Dysmantle


ဒီတော့ အရင်ဆုံး ဘာလုပ်နိုင်မလဲဆိုတာထက် ဒီ Game လေးရဲ့ ဇာတ်လမ်းလေးကို အရင်ဆုံး
သိထားသင့်ပါတယ်။ အလွယ်ပြောရရင်တော့ သင်က Apocalypse မဖြစ်ခင်ကတည်းက
မြေအောက်ခန်းမှာ အစာရေစာတွေနဲ့အတူ လုံလုံခြုံခြုံကြိုတင်ပြင်ဆင်ထားခဲ့ပြီး
နောက်ဆုံး ကျွန်းတစ်ခုလုံးကို အစိုးရက Lockdown ချလိုက်တဲ့ အချိန်မှာတော့
သင့်အတွက် စုဆောင်းထားတဲ့ မြေအောက်ခန်းက အသက်ရှင်ဖို့တွက် အထောက်ကူပြုခဲ့တာပါ။
ဒါပေမယ့်လည်း ဘယ်လောက်ဘဲ စုဆောင်းထားပါစေ အချိန်တန် ရိက္ခာပြတ်တဲ့အချိန်မှာတော့
သင်က မြေအောက်ခန်းထဲကနေ ရဲရဲတင်းတင်း ထွက်လာခဲ့ပြီး နှစ်ပေါင်းအတော်ကြာမှ
မြင်တွေ့လိုက်ရတဲ့ ပတ်ဝန်းကျင်ဟာ သင့်အတွက်တော့ အံ့ဩစရာကောင်းလောက်အောင်ကို
ပြောင်းလဲသွားခဲ့တာပါ။

သဘာဝတရားကြီး လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်ဟာ သစ်ပင်ခြုံနွယ်တွေနဲ့အတူ
တောကြီးသဖွယ် ထူထပ်နေပြီး လူသူအရိပ်ယောင်တောင် မတွေ့ခဲ့ပါဘူး။ ဒါပေမယ့်
စိမ်းလန်းတဲ့ တောအုပ်တွေကြားက တိတ်ဆိတ်နေတဲ့လမ်းမထက်တွေမှာ Soul မရှိတော့တဲ့
ဖုတ်ကောင် Zombie တွေဟာလည်း ပြည့်နှက်လို့ နေတာကြောင့် ဒီ ကျွန်းကြီးကနေ
ထွက်ပြေးလွတ်မြောက်ဖို့တွက် နယ်မြေတွေအားလုံးကို စူးစမ်းစွန့်စားရင်း
အသက်အန္တရာယ်အမျိုးမျိုးကိုပါ ရင်ဆိုင်ကြုံတွေ့ရမယ့် Survival Game
ကောင်းလေးတစ်ခုပါ။

Game က Graphic ပိုင်းကိုတော့ အရမ်းကို သဘောကျမိပြီး ကစားနေရင်းကို Environment
ရဲ့ အသက်ဝင်မှုက နစ်မြောသွားစေမှာပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ အပေါ်က
စကားစခဲ့သလို မှန်ကန်တဲ့ Tools နဲ့သာဆိုရင် မြင်မြင်သမျှ အရာအားလုံးကို Destroy
လုပ်နိုင်တဲ့ထိ ဖန်တီးထားတာပါ။ ဒါ့အပြင် Combat ပိုင်းမှာဆိုရင်လည်း တကယ်ကို
Realistic ဖြစ်ပြီး Zombie ရဲ့ Damage တစ်ချက်နှစ်ချက်နဲ့တင် သေသွားနိုင်အောင်ထိ
Challenge ဖြစ်တာပါ။ အဲဒါကြောင့် အများစုကြုံဖူးတဲ့ Mobile Survival Game တွေလို
သူချကိုယ်ချ တည့်တည့်ကြီး ကိုယ်ခြင်းကပ် သတ်ပုတ်နေရတာမျိူးမဟုတ်ဘဲ ဒီ Game က
ရန်သူရဲ့ ဟာကွက်ကို စောင့်ပြီးမှ အမိရခုတ်ရတာမျိူးပါ။

တကယ်လို့ သေသွားရင်လည်း ပစ္စည်းအကုန်လုံးဟာ အဲနေရာမှာဘဲ ချန်ထားခဲ့ရမှာဖြစ်ပြီး
နောက်တစ်ခါ ပြန်သွားယူလို့လည်း ရပါတယ်။ Survival Game ဆိုတော့ မပါမဖြစ်ကတော့
Craft စနစ်ဖြစ်ပြီး Skill Upgrade တွေကစ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို
သေချာဖန်တီးထားတာပါ။ အစပိုင်း ရုန်းရပေမယ့် Upgrade လုပ်နိုင်ရင်တော့ ဆော့ရတာ
အတော်လေး အဆင်ပြေပါတယ်။ ဒီ Game က Story ထက် Gameplay နဲ့ Graphic ကို
ပိုဦးစားပေးထားပြီး Quest တွေကစ နောက်ပိုင်း အချိန်အတော်ပေးရတဲ့ထိ
ဆော့ကစားရမှာပါ။ Open World Game ဖြစ်တာကြောင့် နယ်မြေတွေကတော့ အတော်လေးကို
Explore လုပ်ခွင့်ရမှာဖြစ်ပြီး မတူညီတဲ့ Zombie type တွေကစ ဒီ Game ကို ပို
Challenge ဖြစ်အောင် ဆွဲဆောင်ထားတာပါ။

Survival Game ကြိုက်တဲ့သူကော Graphic မိုက်မိုက် ကစားခြင်တဲ့သူတွေတွက်ပါ
အကြံပေးရရင်တော့ နှစ်ခါပြန်လှည့်ကြည့်စရာ မလိုဘဲ အခုဘဲ Down ဆော့ကြည့်ကြဖို့
အကြံပေးပါတယ်။ တခြား ထူးခြားတဲ့ အပိုင်းလေးတွေကတော့ Text ပေါ်မူတည်ပြီး Emotional
Emoji လေးတွေပါ ထည့်ပေးထားတာပါ။





GAME INFORMATION
Developer
DOCOOL Limited
Version
1.0.4.23
Release
Jun 3, 2022
Updated
February 8, 2026
Network
Offline
Platform
Mobile / PC / PS / Xbox / NS
Download Size
768 MB
Total Size
1.2 GB
Controller
No Support
Multiplayer
Singleplayer Only
Monetization
Premium (Paid)
SYSTEM IMPACT[BALANCED]
System Requirements
Mobile Specs
- Android5 . 0 +
- iOS13 +
- RAM4 GB
- SOCSnapdragon 660 +
- Archarm64-v8a / armeabi-v7a
PC Specs
- CPUIntel Pentium 4 2.00GHz
- RAM2 GB +
- GPUATI FireGL T2-128
- DirectXVersion 9.0c
8.8
Amazing
DOWNLOAD LINKS
Download from the official servers to support the developers.
MOD DOWNLOADS
Download alternative versions for testing purposes.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...