Mudness

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက Next-gen Graphic ကိုပိုင်ဆိုင်ထားတဲ့ AAA Quality နီးပါး offroad game လေးတစ်ခုဖြစ်ပြီး Simulator သမားတွေတွက် အရမ်းကို သဘောကျကြမှာ သေချာပါတယ်။ နာမည်ကြီး Vehicle တွေအပြင် အသေးစိတ် Detail ဖန်တီးထားတဲ့ Open World Map ကြီးကိုပါ စိတ်ကြိုက်မောင်းနှင်ခွင့်ရမှာဖြစ်ပြီး Muddy forest, Sandy career နဲ့ Snowy mountain ဆိုပြီး Map ထဲမှာ အဓိက သုံးမျိုးကိုတွေ့မြင်ရမှာပါ။ Gameplay က Free Ride တင်မကဘဲ Challenging ဖြစ်တဲ့ delivery tasks တွေပါ လုပ်ဆောင်လို့ရတဲ့အပြင် Map တစ်လျှောက် အခက်ခဲဖြစ်နေတဲ့ Vehicles တွေကိုပါ Tow လုပ်ပြီး ကယ်လို့ရတာတွေထိ လုပ်ဆောင်နိုင်ပါတယ်။ Graphic အရမ်းမိုက်သလို Car Body Customize တွေကစ Detail ပါဝင်တာကြောင့် ဖုန်းမြင့်တဲ့သူတွေတွက် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ 
[- Review -]

Game က တကယ်ကို ဖုန်းကောင်းကောင်းလိုအပ်မှာဖြစ်ပြီး Graphic Option အသေးစိတ်မပါဘဲ 30 နဲ့ 60 fps သာ ရွေးချယ်ခွင့်ပေးထားတာပါ။ ပြောခြင်တာက ဒီ Game ရဲ့ Developer တွေက In Game Graphic ကို လုံးဝ အလျော့ခံမှာမဟုတ်ဘဲ Quality ကောင်းကောင်းနဲ့ ကစားစေခြင်တာသေချာပါတယ်။ တကယ်လည်း Environment Graphic တွေက Mobile တွက် အားရစရာကောင်းတဲ့အပြင် Offroad ရဲ့ Vehicle Phyiscs ပိုင်းတွေကစ အသေးစိတ်တွေ့မြင်ရမှာပါ။ 
ဥပမာ ရွံ့တောထဲမောင်းတာတို့ ၊ နှင်းတောထဲမောင်းတာတို့ဆိုရင် Car body dirty ဖြစ်တာကစ အသေးစိတ်ကျပါတယ်။ အဲလိုချိန်မှာ ရေထဲ ခဏမောင်းလိုက်တာနဲ့ clean ဖြစ်သွားမှာဖြစ်ပြီး လမ်းတစ်လျှောက် ကားဘီးရာတွေကစ မပျောက်ဘဲ ကျန်နေခဲ့မှာပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ Car ရဲ့ Control ကစ တကယ် Offroad Gear တွေနဲ့ ထိန်းချုပ်ရမှာပါ။
ဒီလို Offroad ကားအမျိုးစားတွေက သာမန်ကားတွေနဲ့မတူဘဲ ဘီးလေးဘက်လုံးက အရှင်တွေမလို့ RWD ( Real Wheel Drive ) တင်မကဘဲ AWD ( All Wheel Drive ) နဲ့ပါ လိုသလို မောင်းနှင်လို့ရတာပါ။ ဒါ့အပြင် Lock လုပ်ပြီးပါ မောင်းနှင်လို့ရတဲ့အပြင် ကိုယ့်ရဲ့ Engine နဲ့ ဖောက်ရဲ့ ခံနိုင်ရည်အား‌တွေကိုပါ အချိန်နဲ့ တပြေးညီ ကစားရင်းနဲ့ ဖော်ပြပေးနေမှာပါ။ ရှင်းအောင်ပြောရရင် နွံထဲမောင်းတဲ့ခါမျိုးတို့ ၊ အမြင့်တက်တာမျိုးတို့ အဲလိုချိန်တွေကြရင် Car ရဲ့ Damage Situation ကို ဖော်ပြတာမျိုးပါ။ 
Size များပြီး ဖုန်းကောင်းဖို့လိုပေမယ့် အနည်းဆုံးတော့ Graphic နဲ့တင် ဆော့ရတာ တန်ပြီး Open World ကြီးထဲမှာ ကြိုက်သလို မောင်းလို့ရတော့ Offroad Fan တွေကော Simulator Fan တွေအပြင် Environment Graphic ရဲ့ သဘာဝအလှကို ခံစားခြင်တဲ့သူတွေတွက်ပါ တကယ်ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။ 

Game Information

Android version 5 . 1 +
Developer Radomir Rotaru
Network Offline
Price Free
App version 1.21
Release date April 1, 2022
Platform Android / iOS

Download Link

Type Size Link

GoogleDrive

[ Mod ]

1.2 GB

( Apk Only )

Download

Mediafire

[ Mod ]

1.2 GB

( Apk Only )

Download

MEGA

[ Mod ]

1.2 GB

( Apk Only )

Download

Apple iOS

2 GB

Download
 
Game ထဲဝင်ရင် Internet ပိတ်ဝင်ပေးပါ။ Online mode ပါပေမယ့် Mod version မလို့ internet ပိတ်ဝင်ကြည့်ပါ။ မဟုတ်ရင် Loading မှာ ကြာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 

⭐ ( HELLO Rating = 7.9 / 10 ) ⭐

Comments

Anonymous said…
download ဆွဲပြီး ကားကကျန်တာ အကုန် modified လုပ်လို့ရပြီး မောင်းမရဘူးဖြစ်နေတယ်ဗျ

လူကြည့်အများဆုံး GAMES