Apex Racing

° အသစ်ထွက်ထားတဲ့ ဒီ Game လေးက အများစုသဘောကျနေကြတဲ့အပြင် Forza horizon ဆိုပြီးလို့တောင် ပြောနေကြတာပါ။ တအားကြီး တူတာမျိူးမဟုတ်ဘဲ Environment က တကယ်ကို ကျယ်ပြန့်တဲ့အပြင် Graphic ကစ အတော်လေးသဘောကျစရာကောင်းတဲ့ Game တစ်ခုပါ။ Online အနေနဲ့ တခြား Player တွေနဲ့အတူ Room ထောင်ပြီး ကစားလို့ရတဲ့အပြင် Map 6 ခုထိပါ စိတ်ကြိုက်‌ရွေးလို့ရပါတယ်။ Free Mode အပြင် Circuit Racing , Spring Racing , Drift စတဲ့ မတူညီတဲ့ ကစားနည်းတွေပါ ရွေးချယ်လို့ရသေးတာပါ။ Car နဲ့ ပတ်သတ်ပြီး Body Upgrade , Color Customization တွေကစ လုပ်ဆောင်ခွင့်ရမှာမလို့ Racing Game သဘောကျတဲ့သူတွေတွက် စမ်းကြည့်သင့်တယ်လို့ အကြံပေးပါတယ်။ Manual Gear တွေကြောင့် တကယ်လည်း မောင်းလို့ကောင်းတဲ့ Game ကောင်းတစ်ခုပါ။ 
[- Review -]

Game က တခြားဟာတွေက ပုံမှန်ဘဲဆိုပေမယ့် ဒီထဲက တစ်ချို့ မြေပုံတွေကိုတော့ အတော်သဘောကျတယ်။ ပြောရရင် ရှုခင်းကြောင့် ကားမောင်းရတာကိုက ပေါ့ပါးနေတာမျိုး ခံစားရတယ်။ မသိရင် Trip တစ်ခုကို မောင်းနေရသလိုဘဲ သာသာယာယာနဲ့။ Map road တွေကတော့ circl ပုံစံ အဆုံးသတ်ထားပေမယ့် အကွားဝေးရှည်တာကြောင့် ‌မောင်းရတာ အားရစရာကောင်းမှာပါ။ 
နောက်ပြီး Gear မနိုင်ရင် ကားလူးသွားတာတွေကစ realistic ဖြစ်တာကြောင့် Auto Gear ထက်စာရင် Manual Gear လေးနဲ့ ဆော့ကြည့်ကြဖို့ အကြံပေးတယ်။ ကားကတော့ ပိုက်ဆံအတော်စုမှ ကောင်းကောင်းလေးရမှာဆိုပေမယ့် သူငယ်ချင်းတွေနဲ့စုပြီး room ထောင်လို့ရတာကြောင့် တောင်ပေါ်မြေပြန့် ကြိုက်တဲ့ နေရာကို ‌အေးဆေး ကားမောင်းကြလို့ရတယ်။ 
အတိုချုံ့ ( ဆော့သင့်မဆော့သင့် အဓိကချက်များ )

- ရှုခင်းလှတယ်။ Environment Graphic တွေကောင်းတယ်။
- Online room ထောင်ပြီး သူငယ်ချင်းတွေနဲ့ တူတူ မောင်းလို့ရတယ်။ 

Game Information

Android version 8 . 1 +
Developer Apex Games LCC
Network Online
Price Free
App version 1.0.0
Release date March 18, 2022

Download Link

Type Size Link

Playstore

397 MB

Download

Apkcombo

[ Original ]

397 MB

( Apk Only )

Download




Apple iOS

420 MB

Download
 

⭐ ( HELLO Rating = 7.2 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES