TEGRA

° ဒီတစ်ခါ Game လေးက Fan တွေအကြိုက် Open World Survival Game လေးဖြစ်ပြီး အရင် စစထွက်ခြင်းတုန်းကထက် အများကြီး ပိုကောင်းလာတာကို တွေ့မြင်ရမှာပါ။ ဒီထဲမှာဆိုရင် သင်က Portal တစ်ခုကနေ မှားရောက်လာတဲ့ လူတစ်‌ယောက်ဖြစ်ပြီး World Apocalypse ရဲ့ နောက်ဆုံး ကာကွယ်သူအဖြစ်နဲ့ ကစားရမှာပါ။ အကြောင်းကတော့ တခြား နယ်ပယ်တွေနဲ့ဆက်စပ်နေတဲ့ Portals တွေအကုန်လုံးဟာ ကမ္ဘာမြေတစ်နေရာတည်းမှာတင် အကုန်ပေါ်ထွက်လာပြီး Mission Fail သွားတဲ့ Alpha Team ရဲ့ ကိုယ်စား သင်ကိုယ်တိုင်ဘဲ တာဝန်ယူပေးရမှာပါ။ အဲဒီမတိုင်ခင် သင်ဟာ Portal Gate ကြီးကို ပြင်ပေးရင်းကနေ တောထဲမှာ Survive လုပ်ရမှာဖြစ်ပြီး Personal Assistant ဖြစ်တဲ့ Keith နဲအတူ World Apocalypse ကြီးမဖြစ်ဖို့တွက် ဇာတ်လမ်းသွားပုံစံ Cutscene တွေနဲ့အတူ ကစားရမှာပါ ။ တောထဲမှာဆိုတော့ ဓားပြတွေတင်မကဘဲ တခြား Dimensional World က Magical ဆန်ဆန် သတ္တဝါကြီးတွေအပြင် Zombies တွေကစ တွေ့မြင်ရမှာမလို့ အရမ်းသဘောကျကြမှာ သေချာပါတယ်။ 
[- Review -]

ဒီ Game ရဲ့ Early Access ထွက်ထွက်ခြင်းတုန်းကဆိုရင် Online version ဖြစ်ပြီး In Game Data တွေကစ ထပ်ဆွဲရသေးတာပါ။ ဒါပေမယ့် အခု Update အဆင့်ဆင့်နဲ့ In Game Data တွေအကုန်ပါပြီးသားမလို့ Offline တန်းဆော့လို့ရသွားတဲ့အပြင် Features အသစ်တွေနဲ့အတူ UI ဒီဇိုင်းတွေကစ ပြောင်းလဲလာတာပါ။ တကယ် Graphic ကစ အရင်ကထက် အများကြီး Improve ဖြစ်လာပြီး Map အသစ်တွေ items အသစ်တွေပါ ထပ်တိုးလာပါတယ်။ 
Game က အိမ်တွေပါ ဆောက်လို့ရပြီး Resources တွေရှာရင်းကနေ Items တွေပါ တစ်ခုပြီးတစ်ခု Craft ဖို့ရာတွက် Map အကုန် Explore လုပ်ရမှာပါ။ တစ်ခုကောင်းတာက ဒီ Game က ဇာတ်လမ်းသွားနဲ့ဖြစ်တာကြောင့် Quest တွေက အရေးပါပြီး Mission ပေါ်မူတည်ပြီး Location အသစ်တွေကို သွားခွင့်ရမှာပါ။ Game က Gold ဘာညာ အများကြီးရှိနေရင်တောင် တစ်ချို့ Resources တွေက ဝယ်လို့မရဘဲ ကိုယ်တိုင်ရှာရမှာမလို့ Challenge ဖြစ်ပါတယ်။ တစ်နေရာနဲ့တစ်နေရာသွားဖို့တွက် Energy လိုအပ်မှာဖြစ်ပြီး အချိန်မစောင့်ခြင်ရင်တော့ Portal Item တွေကို သုံးလို့ရပါတယ်။ 
ဒီတော့ Graphic လည်းကောင်း၊ Storyline လေးပါ ပါတဲ့အပြင် Offline Survival Game လေးမလို့ first person shooter သမားတွေကစ အကြိုက်တွေ့စေမှာပါ။ နောက်ပြီး Rating ကောင်းတွေ ရထားတဲ့ Game လေးဆိုလည်း မမှားပါဘူး။

Game Information

Android version 7 . 1 +
Developer Avega Games
Network Offline
Price Free
App version 1.4.03
Updated Aprilr 9, 2022
Platform Android / iOS

Download Link

Type Size Link

GoogleDrive

[ Mod ]

507 MB

( Apk Only )

Download

Mediafire

[ Modl ]

507 MB

( Apk Only )

Download

MEGA

[ Mod ]

507 MB

( Apk Only )

Download

Apple iOS

978 MB

Download

 Mod version မလို့ ပစ္စည်းအကုန် Free Shop လုပ်လို့ရမှာပါ။ တစ်ခုရှိတာက Purchased လုပ်ပြီးတိုင်း Loading ကြာနေတတ်တာကြောင့် ပြန်ထွက်ပြီး ပြန်ဝင်တာ အကောင်းဆုံးပါ။ ပြောရရင် ပစ္စည်းအကုန် ဝယ်လို့ရရင်တောင် တစ်ချို့ Resources တွေက ကိုယ်တိုင်ရှာရမှာမလို့ လွယ်လွယ်နဲ့ ပြီးမယ့် Game မျိုးတော့ မဟုတ်ပါဘူး။

⭐ ( HELLO Rating = 7.9 / 10 ) ⭐

Comments

လူကြည့်အများဆုံး GAMES