Family Wizard

° အသစ်ထွက်လာတဲ့ ဒီ Game လေးက Premium အမျိုးစားဖြစ်တဲ့အပြင် " Tales from the crypt " ကို Inspired ယူထားတဲ့ ဇာတ်လမ်းလေးမလို့ စိတ်ဝင်စားစရာပါ။ Visual Novel Game လေးဖြစ်ပြီး ဒီ ဇာတ်လမ်းထဲမှာဆိုရင်တော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပညာသားပါပါနဲ့ တွေ့မြင်ရမှာပါ။ လူနှစ်ယောက်ကို ချစ်မိနေတဲ့ ကောင်မလေးတစ်ယောက်ဟာ သာမန်ကိစ္စရပ်ကို မှော်ပညာတွေနဲ့ ဖြေရှင်းလိုက်တဲ့ အချိန်မှာတော့ ဘယ်လို ပြဿနာတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမလဲဆိုတာကို မတူညီတဲ့ Choice တွေပေါ်မူတည်ပြီး Ending 10 မျိုးထိ Horror ဆန်ဆန် တွေ့မြင်ရမှာပါ။ ဒီတော့ သင့်မှာ အချစ်တွက် ပြဿနာရှိရင်ကော ကိုမသိနားမလည်တဲ့ လောကရဲ့ အကူညီကို သင့်အနေနဲ့ရွေးချယ်ဖြစ်မယ်ထင်သလား ? 
[- Review -]

ဇာတ်လမ်းလေးက နည်းနည်း ဖတ်ရတာ ထောက်ပေမယ့် ပညာပေးပုံစံလေးမလို့ သဘောကျစရာကောင်းတယ်။ ကို့ဘက်က အကောင်းဆုံး ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ခဲ့တာ‌တောင် ဇာတ်သိမ်းက မထင်ထားလောက်တဲ့ထိ ရသတစ်မျိူးကို ပေးမှာပါ။ ဇာတ်လမ်းတိုလေးမလို့ အကြာကြီးမဟုတ်ပေမယ့် Ending 10 ခုထိတောင်ဆိုတော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ တစ်ခုရှိတာက ဒီ Game က Violence ဆန်တယ်ဆိုတာ အသိ‌ပေးထားခြင်တယ်။ 

Game Information

Android version 4 . 4 +
Developer Kosmo Cat
Network Offline
Price 886 MMK
App version 1.06
Release date March 24, 2022

Download Link

Type Size Link

Playstore

63 MB

866 MMK

Mediafire

[ Paid ]

63 MB

( Apk Only )

Download

MEGA

[ Paid ]

63 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
( ⚠️:: Game က တစ်ခါလေ ပြန်ထွက်တတ်ပါတယ်။ )

⭐ ( HELLO Rating = 7.4 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES