Last Hope 3 Sniper Zombie War

0% COMMUNITY SCORE
LOADING...
RATE:
° ဒီတစ်ခါ Playstore မှာ Pre-register အဆင့်သာရှိသေးတဲ့ မထွက်သေးတဲ့ Game အသစ်လေးတစ်ခုကို HELLO Fan တွေက အစောဆုံး ဆော့ခွင့်ရမှာဖြစ်ပြီး Offline ကိုမှ Story Mode ပါထည့်ပေးထားတော့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ အရင်က ထွက်ထားတဲ့ Last Hope Series တွေလိုဘဲ ပိုကောင်းတဲ့ Graphic Environment ကို ဖန်တီးပေးထားပြီး FPS သမားတွေတွက်တော့ Blood Effect တွေနဲ့တင် သဘောကျမှာပါ။ Game က Story Mode အပြင် Side Mission နဲ့ Sniper Mode တွေပါ ထည့်သွင်းပေးထားတာကြောင့် Size နည်းနည်းလေးနဲ့ Graphic ကောင်းကောင်း ဆော့ခြင်တဲ့သူတွေတွက် လက်မလွတ်သင့်ပါဘူး။ ဒါပေမယ့် တစ်ချို့သူတွေတွက် အားရမှာမဟုတ်တဲ့ အပိုင်းတွေကို ပိုသိခြင်ရင်တော့ Review မှာဘဲ ဆက်ဖတ်ကြည့်တော့နော်။ 

[- Review -]

အရင်ဆုံး Game ရဲ့ ဇာတ်လမ်းလေးက ပုံမှန်ရင်းနှီးပြီးသားဖြစ်တဲ့ Virus Apocalypse တစ်ခုကို ကြုံတွေ့ရမှာဖြစ်ပြီး ထူးခြားတာက လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမဟုတ်ဘဲ အသက်ရှင်ဖို့တွက် နောက်ဆုံးဖြစ်နေတာပါ။ စစ်တပ်က Virus နဲ့ပတ်သတ်ပြီး စမ်းသပ်မှုတွေလုပ်ထား‌တာကြောင့် ပုံမှန် တွေ့နေကြ Zombie တွေထက် ပိုထူးခြားတဲ့ အကောင်တွေကို ရင်ဆိုင်ရမှာဖြစ်ပြီး တာဝန်နဲ့အတူ ရောက်လာတဲ့ သင့်အတွက်တော့ Zombie တွေတင်မကဘဲ ရန်သူ့ဘက်က Super Solider တွေကိုပါ ရင်ဆိုင်ကြုံတွေ့ရမယ့် Game ကောင်းလေးတစ်ခုပါ။ 
ဒီတော့ Game ရဲ့ ဇာတ်လမ်းလေးကလည်း မိုက်သလို Graphic ပိုင်းမှာလည်း In Game Environment က အတော်အသက်ဝင်အောင် ဖန်တီးပေးထားတာပါ။ ပုံမှန် Game တွေထက် ပိုကြည့်ကောင်းသွားတာက ဒီ Game ရဲ့ မြင်ကွင်းက Green Color ဘက်ဦးစားပေးထားပြီး စိမ်းညှို့ညှို့ Effect တွေကြောင့် မြို့ပျက်ကြီးထဲက လူသူမနေတော့တဲ့ ပတ်ဝန်းကျင်ဟာ သဘာဝတရားကြီးနဲ့အတူ ရောထွေးနေပြီး Winter Season လို လေတွေအမြဲတိုက်နေတဲ့ အသွင်ပုံစံကိုယူထားတာပါ။ အဲဒါကြောင့် In Game ရဲ့ အပင်မှန်သမျှ ယိမ်းထိုးနေတာဟာလည်း ဒီ Game ရဲ့ ဆွဲဆောင်စေတဲ့ အချက်တစ်ခုလို့ ပြောလို့ရပါတယ်။ 
နောက်တစ်ခု သဘောကျတာက ဒီ Game ရဲ့ ဓာတ်ခွဲခန်းအပိုင်းတွေဆိုရင် အမှောက်ချထားပြီး ဓာတ်မီးရဲ့ Light တစ်ခုတည်းနဲ့တင် ကစားရတာကြောင့် အတော်လေးသဘောကျမိတယ်။ အထူးသဖြင့် Zombie တွေ အပြုံလိုက် ရုတ်တရက်ထွက်ထွက်လာသလို ပစ်လိုက်တိုင်း ဖြာထွက်လာတဲ့ Blood Effect တွေကလည်း Day ထက် ပိုပြီးတောင် ကြည့်ကောင်းနေတာပါ။ Graphic ပိုင်းနဲ့ပတ်သတ်ပြီး ခြုံပြောရရင်တော့ တကယ် Size နဲ့မလိုက်အောင် သဘောကျမိတယ်။ 
အပေါ်မှာ ပြောခဲ့သလို Gameplay Mode တွေမှာ Story အပြင် Side Mission တွေကနေပါ ပိုက်ဆံစုရတတ်ပြီး Weapon တွေ Upgrade လုပ်ဖို့တွက် မဖြစ်မနေကို လိုအပ်တာပါ။ ဘာလို့ဆို Story Mode က Gun Power အရေးကြီးတာကြောင့် နောက်ပိုင်း Mission တွေဆိုရင် တော်ရုံတန်ရုံ အနိုင်ရဖို့ရာ မလွယ်တော့ပါဘူး။ Energy စနစ်ပါတာကြောင့် တစ်ချိန်လုံး ဆော့လို့လည်း မရပါဘူး။ 
ဒီ Game မှာ တစ်ချို့သူတွေ တကယ် သဘောမကျမယ့် အပိုင်းကတော့ Game က Free Move မဟုတ်ဘဲ Action Move နဲ့ကစားရမှာပါ။ ကိုယ့်ဘက်က ရန်သူကို ချိန်ပစ်ပေးရုံဘဲဖြစ်ပြီး တစ်နေရာတည်းမှာ အမြဲမဟုတ်ဘဲ နေရာတွေတစ်ခုပြီးတစ်ခု Action ဆန်ဆန်သွားပေးထားပါ။ ဒါပေမယ့်လည်း Cutscene တွေပါ ထည့်ပေးထားသေးတာကြောင့် Admin အနေနဲ့တော့ မဆိုးဘူးလို့ ထင်မိတယ်။ ပြီးတော့ Recoil တွေကစ ထိန်းပစ်ရတာဖြစ်ပြီး Reload နဲ့ ရန်သူလာတဲ့ အရှိန်ကစ ကိုယ့်ကိုကိုယ်မထိခိုက်အောင် သေချာချိန်ပြီး ကစားရတာမျိုးပါ။ တစ်ခါလေ အခြေနေမဟန်ရင် Secondary Weapon ကစ အမြန်ပြောင်းပြီး ပစ်ရတာမျိုးလဲ ရှိတယ်။
 မကြိုက်တဲ့အပိုင်းကတော့ Game က Zombie တွေနဲ့ဆို ကိစ္စမရှိပေမယ့် စစ်သားတွေနဲ့ဆိုရင်တော့ ရှောင်မရပြုမရ သူပစ်ကိုယ်ပစ်ကြီးတော့ သိပ်သဘောမကျမိဘူး။ Mobile ထုံးစံတိုင်း Free To Play ဆိုတော့ Microtranstation က ပါအုံးမှာဖြစ်ပြီး Offline ဆိုပေမယ့် Online ဖွင့်ကစားရင်တော့ Ads တွေပါ တစ်ခါလေ တက်နေတာပါ။ ဒါပေမယ့်လည်း အပျင်း‌ပြေ အချိန်ဖြုန်းလို့ကောင်းတဲ့ Shooting Game လေးမလို သဘောကျကြမယ်လို့ ထင်မိပါတယ်။ 

Game Information

Android version 6 . 0 +
Developer JE Software AB
Network Offline
Price Free
App version 0.1
Release date June 14 2022
Platform Android / iOS

⭐ ( HELLO Rating = 7.9 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...