Hello Neighbor Diaries

° ဒီတစ်ခါ Mobile ပေါ် အသစ်ထွက်ရှိလာတဲ့ Game လေးကတော့ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ Hello Neighbors ရဲ့ Game သစ်လေးတစ်ခုဖြစ်ပြီး Free To Play အနေနဲ့ပါ ထွက်ရှိလာခဲ့တာပါ။ ဒီ Game ကို USA အခြေစိုက် tinyBuild ဆိုတဲ့ Indie Developer တွေကနေ ဖန်တီးပေးထားတာဖြစ်ပြီး သံသရဖြစ်စရာကောင်းတဲ့ အိမ်နီးခြင်းလူတစ်ယောက်ကို စုံစမ်းရင်းကနေ နောက်ကွယ်က ထိတ်လန့်စရာအဖြစ်ပျက်တွေကို ကိုယ်တိုင် စိတ်လှုပ်ရှားဖွယ်ကစားရမှာပါ။ Graphic ကစ Mobile တွက် အရမ်းကြည့်ကောင်းတဲ့အပြင် Gameplay ကစ Puzzle တွေနဲ့ Mystery ဆန်ဆန် Horror Vibe ပါ ခံစားစေရမယ့် Adventure Game ကောင်းလေးတစ်ခုပါ။ 

[- Review -]

ကိုယ့်အိမ်ရဲ့ အိမ်နီးနားချင်းတွေကို စူးစမ်းလေ့လာတတ်တာကောင်းပေမယ့် လိုတာထက် ပိုသိသွားရင်တော့ အဲဒီ အိမ်နီးနားချင်းဟာလည်း သင့်အတွက် အိမ်မက်ဆိုးဖြစ်သွားနိုင်ပါတယ်။ ဒီ Game မှာဆိုရင်လည်း သင့်ရဲ့ အိမ်နီးနားခြင်းဟာ ရက်စက်တဲ့လူသတ်သမားတစ်ယောက်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပြီး ဒီအကြောင်းရာနဲ့ပတ်သတ်ပြီးတော့ အမှန်တကယ်ဟုတ်မဟုတ်ဆိုတာကတော့ သင်ကိုယ်တိုင်ဘဲ အဲဒီအိမ်မှာ သွားရောက်အဖြေရှာရမှာပါ။ အရမ်း စွန့်စားရာကျသလို အမှန်တကယ်သာ ကောလဟာလတွေအတိုင်း ဖြစ်နေခဲ့ရင်တော့ သင့်အနေနဲ့ ဘယ်လို ‌ဖြေရှင်းမလဲ ၊ နောက်ပြီး အဲလို ရက်စက်တတ်တဲ့ လူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေတာကကော တကယ်အပြင်မှာသာဆိုရင် သင့်‌အနေနဲ့ ဘယ်‌လိုခံစားရမလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ 
ဒီတော့ Game ရဲ့ Graphic ပိုင်းမှာလည်း Object Model တွေထိ အသေးစိတ်ကြည့်လို့ကောင်းပြီး Option နဲ့ပတ်သတ်ရင်တော့ Frame rate လောက်သာ 30 နဲ့ 60 ရွေးချယ်ခွင့်ရှိတာပါ။ Microtranstation စနစ်ပါဝင်ပြီး Shop ထဲမှာ Daily Rewards တွေပါ ထည့်ပေးထားပါတယ်။ Gameplay က အိမ်နီးချင်း အိမ်ကို သွားပြီးတော့ ပိုင်ရှင်မသိအောင် သဲလွန်စတွေ ၊ သံသရဖြစ်စရာတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး Challenge ဖြစ်တာကတော့ ဘာလုပ်ရမလဲဆိုတာကို အသေးစိတ် ဖော်ပြမပေးထားတာပါ။ ကိုယ့်အိမ်ရဲ့ whiteboard ပေါ်မှာသာ ဆက်လုပ်ရမယ့် တာဝန်တွေကို ပုံလေးတွေနဲ့ သဲလွန်စပေးထားတာကြောင့် ကျန်တာကတော့ ကိုယ့်ဘာကိုဘဲ အဖြေရှာပေးရမှာပါ။ အဲလိုရှာရင်းကနေ ရက်စက်တတ်တဲ့ ပိုင်ရှင်လက်စီကနေပါ လွတ်အောင်ကစားရမှာဆိုတော့ အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာ သေချာပါတယ်။ 

Game Information

Android version 6 . 0 +
Developer tinyBuild
Network Online
Price Free
App version 0.1
Release date June 21, 2022
Platform Android

⭐ ( HELLO Rating = 8.1 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES