Escape From School

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Admin ကိုယ်တိုင်ကို အတော်လေးသဘောကျပြီး Casual Game တွေထဲကိုမှ ထူးထူးခြားခြားနဲ့ Choice Storyline ကို ဦးစားပေး ဖန်တီးထားတဲ့ Horror Game လေးတစ်ခုပါ။ ဇာတ်အိမ်ကစ အရှေ့နောက်ကို သေချာ Movie ဆန်ဆန် ချိတ်ဆက်ပေးထားပြီး ဇာတ်ကောင်‌ Character တွေပိုင်းမှာလဲ ဘယ်သူက မင်းသမီးလို့ သတ်မှတ်လို့မရအောင်ထိ ကိုယ့်ရဲ့ ရွေးချယ်မှု Manner တွေကြောင့် ပြောင်းလဲသွားတာကို တွေ့ရမှာပါ။ 
° ဒီတော့ Game ရဲ့ ပုံစံက Level 40 ထိပါဝင်ပြီး Level တစ်ခုခြင်းစီတိုင်းမှာ ဇာတ်လမ်းအရ ရွေးချယ်မှု အဖြစ်ပျက်တွေအပြင် ကြားထဲမှာပါ Mini Game လေးတွေ ထည့်ပေးထားပါသေးတယ်။ အထူးသဖြင့် ဇာတ်လမ်းက အတိတ်ကို ပြန်ပြန်ပြီး ချိတ်ဆက်ပေးထားတာကြောင့် ဇာတ်ရည်လည်ရင်းလည်ရင်း ဘာဆက်ဖြစ်မလဲဆိုတာ သိခြင်အောင်ထိ ဆွဲခေါ်သွားမှာပါ။ ရွေးချယ်မှုကြောင့် Extra Scenes တွေ ပိုတွေ့မြင်ရနိုင်သလို ပိုဆိုးတဲ့ အဖြစ်ပျက်တွေနဲ့ Death ဖြစ်တဲ့ထိ ကြုံတွေ့ရနိုင်ပါတယ်။ အဲတော့ ကြောက်စရာကောင်းတဲ့ ညမှာ ရှင်သန်ဖို့ဆိုတာက သင့်ရဲ့ ရွေးချယ်မှုပေါ်ဘဲ မူတည်နေတာနော်။ 

Note ( သတိပေးသည့်အပိုင်း )
Game အသစ်မလို့ Sound Error ပါနေသေးပေမယ့် Dialogue တွေကြည့်ရုံနဲ့ အဆင်ပြေစေမှာပါ။ 

( Full Review ) ⚠️ Spoiler Warning ⚠️

ဒီတော့ Admin ကိုယ်တိုင် ဆော့ကောင်းကောင်းနဲ့ အပြီးထိ ဆော့ပြီးသွားတဲ့ အချိန်မှာတော့ ထူးခြားတဲ့ အပိုင်းတွေကို မထင်မှတ်ဘဲ သတိထားမိခဲ့တယ်။ 

အရင်ဆုံး ဇာတ်လမ်းကို ပြောရရင် ဒီ ပထမအပိုင်းမှာ လူသတ်သမားလိုက်လို့ ထွက်ပြေးတဲ့ ကောင်မလေးက Rachel ဖြစ်ပြီး တစ်ကျောင်းလုံးမှာ Hot အဖြစ်ဆုံး ကောင်မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် သူမကို Villain အသွင်အနေနဲ့ အတိတ်ကို ပြန်ပြတဲ့အပိုင်းမှာ ခပ်ဆိုးဆိုးမာနရှင်မလေးအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ကြားထဲမှာ နောက်ထပ် မင်းသမီးတစ်ယောက်က ထပ်ပေါ်လာအုံးမှာပါ။ Main Character လို့ပြောလို့ရပေမယ့် Game က Rachel ဘက်ကနေပါ ကစားခွင့်ပေးထားတော့ Admin ကတော့ Rachel ကိုဘဲ ပိုစိတ်ဝင်စားမိတယ်။
Main Character ဖြစ်တဲ့ သင်က အစက ခပ်ဝဝရုပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ဖြစ်ပြီး Rachel နဲ့တွဲနေတဲ့ ကောင်လေးကို Crush နေခဲ့တာပါ။ ကြားထဲမှာ Rachel နဲ့ Main Character နှစ်ယောက် အငြင်းပွားခဲ့ကြပြီး နောက်ဆုံး တစ်ကျောင်းလုံးရဲ့ Queen & King ရွေးချယ်ပွဲမှာ နှစ်ယောက်သား ဘယ်သူရမလဲဆိုတာ ပြိုင်ခဲ့ကြတဲ့ထိ ဖြစ်ခဲ့ကြတာပါ။ ဟုတ်တာပေါ့ Main Character က ခပ်ဝဝ ရုပ်ဆိုးလေးဆိုတော့ Queen ရွေးခံဖို့ရာ မဖြစ်နိုင်ပေမယ့် အဲဒီမှာ နောက်ထပ် Male Character တစ်ယောက်ဖြစ်တဲ့ ခပ်အေးအေး Max ဆိုတဲ့ တစ်ယောက်က ပေါ်လာပါသေးတယ်။ သူ့အဖေရဲ့ အကူညီနဲ့ Main Character ဟာ မထင်ထားလောက်အောင်ကို Gym မှာ ဝိတ်ချနိုင်ခဲ့ပြီး Votes အများကြီးရအောင်ထိ သူငယ်ချင်းတွေများအောင် သူ့အစ်မ မွေးနေ့ပွဲတွေထိ ခေါ်ခဲ့တာပါ။
အဲဒီမှာ Max ရဲ့ အစ်မဖြစ်သူက Main character ကို Makeup တွေကစ လုံးဝလန်ပြန်အောင် ပြောင်းလဲပေးခဲ့ပြီး နောက်ဆုံး အရပ်ချောအရမ်းလှတဲ့ သူတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ ဒီတော့ မင်းသမီးက Main Character ဖြစ်လိမ့်မယ်လို့ သင်‌ထင်ကောင်းထင်နိုင်ပေမယ့် Main Character ကလည်း အတော်လူလည်ကျတဲ့အပြင် Rachel နဲ့ သူ့သူငယ်ချင်းတွေကို သွေးခွဲတဲ့ထိ လုပ်ခဲ့သေးတာပါ။ အဲထက်ဆိုးတာတွေကို Choice ပေါ်မူတည်ပြီး တွေ့နိုင်သေးပေမယ့် ပြောရရင်တော့ မင်းသမီးနှစ်ယောက်လုံး အတော်ကို မကောင်းတာပါ။ Admin ဆို Main Character နဲ့တင် ရွေးချယ် ကောင်းမှုအကြောင်းပြုပြီး Crush ကော Max ပါ နမ်းခွင့်ရအောင်ထိ အကျင့်ယုတ်ခဲ့တာ။ 
အဲဒါကြောင့် Rachel ကို ပိုသနားမိပြီး Admin ရဲ့ Choice တွေကြားမှာတော့ Rachel က တကယ်ကို Good Girl ဖြစ်လာခဲ့တာပါ။ Spoiler စတက်ရမယ်ဆိုရင် အစက ဖြစ်ပျက်ခဲ့တဲ့ Rachel ကို လိုက်‌သတ်နေတဲ့ လူသတ်သမားဆိုတာက မထင်ထားဘဲ သူ့ကောင်လေးဖြစ်နေတာပါ။ Psycho ဝင်ပြီး သူ့ကိုယ်သူ Serial killer ပုံစံနဲ့ Rachel တင်မကဘဲ Main Character ကိုပါ လိုက်သတ်တဲ့ထိ ရူးနေခဲ့တာပါ။ ပြောရရင် Main Character ဖြစ်တဲ့ သင့်ကို သတ်မယ့်အချိန်မှာဘဲ Rachel က မြင်သွားခဲ့တာကြောင့် Rachel ကိုပါ လိုက်သတ်ခံခဲ့ရတာပါ။ နောက်ဆုံး Rachel လေးကဘဲ Main Character ဖြစ်တဲ့ သင့်ကို ကယ်ခဲ့ပြီး ဓားစာခံအဖြစ်နဲ့ သူမကိုယ်သူမပါ အရဲစွန့်ခဲ့တဲ့ထိ လုပ်ခဲ့တာပါ။ ဒါပေါ့ Logo image တွေကစ Rachel ပုံနဲ့ဘဲ တွေ့ရတော့ Rachel က ဒီဇာတ်လမ်းထဲမှာ အဓိက Main လို့ မြင်မိတယ်။ 
ထူးခြားတဲ့ အပိုင်းကို ပြောပါဆိုရင် ဒီ Game ထဲမှာ နောက်ထပ် Level 41 တစ်ခန်းပိုပါသေးပါတယ်။ Error ကြောင့် ဝင်မရပေမယ့် ထူးခြားတာက Title မှာ Case Switch လို့ ပေးထားတာပါ။ ဇာတ်လမ်းပြောင်းသွားမလားဆိုတာမသိပေမယ့် ထူးခြားတာက ဒီ Game မှာ Developer ကိုယ်တိုင်ကဘဲလား တစ်ယောက်ယောက်ဘဲလားမသိပေမယ့် Hidden Patch Menu ကို Original ထဲမှာ ထည့်ပေးထားတာပါ။ Screen ရဲ့ ညာဘက်အပေါ်ကို နိပ်လိုက်ရင် Hidden Patch List ပေါ်လာပြီး Ads fake လုပ်တာတွေ ၊ Coin ပိုထည့်တာတွေ ၊ Level ချိန်းတာ ၊ Choice Switch တာတွေထိ လုပ်လို့ရတာကို တွေ့မြင်ရမှာပါ။ 
ဒီတော့ အတိုချုံ့ပြောရရင်တော့ ဇာတ်လမ်းသာမန်လေးနဲ့ Choice Game ကောင်းတစ်ခုဖြစ်အောင် ဖန်တီးပေးထားပြီး Loops ဖြစ်နေတဲ့ Fake ကြေငြာ Game တွေထက်စာရင် ဒီ Game က တကယ်ကို ဇာတ်လမ်းအတိုင်း ဖန်တီးပေးထားတာပါ။ Portrait မလို့ Screen ဒေါင်လိုက်ကြီးဆိုပေမယ့် ဆော့ရတာ ပိုကျယ်ကျယ်ဝန့်ဝန့်နဲ့ လူသတ်သမားလာကြည့်တာတွေကစ စိတ်လှုပ်ရှားစရာကောင်းအောင် ခံစားရမှာပါ။ 

Game Information

Android version 5 . 0 +
Developer Odin Interactive
Network Offline
Price Free
App version 1.007
Release date Jun 24, 2022
Platform Android

⭐ ( HELLO Rating = 7.8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES