Feeling From Monsters

° အသစ်ထွက်ထားတဲ့ ဒီ Game လေးကို အပျော်တန်း Developer တစ်ယောက်တည်းကနေ ဖန်တီးပေးထားတာဖြစ်ပြီး Level Design နဲ့ Gameplay ကစ Mobile တွက် အတော်သဘောကျစရာကောင်းတာပါ။ Size လည်း နည်းသလို In Game Purchased နဲ့ Microtranstation တွေ လုံးဝမပါဝင်ဘဲ Storyline နဲ့ ဇာတ်လမ်းတိုပုံစံကို ဦးစားပေးထားတာကြောင့် အနီးစပ်ဆုံး RE လို အငွေ့သက်မျိုးကို Third Person Shoulder View နဲ့ကစားရမှာပါ။ ဇာတ်လမ်းပိုင်းမှာဆိုရင်လည်း သင်က ကွင်းဆက်လူသတ်သမားကို လိုက်စုံစမ်းရင်းကနေ မထင်မှတ်ဘဲ လူသတ်သမားက သင့်ကို အရင်ဖမ်းမိသွားတာကြောင့် ငရဲခန်းဖြစ်တဲ့ လူသတ်ကွင်းကြီးထဲကနေ လွတ်မြောက်အောင် ကစားရမှာပါ။ စိတ်မနှံ့တဲ့ လူတွေအပြင် လွှစက်ကြီးကိုင်ပြီး လိုက်သတ်တဲ့အကောင်ကြီးတွေပါ ပါဝင်သေးတာကြောင့် အရမ်းစိတ်လှုပ်ရှားစေမှာ သေချာပါတယ်။ 

[- Review -]

အရင်ဆုံးပြောခြင်တာက Game က Size လည်း နည်းသလို Developer တစ်ယောက်တည်းကနေဘဲ အပျော်တန်းဖန်တီးပေးထားတာကြောင့် သူ့ဟာနဲ့သူ အဆင်ပြေတယ်လို့ ပြောရမှာပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် သင်က Amber ဆိုတဲ့ အရာရှိစုံထောက်တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး မြို့ထဲမှာ လူတွေဆက်တိုက် ပျောက်‌ဆုံးမှုကြောင့် နေ့ညမနားဘဲ စုံစမ်းဖော်ထုတ်နေရတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့ကြတော့ သူမ လိုက်ရှာနေတဲ့ လူသတ်သမားဟာ သူ့အိမ်ရှေ့ကို မဖိတ်ခေါ်ဘဲ စိုက်စိုက်မြိုက်မြိုက်ကြီး ရောက်ချလာခဲ့ပြီး သူမကိုပါ ပြန်ပေးဆွဲသွားခဲ့တာ‌ပါ။ ဟိုရောက်တော့ ဖမ်းမိတဲ့ လူတွေကို လွှစက်တွေနဲ့ အရှင်လတ်လတ် တိုက်ဖြတ်သတ်နေ‌တာကြောင့် Amber တစ်ယောက် ဒီငရဲခန်းကနေ လွတ်အောင် ကြိုးစားရမယ့်ပုံစံနဲ့ ကစားရမှာပါ။ 
Game ကို စဆော့တုန်းက အတော်လေးကြာအောင် ထိုင်ကစားမိခဲ့ပြီး တကယ်လည်း ဆော့ကောင်းတဲ့ Game လို့ ပြောလို့ရပါတယ်။ ဘာလို့ဆို Camera အနေထားကော ပစ်ကွင်းချိန်တဲ့ပုံစံတွေကစ Shoulder View နဲ့ဆိုတော့ ကစားရတာ ကျေနပ်စရာကောင်းတယ်။ Level ကို အခန်းလိုက် တစ်ခုပြီးမှ တစ်ခုဆော့ရတာမျိုးမဟုတ်ဘဲ တစ်ဆက်တည် ဇာတ်ရှိန်မသေအောင် ဆက်ပေးထားတာကိုလည်း သဘောကျမိတယ်။ Game က ရိုးရိုးရှင်းရှင်းပုံစံလေးဖြစ်ပြီး ဘာ Weapon အပို ၊ Upgrade စနစ်တွေကစ မပါဝင်ပါဘူး။ ပစ်စတိုတစ်လက်နဲ့ တစ်ကိုယ်တော်စွန့်စားရမှာဖြစ်ပြီး Boss နီးပါးရှိတဲ့ Monster တွေကြ‌ရင်တော့ ပါးပါးနပ်နပ်နဲ့ ကစားရမှာပါ။ နောက်ပြီး ကုန်းပေါ်တင်မကဘဲ ရေအောက်ထိပါ အသားစားငမန်းတွေနဲ့ ရင်ဆိုင်ရမှာဆိုတော့ Game က အတော်လေးကို မိုက်တာပါ။
လိုအပ်တဲ့အပိုင်းတွေရှိနေသေးပေမယ့်လည်း သူ့ Size နဲ့ သူ အဆင်ပြေနေ‌တာကြောင့် Admin ကတော့ သဘောကျမိတယ်။ YouTube မှာလည်း Admin ဆော့ထားတဲ့ Gameplay Walkthrough ကို Full တင်ပေးထားတာကြောင့် Level တစ်ခုခုမှာ တစ်နေရင် Check ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတိုလေးမလို့ အပျင်းပြေစေတာတော့ အမှန်ဘဲ။

Game Information

Android version 4 . 1 +
Developer MaxOwe Games
Network Offline
Price Free
App version 0.1
Release date June 19, 2022
Platform Android

⭐ ( HELLO Rating = 7.6 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES