NEOVERSE
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက လုံးဝကို မထင်ထားသလို PC ကနေ Mobile
ပေါ်ကိုဆင်းလာတဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။ Steam မှာ Paid Game တစ်ခု
အနေနဲ့ရှိနေပေမယ့် Android ပေါ်ကို ရောက်လာတဲ့အချိန်မှာတော့ Free To Play
အနေနဲ့ထွက်ရှိလာတာပါ။ ဒါ့အပြင် Graphic ပိုင်းမှာလည်း PC နီးပါးလောက်ထိ Quality
ကောင်းကောင်းကို Mobile ပေါ်ယူဆောင်လာပေးနိုင်တာကြောင့်
အတော်သဘောကျစရာကောင်းတာပါ။ ဒီ Game မှာဆိုရင် သင်က Neoverse ကြီးကို
ကယ်တင်ပေးရမှာဖြစ်ပြီး Multiverse တစ်လျှောက်လုံးရဲ့ Time , Space အကုန်လုံးကို
လိုက်တွယ်ရမှာပါ။ နားလည်အောင်ပြောရရင် Neoverse ရဲ့ Timeline တစ်ခုလုံးကို
စွန့်စားရမှာပါ။ ပြောခြင်တာက Monster တွေ ၊ ခေတ်ရှေ့ပြေး ရန်သူတွေတင်မကဘဲ ၊ အရင်
ရှေးခေတ်ကနေ ဂရိခေတ်ထိ Timeline ခုန်ကုန်ပြီး ရန်သူပေါင်းစုံကို လိုက်တွယ်ရမှာပါ။
အဲဒါကြောင့် Action ဆန်ဆန် Strategy သဘောကျတဲ့ Fan တွေတွက်
အရမ်းအကြိုက်တွေ့စေမှာပါ။
⚠️ Note ⚠️
Mod version ထည့်ပေးထားတာကြောင့် Skin , Skill , Money ကစ အကုန် Cheat
ပေးပြီးသားပါ။ တစ်ခုရှိတာက Google Account ကို မကြာမကြာ ဝင်ချိတ်တတ်တာကြောင့်
Screen မှာ Annoying ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ Costumes အမိုက်စားတွေနဲ့
ခပ်မိုက်မိုက်လေး ကစားလို့ရတာပေါ့။
[- Review -]
Game က Strategy ဆန်ဆန် တစ်ယောက်တစ်လှည့်စီချရမယ့် Turn Based ပုံစံမျိူးဖြစ်ပြီး
Card Game လို့လည်း ပြောလို့ရပါတယ်။ Cards 300 နဲ့ Skills ပေါင်း 100
ကျော်ပါဝင်တဲ့အပြင် Unique ဖြစ်တဲ့ Enemy အမျိုးစားပေါင်း 70 ထိပါဝင်တာပါ။ တကယ်
Card Game ဆိုပေမယ့် Action ဆန်ဆန် ဆော့ရတာက အတော်လေး အရသာရှိပါတယ်။
ဒီ Game မှာ အဓိက Main Character သုံးယောက်ထိ ပါဝင်ပြီး Ability Spell တွေက
တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီဇိုင်းတွေကစ offline game အနေနဲ့
အတော်စွဲမက်စရာကောင်းသလို ကောင်မလေးတွေကစ အတော်လေး Sexy ဖြစ်တာပါ။ Costumes
တွေနဲ့ဆိုရင် လုံးဝမိုက်တာပေါ့။ ဒါ့အပြင် Battle ထဲမှာ Camera Angle ကစ
အသေပုံစံမျိုးမဟုတ်ဘဲ ပတ်ပတ်လည်လည်ကို ကိုယ်ကြိုက်ရာနေရာကနေ ကြည့်လို့ရပါတယ်။
Boss Level ထိရောက်တိုင်း နောက်ထပ် Timeline တစ်ခုကို ခုန်ကူးသွားမှာမလို့
Location တွေကစ တူမှာမဟုတ်ပါဘူး။
Graphic ပိုင်းမှာဆိုရင်လည်း Performance , Balance နဲ့ Ultra ထိ ကြိုက်သလို
ချိန်ပေးလို့ရသလို fps ကစ 144 ထိ Support ပေးပါတယ်။ နောက်ထပ် Brightness နဲ့
Contrast color တွေကစ လိုသလို ထပ်ချိန်လို့ရသေးတာပါ။
ဒီလို Game မျိုးတွေကို သဘောကျတဲ့သူ ရှားနိုင်ပေမယ့် Graphic Quality
အတော်ကောင်းတဲ့အပြင် ဇာတ်အိမ်ဖန်တီးထားတာကစ တကယ်မိုက်တာပါ။ Timeline တစ်ခုလုံးကို
အနာဂတ်ကနေ ရှေးခေတ်ထိ အကုန်လိုက်တွယ်ရမှာမလို့ အားရစရာကောင်းတယ်။ နောက်ပြီး
Mission ပြီးတိုင်း Unlock ဖြစ်လာတဲ့ Card တွေကစ တစ်ဖြည်းဖြည်း Powerful
ဖြစ်လာတာကို တွေ့ရမှာပါ။ Damage Effect တွေ အတော်လှသလို Cards System ကစ
သုံးရင်သုံးတတ်သလို Battle မှာ အသားစီးရမှာပါ။
အသေးစိတ်ရှင်းပြရင် စာရှည်သွားမှာစိုးလို့ Cards ရဲ့ အလုပ်လုပ်ပုံတွေကို Game
ထဲမှာ ကိုယ့်ဘာကို Learning လုပ်လိုက်တော့နော်။ Size များပေမယ့်
တကယ်ဆော့လို့ကောင်းတဲ့ Game ဆိုတာ Recommend ပေးခြင်တယ်။ Mod version ဆိုပေမယ့်
God mod မပါဝင်တာကြောင့် Battle မှာ Strategy လိုအပ်သေးတာပါ။ ဘယ်လောက် Powerful
ဖြစ်အောင် Skill တွေ Upgrade လုပ်ထားပေမယ့် အခပ်မသင့်ရင် Battle မှာ ရှုံးသွားတဲ့
အခြေနေတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့် လျော့မတွက်ပါနဲ့။
Android version | 8 . 1 + |
Developer | Tino Games |
Network | Offline |
Price | Free |
App version | 14.1 |
Release date | April 11, 2022 |
Platform | Android / iOS |
Download Link
Type | Size | Link |
GoogleDrive [ Mod ] |
1.78 GB ( Apk Only ) |
Download |
Mediafire [ Mod ] |
1.78 GB ( Apk Only ) |
Download |
MEGA [ Mod ] |
1.78 GB ( Apk Only ) |
Download |
Apple iOS |
-- |
Coming Soon |
Comments