Trials Of Mana

° ဒီတစ်ခါ Game လေးက Hello Fan တွေ ဆော့ကိုဆော့ကြည့်သင့်တဲ့ ARPG Game ကောင်းလေးတစ်ခုဖြစ်ပြီး Console ပေါ်မှာ 1 million ထိ ရောင်းအားကောင်းခဲ့တဲ့အပြင် PC နဲ့ Nintendo Switch တွက်တင်မကဘဲ Mobile ပေါ်ကိုပါ Official ရောက်ရှိလာတဲ့ AAA Quality အဆင့်ရှိတဲ့ Game ကောင်းလေးတစ်ခုပါ။ ဒီ Game ကို Square Enix ကနေ ထုတ်လုပ်ဖြန့်ချီပေးထားပြီး Playstore နဲ့ Apple Store မှာ $23.99 ဒေါ်လာနဲ့ရောင်းချပေးနေတဲ့အပြင် မြန်မာငွေနဲ့ဆိုရင် ၄၅၀၀၀ လောက်ထိရှိတဲ့ Premium Game တစ်ခုဆိုလည်း မမှားပါဘူး။ 
° ဒီ Game ဟာ ၁၉၉၅ ခုနှစ်က ဂျပန်မှာ လူကြိုက်များ Hit ဖြစ်ခဲ့တဲ့ Seiken Densetsu 3 ကို 3D Remake အဖြစ် ပြန်လည် ထွက်ရှိလာတာဖြစ်ပြီး Mana Series ဆော့တဲ့ Fan တွေတွက် အရမ်းကို ကျေနပ်စရာကောင်းတာပါ။ အဓိက ဇာတ်ကောင် ၆ ယောက်ထိပါဝင်မှာဖြစ်ပြီး တစ်ယောက်ခြင်းစီရဲ့ Background Storyline ကစ တူညီမှာမဟုတ်ပေမယ့် ဒီဇာတ်လမ်းရဲ့ အဓိကပန်းတိုင်ကတော့ Mana Sword ကို ရအောင်ယူပြီး ကမ္ဘာကြီးကို ကယ်တင်ပေးရမှာပါ။ Total Playtime ပေါင်း နာရီ ၂၀ ကျော်ထိရှိတဲ့ ဇာတ်လမ်းကို တွေ့မြင်ရမယ့်အပြင် နယ်မြေတွေအများကြီးကိုပါ စိတ်ကြိုက် Explore လုပ်ခွင့်ရမယ့် offline Action RPG Game ကောင်းတစ်ခုဖြစ်တာကြောင့် အရမ်းအရမ်းကို သဘောကျစေမှာ အာမခံပါတယ်။
[- Review -]

ဒီ Game ကို Mobile Player အတော်များများ ဆော့ခြင်နေကြမယ်ဆိုတာ သေချာပါတယ်။ Game က Square Enix ကနေ ထုတ်ပေးထားတဲ့အပြင် အရင်က 2D Classic RPG Game ကို 3D Remake အဖြစ် ပြန်ပြောင်းထုတ်ပေးလိုက်တော့ အရမ်းသဘောကျစရာကောင်းတာပါ။ 2D Top Down View ကနေ 3D Third Person View ပြောင်းသွားတော့ Environment တွေကစ လုံးဝ အပီပြင် Explore လုပ်ခွင့်ရသွားတာပေါ့။ တစ်ဆက်တည်း Open World ပုံစံကြီးမျိုးမဟုတ်ပေမယ့် နယ်မြေတွေအများကြီးကို တစ်ခုခြင်း သွားရမှာမလို့ Location အများကြီးကိုပါ Explore လုပ်ခွင့်ရမှာပါ။ 
Game က Main Quest ကို တိုက်ရိုက်လုပ်လို့ရပေမယ့် ကိုယ့်ပတ်ဝန်းကျင်ရဲ့ နယ်မြေကို Explore လုပ်ရင်းကနေ Chest တွေ items တွေပါ Collect လုပ်လို့ရသေးတာပါ။ Save လုပ်လို့ရတဲ့ Statue တွေအပြင် Hidden Location တွေပါ ထည့်ပေးထားတာမလို့ Explore လုပ်လို့ အကောင်းဆုံး Game တစ်ခုလို့ ပြောလို့ရတယ်။ ဇာတ်လမ်းက Character 6 ယောက်ဆိုတော့ တစ်ယောက်ခြင်းစီရဲ့ ဇာတ်အိမ် အစကတော့ တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သဘောကျစရာကောင်းတာက ဒီ Game က ကိုယ်ရွေးထားတဲ့ Main Character တစ်ယောက်အပြင် Companion အနေနဲ့ ကျန်တဲ့ Character နှစ်ယောက်ကိုပါ Party အနေနဲ့ ရွေးချယ်လို့ရသေးတာပါ။ 
Companion တွေကို ထိန်းချုပ်လို့မရသလို စစခြင်းလဲ တန်းပါလာမှာ မဟုတ်ပါဘူး။ ဘာလို့ဆို ဇာတ်လမ်းအရ Main Character ရဲ့ ဇာတ်ကြောင်းအတိုင်း ဟိုဘက် Character ဒီဘက် Character ကို Storyline တလျှောက် အံဝင်ဂွင်ကျဖြစ်အောင် ချိတ်ဆက်ပေးသွားမှာပါ။ ဒီနေရာမှာ တစ်ခု Admin သတိထားမိတာက ကိုယ့်ရဲ့ အပြုမူကြောင့် တစ်ချို့ Companion နဲ့စုံမယ့် ဇာတ်အိမ်က တူမှာမဟုတ်ပါဘူး။ ဘာလို့ဆို Admin စစဆော့တုန်းက Angela နဲ့အတူ Barrier ဂူရှေ့မှာ Riesz ကို စတွေ့တာပါ။ ဒါပေမယ့် နောက်တစ်ခါပြန်ဆော့တော့ သူ့ကို အဲမှာ စမတွေ့တော့ဘူး။ သေချာ ကိုယ်ရောက်နေတဲ့ နေရာရဲ့ အိမ်တွေကိုပါ အကုန် လိုက် Explore လုပ်ရင်တော့ တစ်ချို့ Main Character တွေပါ တွေ့ကောင်းတွေ့နိုင်တယ်။ အိမ်ထဲတွေပါ အကုန်ဝင်လို့ရတယ်နော်။ 
Game က Character မတူရင် ဇာတ်လမ်းမတူဘူးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အစကတော့ ကွဲနေလိမ့်မယ်။ ဒါပေမယ့် Companion တွေနဲ့ စုံတဲ့အခါတိုင်း Flashback အနေနဲ့ Character အရံ‌တွေရဲ့ ဇာတ်လမ်းအတိုချုပ်ကိုပါ ထပ်ဆော့လို့ရသေး‌ပေမယ့် Main ရွေးပြီး ဆော့တာလောက်တော့ ကျယ်ကျယ်ပြန့်ပြန့်မပါဘူးပေါ့။ Gameplay က Real Time Combat တွေဘဲ ဆော့ရမှာဖြစ်ပြီး Ability Spell Elements တွေကစ ရှုပ်ရှုပ်ထွေးထွေးမဟုတ်ဘဲ Simple ဖြစ်တဲ့ Game ကောင်းတစ်ခုပါ။ Mobile တွက် Control Fix ဖြစ်တဲ့အပြင် Auto Target , Camera နဲ့ Combat တွေကစ ပါဝင်ပါတယ်။ Graphic Setting မှာ ဖုန်းနိုင်သလောက် ချိန်းလို့ရသလို Difficulty ကစ စိတ်ကြိုက်ရွေးလို့ရသေးတာပါ။ သဘောကျတာက Story ကြည့်ခြင်တဲ့သူတွေတွက် Low Difficult ထည့်ပေးထားတာပါ။ ပြောရရင် ဇာတ်လမ်းဘဲ ကြည့်ခြင်တဲ့သူတွေတွက် ခပ်မြန်မြန်ကစားလို့ရတာပေါ့။ 
Graphic လည်း အရမ်းလှသလို မတူညီတဲ့နယ်မြေတွေကိုပါ တစ်ခုပြီးတစ်ခု Explore လုပ်ခွင့်ရမှာဆိုတော့ Mobile Player တွေတွက် တကယ်ကို လက်မလွတ်သင့်တဲ့ Game ကောင်းတစ်ခုလို့ အကြံပေးပါတယ်။ နောက်ပြီး Game ရဲ့ နောက်ခံ Voice Actors တွေကစ တကယ်ကောင်းတာကြောင့် Soundtrack တွေဆို ပြောစရာမလိုအောင် နားထောင်ကောင်းတာပါ။ Size များပေမယ့် Story ကစားခြင်တဲ့သူတွေကော Explore လုပ်ခြင်တဲ့ ARPG Fan တွေတွက်ပါ လုံးဝအကြိုက်တွေ့စေမှာပါ။ 
Personal 

 Admin စဆော့တဲ့သူက Angela လေးဆိုတော့ သူ့ရဲ့ ဇာတ်လမ်းကိုဘဲ အတိုချုံ့ပြောပြတော့မယ်။ တကယ်လည်း ချစ်စရာကောင်းသလို Cute Voice လေးနဲ့ ဇာတ်လမ်းကစ စိတ်ဝင်စားစရာကောင်းတယ်။ ပြီးတော့ မင်းသမီးလေးဆိုတော့ ခပ်စွာစွာ ခပ်ချေချေပုံစံလေးက အရမ်း Cute တယ်။ 
Angela က Kingdom Of Magician တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ True Queen ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး အဖေမရှိတော့ပေမယ့် အမေရဲ့ အုပ်ချုပ်မှုအောက်မှာ တင်းတင်းကြပ်ကြပ်နဲ့ နေထိုင်လာခဲ့ရတဲ့သူပေါ့။ ဒီတော့ သူမက သူ့ကိုသူ ပျော်ရွင်ဖို့တွက် တခြားသူတွေကို စနောက်အချိန်ကုန်ရင်းက‌နေ Magic ပိုင်းမှာ ဘာမှမယ်မယ်ရရမတတ်‌ မြောက်ခဲ့ဘူးပေါ့။ ပြောရရင် Magician တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်မရဲ့ သမီးဖြစ်သူက Magic မသုံးနိုင်ဘူးဆိုတော့ အများပြောစရာဖြစ်ခဲ့တာပေါ့။ 
တစ်နေ့ကြ Magician တိုင်းပြည်ဟာ စွမ်းအားတွေ ယုတ်ရော့လာတာကို ပြန်ကယ်ဖို့တွက် ဘုရင်မနဲ့ နောက်လိုက်ဟာ Sanctuary Mana ကိုသွားပြီး Sword Mana ကိုယူဖို့ တိုင်ပင်ကြတယ်။ ခက်တာက Portal Gate ကို ဖွင့်ဖို့တွက် လုံလောက်တဲ့ စွမ်းအင်မရှိတဲ့အပြင် ကန့်သတ်ထားတဲ့ Magic တစ်ခုမလို့ True Queen ဟာ သူမရဲ့ သမီးဖြစ်သူ Angela လေးကို Sacrifice လုပ်ဖို့ ရက်ရက်စက်စက် ပြောခဲ့ပါတယ်။ Angela လေးက Magic မသုံးနိင်ဘူးဆိုပေမယ့် ဒီအကြောင်းကို ကြားကြားခြင်းမှာဘဲ စွမ်းအင်တွေ ပေါက်ထွက်ပြီး တိုင်းပြည်အပြင်ကို အထင်မှတ်ဘဲ ရောက်သွားတာ‌ပေါ့။ ဒီလိုကနေ သူ့အမေစီကိုလဲ မပြန်ရဲဘဲ ကြောက်စိတ်နဲ့ သူမရဲ့ အမေလက်ခံနိုင်လောက်မယ့် အရာတစ်ခုကို ကြိုးစားရှာဖွေရင်းကနေ Angela လေးရဲ့ Journey ဟာ စတင်လာခဲ့တာပါ။ 
ဘယ် Character ရွေးရွေး ကောင်းတယ်ဆိုပေမယ့် Cute Voice နဲ့ ခပ်ချေချေ Type လေးတွေ သဘောကျရင်တော့ Angela လေးက Funny ဖြစ်စေမယ်ဆိုတာ သေချာတယ်။ 

Game Information

Android version 7 . 0 +
Developer Square Enix
Network Offline
Price $ 9.99
App version 1.0.2
Release date Octoberr 1, 2021
Platform Android / iOS

Download Link

Type Size Link

Playstore

1.1 GB

$29.99
x

x

x

GoogleDrive

[ Full Paid ]

5.14 GB

( Apk+Data ) Zip

Download

Mediafire

[ Full Paid ]

5.14 GB

( Apk+Data ) Zip

Download

MEGA

[ Full Paid ]

5.14 GB

( Apk+Data ) Zip

Download

x

x

x

Apple iOS

3.4 GB

$29.99

 Game က Zip တစ်ခုတည်းမှာတင် Apk ကော Data ဖိုင်ပါ စုထည့်ပေးထားတာပါ။ နောက်ပြီး ပုံမှန်ရှိတဲ့ Download Size ထက် 300 MB ဝန်းကျင်လောက် ဆွဲရသက်သာအောင် ရသလောက် Zip ချုံ့ပေးထားပါတယ်။ ဒီ Game ကိုဆော့ဖို့တွက် အနည်းဆုံး မိမိရဲ့ ဖုန်းမှာ 10 GB အထက်လောက် လွတ်နေဖို့ လိုအပ်ပါတယ်။ Zip ဖြည်ပြီးရင်တော့ Apk နဲ့ ဖိုင်တစ်ခုထွက်လာမှာဖြစ်ပြီး Apk ကို Install တင်ပြီးရင်တော့ ကျန်တဲ့ဖိုင်ကို Android ထဲက Data ဖိုင်ထဲကို ရွေ့ပေးလိုက်ပါ။ ( သတိ - Obb ဖိုင်ထဲမဟုတ်ပါဘူး Data ဖိုင်ထဲပါ )Apk ကိုက 1 GB ထိရှိတာကြောင့် Install တင်ဖို့တွက်ပါ Storage များများရှိဖို့လိုအပ်တယ်နော်။ 

⭐ ( HELLO Rating = 8.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES