်ချီပေးထားတာပါ။ PC နဲ့ Consoles အသီးသီးမှာ အရင်ထုတ်ပေးထားခဲ့တာဖြစ်ပြီး အခု
နောက်ဆုံးအနေနဲ့ Mobile ပေါ်ကို $ 2.99 နဲ့အတူ ရောင်းချပေးနေတဲ့ Parkour ဆန်ဆန်
Premium Game ကောင်းတစ်ခုပါ။ ဒီ Game ထဲမှာဆိုရင် သင်က Wally နေရာကနေ
ကစားရမှာဖြစ်ပြီး ခေတ်ရှေ့ပြေးပြီး Tokyo ဆန်တဲ့ City ထဲမှာ စွန့်စွန့်စားစား
ပြေးရမှာပါ။ Runner တစ်ဦးဖြစ်တာကြောင့် ရန်သူတွေလက်ကနေ ပြေးရင်း ဖုံကွယ်ထားတဲ့
အမှန်တရားနဲ့အတူ အရင်က ဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ဇာတ်လမ်းသွားပုံစံနဲ့
တွေ့မြင်ရမှာမလို့ အရမ်းသဘောကျကြမှာပါ။
[- Review -]
Game က 3D side-scrolle ပုံစံမျိုးဖြစ်ပြီး အရင်က classic ဆန်ဆန် endless runner
ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် အခု Game က Story နဲ့ Endless Runners
ဆိုပြီး Gameplay Mode နှစ်မျိုးပါဝင်တဲ့အပြင် ဇာတ်လမ်းအနေနဲ့ Chapter 13 ထိ
ထည့်ပေးထားတာပါ။ ဒါ့အပြင် Bonus Chapter တွေကစ တွေ့မြင်ရအုံးမှာပါ။
Game က PC နဲ့ Consoles ကနေ ဆင်းလာတာဆိုပေမယ့် Control ကစ Mobile Platform တွက်
အတော်လေး အဆင်ပြေတယ်လို့ ပြောရမယ်။ Screen ratio ကို လေးဘက် ခွဲထားလိုက်ပြီး Run,
Jump, Slide နဲ့ Dash ကို Casual ဆန်ဆန် ထိန်းချုပ်လို့ရတာကြောင့် အတော်လေး
ပေါ့ပေါ့ပါးပါးနဲ့ ကစားရတာ အဆင်ပြေတယ်။
Graphic ကစ Mobile တွက် အတော်လေး ကြည့်လို့ကောင်းပြီး UI ဒီဇိုင်းတွေကစ တကယ်
သဘောကျမိတာပါ။ နောက်ပြီး Developer တစ်ယောက်တည်းကနေ ဖန်တီးထားတယ်ဆိုပေမယ့်
Gameplay , Soundtrack တွေကစ လုံးဝ အပီပြင် လုပ်ပေးထားတာပါ။ Admin အနေနဲ့
ထပ်စောင်း ပြောရရင် ဒီ Game ရဲ့ ဇာတ်ကောင်က Developer ကိုယ်တိုင် သူ့ရဲ့ပုံစံကို
Inspire အသွင်ယူထားတဲ့ Character တစ်ယောက်လို့ မြင်မိတယ်။
တကယ်လည်း ဆော့ရတာ စိတ်လှုပ်ရှားစရာကောင်းသလို Parkour ဦးစားပေးဆိုတော့ ဆော့ရတာ
အရမ်းမိုက်တယ်။ Difficulty ကို စိတ်ကြိုက်ရွေးလို့ရပြီး သေချာတာကတော့ Easy နဲ့
အရင်ဆော့ကြည့်ကြဖို့ တိုက်တွန်းတယ်။ ဘာလို့ဆို ဇာတ်လမ်းသွားကလည်း ပါတော့
အေးအေးဆေးဆေးနဲ့ အရင်ဆော့လို့ရတာပေါ့။ ပြီးမှ Endless Runner မှာ အပီပြင် Skill
ကြမ်းလို့ရတယ်။
Android version | 10 + |
Developer | Headup |
Network | Offline |
Price | $ 2.99 |
App version | 1.0.97 |
Release date | March 30, 2022 |
Platform | Android / iOS / PC/ Consoles |
Download Link
Type | Size | Link |
GoogleDrive [ Normal ] |
1.48 GB ( Apk Only ) |
Download |
Mediafire [ Normal ] |
1.48 GB ( Apk Only ) |
Download |
MEGA [ Normal ] |
1.48 GB ( Apk Only ) |
Download |
Apple iOS |
2.6 GB |
$2.99 |
Game ထဲဝင်ဝင်ခြင်း ၅ မိနစ်ကျော် ၁၀ မိနစ် ဝန်းကျင်လောက် စောင့်ပေးရပါလိမ့်မယ်။ File ဖြည်နေတာမလို့ Black Screen ပြနေမှာဖြစ်ပြီး Phone အမျိုးစားပေါ်မူတည်ပြီးတော့မှ ကြာချိန်က ကွာခြားနိုင်ပါတယ်။ Internet ဖွင့်စရာမလိုပါဘူး စိတ်ရှည်ရုံပါ။
Download Size က 1.4 GB သာရှိပေမယ့် ဖိုင်ဖြည်ပြီးရင်တော့ Total Size က 5 GB ဝန်းကျင်ထိ ရောက်သွားမှာဖြစ်တာကြောင့် Storage များများ လွတ်နေဖို့လိုပါတယ်။
Download Size က 1.4 GB သာရှိပေမယ့် ဖိုင်ဖြည်ပြီးရင်တော့ Total Size က 5 GB ဝန်းကျင်ထိ ရောက်သွားမှာဖြစ်တာကြောင့် Storage များများ လွတ်နေဖို့လိုပါတယ်။
>> Download ဆွဲနည်း <<
⭐ ( HELLO Rating = 7.7 / 10 ) ⭐
Comments