Tank Hunter 3

0% COMMUNITY SCORE
LOADING...
RATE:
° Tank Game ကိုမှ offline အပြင် Size နည်းနည်း ၊ Phyiscs ကောင်းကောင်း ၊ Graphic အသင့်တင့်နဲ့ ဆော့ခြင်တဲ့ Fan တွေတွက် လုံးဝ အကြိုက်တွေ့စေမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်က Tank တွေဖြစ်တဲ့ Tiger II, Maus, T-54, is-7, T95, M60 စတဲ့ အမျိုးစားအများကြီးကိုပါ တွေ့မြင်ရမှာပါ။ Tank Upgrade တွေ Skin တွေကစ ပါဝင်ပြီး Gameplay Mode အနေနဲ့ အဓိကအားဖြင့် Standard Battle နဲ့ Survival mode ဆိုပြီးဘဲရှိပါတယ်။ Standard Battle မှာဆိုရင် Tank 15 စီးပါဝင်တဲ့ Team နှစ်ခုယှဉ်တိုက်ရမှာဖြစ်ပြီး Survival Mode မှာတော့ Tank 30 ရှိတဲ့ Battle Ground ထဲမှာ နောက်ဆုံးကျန်တဲ့သူအဖြစ်နဲ့ ကြိုးစားရှင်သန်ရမှာပါ။ Map 3 ခုပါဝင်ပြီး Battle တိုင်းမှာပေးတဲ့ Winner Rewards ကလည်း အတော်များပါတယ်။ တခြား Free Mode အဖြစ်နဲ့ Coin ပေးပြီး ဆော့လို့ရတဲ့ Battle တွေလည်း ပါဝင်သေးတာကြောင့် Tank Game ကောင်းကောင်း ဆော့ခြင်တဲ့ သူတွေတွက် လက်မလွတ်သင့်ဘူးလို့ အကြံပေးခြင်ပါတယ်။ 
[- Review -]

Game က Size နည်းနည်းလေးနဲ့ တကယ် ဆော့‌ပျော်တာတော့ သေချာတယ်။ Tank ရဲ့ Body ဒီဇိုင်းတွေလည်း သေသပ်သလို အကြိုက်ဆုံး Panzer VI တွေပါ ထည့်ပေးထားတော့ ဆော့ရတာ အားရစရာကောင်းတယ်။ ဒါ့အပြင် Control ကစ Tank Gear ပုံစံနဲ့ ဖန်တီးထားတာမလို့ အရမ်းသဘောကျတယ်။ 
Game က Tank တွေကို ဟိုဘက် 15 စီး၊ ဒီဘက် 15 စီး အုပ်လိုက်ကြီး တိုက်ရတာ လွယ်တယ်လို့ထင်ရမယ့် တကယ်ကို ခက်တာပါ။ Auto Target တွေပါတာတောင် Tank Bullet ဖြစ်တဲ့ Shell (projectile) ကို ရွေးချယ်ရတာက အရမ်းအရေးကြီးပါတယ်။ ပြောခြင်တာက ရန်သူ့ဘက်က Armor ပေါ် မူတည်ပြီး အားနည်းချက်ကို ရှာပစ်နိုင်မှ Damage အများကြီးထိတာပါ။ လက်သာတည့်ရင် တစ်ချက်တည်း အပြီးသတ်ဖျက်ဆီးလို့ရတယ်။ ဒါပေမယ့် ‌မောင်းရင်း ပစ်ရတာရယ်၊ Reload ကြောင့် အခွင့်ရေးနည်းတာတွေက အနိုင်ရဖို့မလွယ်တာကြောင့် တကယ်ကို Challenge ဖြစ်တာပါ။ 
နောက်ပြီး Snow Map ကလွဲရင် ကျန်တဲ့ Map တွေက မြေပြင် အနိမ့်မြင့်တွေပါတော့ ဆော့ရတာ Drive ကော Combat ကစ အရေးပါတယ်။ မြေပြင်အမြင့်တွေကို အမှီပြုပြီး ရန်သူကို စောင့်ပစ်လို့ရသလို ရန်သူနဲ့ ထိပ်တိုက်တွေ့ချိန်မှာလည်း ‌Tank ကို ကောင်းကောင်း မောင်းတတ်ရုံနဲ့ impact လျော့အောင် ထိန်းချုပ်လို့ရတယ်။ အပေါ်ကပြောသလို Target နဲ့ Shell (projectile) ကို သေချာအသုံးပြုနိုင်မှ Battle မှာ အသာစီးရဖို့ဆိုတာ ဖြစ်နိုင်မှာပါ။ AI တွေကို လုံးဝ လျော့မတွက်ဖို့ အကြံပေးခြင်တယ်။ 

Game Information

Android version5 . 1 +
DeveloperYu Zhenhua
NetworkOffline
PriceFree
App version1.2.0
Release dateFebruary 15, 2022

Download Link

Type Size Link

Playstore

95 MB

Download

Mediafire

[ Original ]

95 MB

( Apk Only )

Download

MEGA

[ Original ]

95 MB

( Apk Only )

Download

Apple iOS

728 MB

Download
 

⭐ ( HELLO Rating = 7.7 / 10 ) ⭐


#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...