Rise Of Demons Mobile

° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Admin ကိုယ်တိုင် စောင့်နေတဲ့ Game လေးဖြစ်ပြီး iOS မှာ ထွက်ကတည်းက တန်းပြီး တင်ပေးခြင်နေခဲ့တာပါ။ အခု Android တွက် ဒီနေ့မှာဘဲ ထွက်လာတာကြောင့် Graphic မိုက်မိုက်နဲ့ ခပ်ကြမ်းကြမ်းဆော့ခြင်တဲ့ Fan တွေတွက် လုံးဝကို လက်မလွတ်သင့်ပါဘူး။ Game က Doom တို့နဲ့ နည်းနည်းသွားဆင်တူနေပြီး Zombie ကော Demons တွေပါ Wave ပုံစံနဲ့ တစ်ခန်းပြီးတစ်ခန်း ရှယ်ပစ်ရမှာပါ။ အရမ်းလည်း ခက်သလို အရမ်းလည်း Skill ရှိဖို့လိုအပ်တာကြောင့် FPS Crazy ‌သမားတွေတွက် အကြံပေးတဲ့အပြင် Graphic ကစ Mobile ရဲ့ Next Generation ကို မှီတာကြောင့် ဖုန်းမြင့်တဲ့သူတွေတွက် ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ ဒါ့အပြင် Controller ပါ Support ပေးထားတာကြောင့် တကယ် Gaming Consoles အရသာကို ပေးမှာပါ။ 
[- Review -]

Game က ဖုန်းတိုင်းတွက် Optimization မကောင်းပေမယ့် Setting မှာ လိုသလောက် ချိန်ဆော့ကြဖို့ အကြံပေးပါတယ်။ fps 60 ထိ lock လုပ်လို့ရပြီး refresh rate များတဲ့ ဖုန်းတွေတွက်လည်း စက်နိုင်ရင်နိုင်‌သလောက် fps ထွက်မှာပါ။ ဒီ Game မှာက Shadow တွေ Lighting Reflection တွေ တအားကောင်းတာကြောင့် ဖုန်းလည်း အတော်ကို ရုန်းရမှာပါ။ တကယ်လို့ fps drop တာမျိုးရှိခဲ့ရင် resolution ချိန်ကြည့်ဖို့ အကြံပေးတယ်။ Quality ကောင်းကောင်းဆော့ခြင်ရင်တော့ တစ်မျိုးပေါ့။ 
Game ပုံစံက Wave ကိုမှ level တက်တိုင်း ပိုပိုပြီး Challenge ဖြစ်လာမှာပါ။ ဒီတော့ Character နဲ့ Weapons Upgrade ‌တွေပါဝင်မှာဖြစ်ပြီး Level တက်လာတာနဲ့အမျှ လက်နက်တွေလည်း free unlock ဖြစ်လာမှာပါ။ မဟုတ်လဲ သီးသန့်ဝယ်လို့ရပါတယ်။ တခြား customize features ကတော့ ပါမလာသေးဘဲ microtransactions အနေနဲ့ Upgrade point နဲ့ တခြားဟာတွေကို ဝယ်ယူလို့ရပါတယ်။ 
Monster တွေထိတိုင်း သွေးဖြာသွားတာ‌တွေ ၊ Damage ပေါ်မူတည်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာတွေက အားရစရာကောင်းတာပါ။ ဒါပေမယ့် Game က နောက်ပိုင်း အတော်ကို ခက်ပါတယ်။ လက်မသွက် အထာမသိရင် ခဏတင် တန်းသေနိုင်တာပါ။ HP တွေ ၊ ကျည်တွေ ခဏတိုင်း ရန်သူစီက ရပေမယ့် ကိုယ့်ရဲ့ Weapon တိုင်းက ကျည်အကန့်သတ်နဲ့မလို့ သေချာ သုံးတတ်ဖို့လိုပါတယ်။ Extra အနေနဲ့ ဗုံးတွေ ၊ Dash တွေ၊ jumping တွေပါ ပါဝင်တာကြောင့် တကယ်ကို Action ဆန်ဆန်ကစားရမယ်ဆိုတာ သေချာပါတယ်။ 

Game Information

Android version 7 . 0 +
Developer HRC Logic Inc
Network Offline
Price Free
App version 0.962
Release date April 9, 2022

Download Link

Type Size Link

Playstore

636 MB

Download

Mediafire

[ Original ]

636 MB

( Apk Only )

Download

MEGA

[ Original ]

636 MB

( Apk Only )

Download

Apple iOS

727 MB

Download
 
⭐ ( HELLO Rating = 7.9 / 10 ) ⭐

ဖုန်းပူနိုင်တာကြောင့် overheat ဖြစ်မှာကို ဂရုစိုက်ပေးပါ။ 

Comments

လူကြည့်အများဆုံး GAMES