ARIDA Backland's Awakening

° ဒီတစ်ခါ အသစ်ထွက်လာတော့မယ့် Game လေးက အခုမှ Playstore ပေါ်မှာ Pre-register အဆင့်သာရှိသေးပေမယ့် Android User Fan တွေတွက်တော့ အစောဆုံး ဆော့ခွင့်ရမယ့် Premium Game ကောင်းလေးတစ်ခုပါ။ PC ကနေ ဆင်းလာတဲ့အပြင် ဒီ Game ဟာ သမိုင်းဝင် Historical Events ကိုမှ Adventure ဆန်ဆန်နဲ့ Survival Elements တွေပါ ပေါင်းစပ်ပေးထားတာကြောင့် အရမ်းသဘောကျစေမှာ သေချာပါတယ်။ မိုးခေါင် ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ ၁၉ နှစ်ရာစုက Brazilian backlands မှာ ဇာတ်အိမ်တည်ထားပြီး Cícera ဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ စွန့်စားခန်းတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် Awards တွေပါ ပိုင်ဆိုင်ထားပြီး Steam မှာပါ Rating ကောင်းတွေနဲ့အတူ အားပေးမှု အခိုင်မာရရှိထားတာကြောင့် Game အကြောင်းကို ပိုသိခြင်ရင် Review မှာဘဲ ဆက်ဖတ်ကြည့်တော့‌နော်။ 

[- Review -]

အရင်ဆုံး ဒီ Game က Brazil နိုင်ငံက Indie Developer team ဖြစ်တဲ့ လူ ၆ ယောက်တည်းနဲ့ ဖန်တီးပေးထားတာဖြစ်ပြီး PC မှာ အရင်ထွက်ရှိပြီးမှ အခု Mobile ပေါ်ကို ရောက်ရှိလာတာပါ။ PC မှာ ပိုကြည့်ကောင်းပေမယ့် Mobile version မှာလည်း အတော်သင့် ကြိုးစားပေးထားတာကြောင့် မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေထက် ဒီ Game ရဲ့ Historical Events က ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ 
အတိကျပြောရရင် ဒီ Game ရဲ့ ဇာတ်အိမ်ဟာ ၁၈၉၆ ခုနှစ်က Canudos Region မှာ ဇာတ်အိမ်တည်ပေးထားပြီး မိုးခေါင်မှုတွေကြောင့် တဖြည်းဖြည်း သက်ရှိတွေ သေကြေပျက်ဆီးလာတာကို ပုံဖော်ထားတာပါ။ ဒေသခံလူတွေဟာလည်း မိုးခေါင်တဲ့ ဒဏ်ကို ကြုံကြုံခံပြီး အပင်တွေကို ရအောင်ပြုစု‌ပျိူးထောင်ကြပေမယ့်လည်း ရေရှားပါးမှုကြောင့် အတော်ကို ရုန်းကန်ခဲ့ရတာပါ။ တစ်ချို့ကလည်း ရွေ့ပြောင်း စွန့်စားကြပြီး အဲဒီ ရွေ့ပြောင်းတဲ့ထဲမှာ ဒီ Game ရဲ့ အဓိက မင်းသမီးဖြစ်တဲ့ Cícera ရဲ့ မိဘတွေပါ ပါဝင်ခဲ့တာပေါ့။ ဒါပေမယ့် သူမကတော့ အဘိုးဖြစ်သူနဲ့ ကျန်နေခဲ့ပြီး အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ရေရှိရာ အရပ်ကို စွန့်စားရင်း သူမရဲ့ မိဘတွေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဇာတ်အိမ်လေးကို ဖန်တီးထားတာပါ။ 
( စိတ်ဝင်စားစရာကောင်းတာက ဒီ Game က ၁၉ ရာစုက Canudos Region ကို inspired ယူထားတယ်ဆိုပေမယ့် အဲဒီ Canudos က Brazil နိုင်ငံ Bahia အရှေ့မြောက်မှာရှိတဲ့ မြူနီစပယ်ဒေသတစ်ခုဆိုလည်း မမှားပါဘူး။ အခုလက်ရှိမှာတော့ Cocorobó ဆိုတဲ့ တာတမံဆည်ကြီးကြောင့် မူလမြို့တော်ဟာ ရေလွှမ်းမိုးခံခဲ့ရပြီး အထူးသဖြင့် သမိုင်းဝင် အမှတ်တရရှိ‌နေတာကတော့ ၁၈၉၅ ခုနှစ် ကနေ ၁၈၉၈ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တောင်သူလယ်သမားတွေနဲ့ Republican ရဲတွေကြားက ပဠိပခတွေကြောင့် War of Canudos ဆိုတဲ့ စစ်ပွဲကြီး စတင်ခဲ့တာပါ။ ပထမ ကျူးကျော်စစ် သုံးခုမှာ ရွာသားတွေက ခုခံနိုင်ခဲ့ကြပေမယ့် ၁၈၉၇ ခုနှစ် လေးကြိမ်မြောက်ကျူးကျော်စစ်မှာတော့ ရွာတစ်ခုလုံး လွှမ်းမိုးခံခဲ့ရတာပါ။ အရက်စက်ဆုံးကတော့ Brazilian စစ်တပ်ဟာ တစ်ရွာလုံးကို သက်ညှာမှုမရှိဘဲ သတ်ဖြတ်ခဲ့ကြပြီး အချက်လက်တွေအရ ရွာသူရွာသားပေါင်း ၂၅၀၀၀ နီးပါးလောက်ထိ အသတ်ခံခဲ့ကြရပြီး ၁၅၀ လောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြတာပါ။ တကယ်ကို ရင်နစ်စရာသမိုင်းဝင် အဖြစ်ပျက်တစ်ခုမလို့ October လရဲ့ နှစ်စဉ်နှစ်တိုင်း အထိန်းအမှတ်ဖြစ် ကျင်းပပြုလုပ်ပေးခဲ့ကြပြီး စာရေးဆရာ မျိုးဆက်အဆင့်ဆင့်ရဲ့ လက်ဆင့်ကမ်း ရေးသားခဲ့မှုကြောင့် သမိုင်းအဖြစ်နဲ့ ကျန်ရှိနေခဲ့တာပါ။ )
ဒီတော့ Fan တွေကိုပါ Admin က သမိုင်း Lecture ပေးလိုက်တာပေါ့။ စိတ်မဆိုးရဘူးနော် ဒါက ဘာရယ်မဟုတ်ဘူး Game ဆော့ရင်း Historical Events ကိုပါ သိရအောင်လို့ Admin က ရေးပေးတာ။ Game ထဲမှာ ပါတယ်လို့ မဆိုလိုဘူးနော်။ ဒီတိုင်း သိရအောင် ပြောပြတာ။ နောက်ပြီး ဒီ Game မှာ Admin သဘောကျတာက စစခြင်းမှာလာတဲ့ intro scene ကို သဘောကျတယ်။ အထူးသဖြင့် ကောင်မလေးပြောပြနေတဲ့ စာသားတွေက Admin ရင်ထဲတော့ ကဗျာတစ်ခုလို ကာရံညီနေတယ်လို့ ခံစားမိတယ်။ တခြားသူတွေ ဖြစ်မဖြစ်တော့ မပြောတတ်ဘူးပေါ့။ 
Game ရဲ့ ဇာတ်ကြောင်းကော အဲခေတ်အဲအခါ သမိုင်းဝင်ဖြစ်ရပ်တွေကော သိပြီးပြီဆိုတော့ Gameplay ပုံစံလေးကို အတိုချုံ့ဘဲ ရှင်းပြပေးတော့မယ်။ Game က Explore လုပ်ရမယ့် အမျိုးစားဖြစ်ပြီး Open World ဆန်ဆန် မိုးခေါင်တဲ့ အရပ်မှာ ကစားရမှာပါ။ ဒီတော့ ပဒုံမာပင်တွေက မင်မင်တို့ရဲ့ Local မှာလည်း မြင်ဖူးတွေ့ဖူးနေကြ‌ဆိုတော့ ဆော့ရတာ ‌တောထဲ ရောက်သွားသလိုတောင် ခံစားရတယ်။ Graphic ကလည်း PC version မှာ ပိုကောင်းတယ်ဆိုပေမယ့် Mobile တွက်လည်း အသင့်တင့်ပါဘဲ။ ဒီ Game မှာက Survival လုပ်ရတာ ပိုအရေးပါပြီး ခြောက်ကပ်ပူကြဲနေတဲ့ ဒေသဆိုတော့ ရေနဲ့ အစာက အတော်ကို ရှားတယ်ပြောရမယ်။ အဲဒါကြောင့် ကို့ရဲ့ Character ကို မသေအောင် အစာရေစာတွေ လိုက်ရှာစုဆောင်းရင် လိုအပ်ရင် လိုအပ်သလို Craft စနစ်တွေပါ ထည့်ပေးထားသေးတာပါ။ Quest တွေက Auto မဟုတ်တော့ သွားရလာရတာ မျက်စိလည်နိုင်ပေမယ့် သေချာဆော့ကြည့်ရင်တော့ အဆင်ပြေသွားမှာပါ။ နောက်ပြီး ဒီတစ်ခါတော့ Game ကို မ Spoil ပေးတော့ဘူးနော်။ ကိုယ့်ဘာကို ဟင်ကနဲ ဟာကနဲ ဆော့ကြည့်ကြတော့။ 

Game Information

Android version 8 . 0 +
Developer Aoca Game Lab
Network Offline
Price $ 2.00
App version 1.9.25
Release date Jun 3, 2022
Platform Android / iOS / PC

⭐ ( HELLO Rating = 8.3 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES