Mata Batin
° ဒီတစ်ခါ Game လေးကတော့ Asia Horror Game လေးဖြစ်ပြီး နာမည်ကိုက
စိတ်ဝင်စားစရာကောင်းတာပါ။ Mata Batin ဆိုတာက Indonesia ဘာသာစကားတစ်ခုဖြစ်ပြီး
အဓိပ္ပာယ်ကတော့ Inner Eyes ဒါမှမဟုတ် The Third Eye လို ခေါ်လေ့ရှိတာပါ။
နားလည်လွယ်အောင်ပြောရရင်တော့ သာမန်လူတွေမမြင်နိုင်တဲ့ လောကမြင်ကွင်းတစ်ခုကို
မြင်တွေ့နိုင်တာမျိူးပါ။ ဒီ Game မှာဆိုရင်လည်း သင်က ဆိုင်ကယ်ပျက်သွားလို့
အနားမှာ ရှိတဲ့ အိမ်တစ်ခုကို ဝင်အကူညီတောင်းရင်းကနေ မထင်ထားတဲ့
အဖြစ်ပျက်တွေနဲ့အတူ Horror ဆန်ဆန် Asia အငွေ့သက်တွေနဲ့ ကစားရမှာပါ။
ထူးထူးခြားခြား အခန်းတွေလဲ ပါသလို ဒီ Game ကို ထုတ်တဲ့ Developer ကလည်း Fan
အကြီးစားကြီးလို့ မြင်မိတယ်။ ဘာလဲဆိုတာ သိခြင်ရင်တော့ Review မှာဘဲ
ဆက်ဖတ်ကြည့်တော့နော်။
[- Review -]
အရင်ဆုံး Game ရဲ့ ဇာတ်လမ်းလေးကို စရရင်တော့ နည်းနည်းတော့ ကျောချမ်းမိတယ်။
ဘာလို့ဆို ဆိုင်ကယ်ပျက်လို့ ဝင်အကူညီတောင်းလိုက်တဲ့ အိမ်က တကယ်ကို မဝင်သင့်တဲ့
အိမ်ဖြစ်နေလို့ပါ။ အကြောင်းကတော့ ယောက်ျားဖြစ်သူက သူ့မိန်းမကို ခေါင်းတည့်တည့်
သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပြီး သေသွားတဲ့ မိန်းမဖြစ်သူက သူမရဲ့ အစွဲလမ်းကြောင့်
ဒီအိမ်ကြီးထဲမှာ မကျွတ်မလွတ်ဘဲ ကျန်ခဲ့တဲ့သူတွေကို လာလာပြီး
စောင့်ကြည့်နေတာမျိုးကို ကြုံတွေ့ရမှာပါ။ ပြောရရင် သင့်အနေနဲ့ ထီအကြီးကြီး
ပေါက်သွားတာမျိုးပေါ့။
မေးစရာရှိတာက Asia က လူတွေအနေနဲ့ သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲကို လူမရှိဘဲ
ဝင်တာမျိုးက သဘာဝမကျမိဘူးလို့ထင်မိတယ်။ အထူးသဖြင့် ညသန်ခေါင်ယံကြီးကိုမှ
တိတ်ဆိတ်ပြီး ခြောက်ခြားစရာအချိန်မျိုးကိုပေါ့။ ခုဟာက သင်က ဆိုင်ကယ်ပျက်လို့
သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲကို လူမရှိမှန်းသိရက်နဲ့ ဇွတ်ဝင်ချသွားပြီး အခန်းတွေထဲ
လျှောက်ဝင် ၊ ဟိုရှာ ဒီရှာနဲ့ နောက်ဆုံး သရဲမနဲ့ ပက်ပင်းတိုးတော့မှ အတင်းအိမ်ထဲက
ပြန်ထွက်ခြင်တာမျိုးဖြစ်နေတယ်။ ဒီတော့ သရဲမကလဲ ဘယ်ရမလဲ သူ့အိမ်ထဲကို ဘယ်ကကောင်
ဝင်လာတာလဲဆိုပြီး တံခါးပိတ် သော့ခတ်လိုက်ရုံတင်မကဘဲ ဗီရိုကြီးပါ
ထွက်မယ့်အပေါက်ကို ပိတ်ချပစ်လိုက်တာ အေးရော။ အစက ဖြည်းဖြည်းခြင်းဘဲ
လမ်းလျှောက်တတ်တဲ့ သင်က သရဲမ လည်ပင်းညှစ်ခံ ရပြီးမှ ပြေးတဲ့ ခလုပ်တွေပါ သူ့ဘာသူ
ပေါ်လာတော့တာ။
နောက် အပေါ်မှာ ပြောခဲ့တဲ့ ထူးဆန်းတာ ဒါမှမဟုတ် Weird ဖြစ်တာကို ပြောပါဆိုရင် ဒီ
Game မှာ Otaku တစ်ယောက်ရဲ့ အခန်းကြီးကို မြင်တွေ့ခွင့်ရမှာပါ။ ဘယ်လောက်ထိ
ထူးဆန်းလဲဆိုရင် Waifu ပုံလေးတွေ နံရံမှာ ချိတ်ထားရုံတင်မကဘူး အိမ်ယာပေါ်မှာပါ
ဟိုဟာကြီးပါ တင်ထားတော့ တကယ့်အကောင်ကြီးလို့ ထင်မိတယ်။ ဒါတင်ဘဲလားဆိုတော့
မဟုတ်သေးပါဘူး နောက်တစ်ခန်းမှာဆိုရင်လည်း K pop ပုံတွေပါ ချိတ်ထားသေးတာပါ။ အဲတော့
နည်းနည်း တွေးမိတာကို ပြောရရင် သရဲမ သားသမီးတွေရဲ့ Privacy Room ကို သင်က
စပ်စုမိတော့ သရဲမက သင့်ကို ပြန်မလွတ်တော့တာလဲဖြစ်နိုင်သလို သရဲမက သင့်ကိုပါ
သူမရဲ့ သားသမီးထင်ပြီး ခေါ်ထားတာမျိုးလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲသရဲမကလည်း
လာစပ်စုတာဆိုတော့ စပ်စုစိန်နှစ်ယောက် ဒီ Game ထဲမှာ ပတ်ပင်းတိုးတာမျိုးပေါ့။
တစ်ခုတော့ ရှိတယ်နော် ဟိုက မိရင် လည်ပင်းညှစ်သတ်မှာ။ Admin ဆို
ဒေါင့်နားလေးပုန်းနေတာကို နံရံဟိုဘက်ကနေ ပြသွားလို့ အော်လိုက်ရသေးတယ်။
ဒီတော့ အတိုချုံ့ပြောရရင် Asia ဆန်တဲ့ Environment ကို ကြုံရမှာဆိုတော့
မြင်သာအောင်ပြောရရင် ရေချိုးခန်း အိမ်သာတွေ ၊ ထိုင်ခုံတွေ နောက်ပြီး
ဆိုင်ကယ်တွေကစ Asia ဒီဇိုင်းတွေဘဲ မြင်တွေ့ရမှာပါ။ Graphic ကို Setting ထဲမှာ
High ထိ တင်ဆော့လို့ရပြီး Size လည်း နည်းတာကြောင့် Horror သမားတွေ
စမ်းကြည့်သင့်တယ်လို့ အကြံပေးတယ်။ အထူးသဖြင့် ဒီ Game ရဲ့ ဆွဲဆောင်တဲ့အပိုင်းက
အနောက်တိုင်း Horror Game တွေလို ခြေသံတွေနဲ့ မဟုတ်ဘဲ တစ်အိမ်လုံး သရဲမ
ငိုသံကြီးကို အတိုင်းသားကြားနေရတာမျိုးပါ။ အဲဒါကြောင့်
စိတ်လှုပ်ရှားစရာကောင်းသလို MATA BATIN ကိုအသုံးပြုပြီးတော့ပါ
ပစ္စည်းတည်နေရာတွေကို ခပ်မြန်မြန် ရှာလို့ရပါသေးတယ်။ ဒီတော့ သရဲမနဲ့
နှစ်ပါးသွားကြည့်ကြအုံးပေါ့။
| Android version | 5 . 1 + |
| Developer | LazySoft Studios |
| Network | Offline |
| Price | Free |
| App version | 0.0.3 |
| Update | May 21, 2022 |
| Platform | Android |
⭐ ( HELLO Rating = 7 / 10 ) ⭐
Click To Download
>> Download ဆွဲနည်းကြည့်ရန် <<
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...










