Next Floor Elevator Horror

° ဒီတစ်ခါ Horror Game မတင်တာကြာပြီဆိုတော့ ပုံမှန်ကြုံဖူးနေကြ သရဲရှိတဲ့ အိမ်ကိုသွားတာတို့ ၊ လိုက်သတ်ခံရတာမျိုးတွေမဟုတ်ဘဲ တကယ်ကို ရင်းရင်းနှီးနှီးနဲ့ လူတိုင်းနီးပါးကြုံဖူးနေကြ အငွေ့သက်ကို ခံစားစေရမှာပါ။ ဘာလို့ဆို အခု Game လေးက ဓာတ်လှေခါးနဲ့ပတ်သတ်နေပြီး အများစုဟာ ရုံးတို့ ၊ ဈေးဝယ်ထွက်တာတို့လို နေရာမျိုးတွေမှာ အတော်များများ သုံးဖူးကြပါတယ်။ အဲဒါကြောင့် တကယ်လို့များ Elevator ထဲမှာ သင်တစ်ယောက်တည်း ရှိနေတဲ့အချိန် စက်ချို့ယွင်းလို့ ပုံမှန်မဟုတ်တာတွေကြုံလာရပြီဆိုရင်တော့ သင့်အနေနဲ့ ဘယ်လောက်ထိ စိတ်ခံနိုင်ရည်အားရှိမလဲဆိုတာ သိခြင်ရင် အခု Game လေးနဲ့တင် စမ်းကြည့်လို့ရတယ်နော်။ ဥပမာ ဘယ်အထပ်ကို ဘယ်လောက်ဘဲ နိပ်နိပ် တစ်နေရာတည်းဘဲ ပြန်ရောက်နေတာမျိုးတို့ ၊ ကိုယ်မနိပ်ထားတဲ့ အထပ်ကို သူ့ဘာသူရောက်သွားတာမျိုးတွေဆိုရင်တော့......သေချာပါပြီ Review မှာဘဲ ဆက်ဖတ်ကြည့်ကြပါတော့။ 

[- Review -]

ဒီ Game က ရိုးရိုးရှင်းရှင်းလေးပါဘဲ။ သင်က အပြင်သွားစရာရှိလို့ ဓာတ်လှေကားကို အသုံးပြုရင်းကနေ မတော်တဆ မီးတွေပျက်ကုန်ပြီး ရုတ်တရက်ဆိုသလို အောက်ထပ်ကို ဆင်းနေတဲ့ ဓာတ်လှေကားက မူမမှန်ဘဲ အထပ်တွေကို မှားပို့နေခဲ့တာပါ။ ဒီတော့ အငြင်းပွားစရာရှိတာက ဘာလို့ ရိုးရိုးလှေကားကို မသုံးတာလဲပေါ့။ ခက်တာက လှေကားသုံးမယ့် ထောင့်တွေတိုင်းက မှောင်မဲနေပြီး တစ်ခါလေ အိမ်ရွေ့ဘာညာပစ္စည်းတွေနဲ့ ပိတ်နေတာကြောင့်ပါ။ 
ဒီတော့ ဓာတ်လှေကားကိုဘဲ အမြဲ အသုံးပြုနေရတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာ့ကြောင့်ဆို သင်သုံးနေတဲ့ ဓာတ်လှေကားက တကယ်ရှိရဲ့လားတောင် သေချာတာမဟုတ်ပါဘူး။ အကြောင်းကတော့ မတော်တဆမှုတစ်ခုဖြစ်ထားပြီး ဒီ ဓာတ်လှေကားကြီးက ဝင်စီးနေသလိုမျိုးကို ဖြစ်နေတာပါ။ အထပ်တွေမှားပို့လိုက် ၊ ရောက်ပြီးသားနေရာတွေကို ပြန်ရောက်သွားလိုက်နဲ့ တစ်ခါလေ ပုံမှန်မဟုတ်တဲ့ အပျက်စီးပုံရိပ်တွေကစ ပေါ်ပေါ်လာတာ။ 
ပုံမှန် Game တွေဆိုရင် သရဲလာရင် ပြေးတာ ပုန်းတာ အစုံရှိပေမယ့် ဒီ Game ကြတော့ သရဲထက် ဓာတ်လှေကားအထပ်တိုင်း ပွင့်လာတဲ့ အခိုက်တန့်ကြီးကိုက စိတ်လှုပ်ရှားစရာကောင်းတာ။ ခေါ်တဲ့အခါလဲ ဓာတ်လှေကားကြီးထဲက ဘာ‌ထွက်လာမလဲ ‌၊ မူမမှန်တဲ့ အထပ်ကို ရောက်သွားရင်လည်း ဓာတ်လှေကားအပြင်က ဘာကြီး ခုန်ဝင်လာမလဲဆိုတာ အတော် စိတ်လှုပ်ရှားစရာကောင်းတယ်။ ပြောရရင် ကိုယ့်ဘက်က ရွေးချယ်စရာမရှိဘူး ဒီတိုင်း ကြုံရမယ့် အရာကို မျက်စိမှိတ်အခြောက်ခံရမှာ။ 
ဒီ Game မှာ သဘောကျတာက Control ကလည်း ရိုးရှင်းသလို Game ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကလည်း ရိုးရိုးရှင်းရှင်းပါဘဲ။ ပြောရရင် Puzzle တွေ ဘာညာတွေထက် သူက ဓာတ်လှေကားကို စီးပြီး အောက်ထပ်ကို ရောက်ခြင်တာတစ်ခုတည်းပါ။ အဲဒါကိုမှ ကြားထဲမှာ ခြောက်ခြားစရာအဖြစ်ပျက်တွေ ဆက်တိုက်ကြုံရမှာဖြစ်ပြီး တစ်ခါလေ Jump Scare တွေအပြင် လက်ဝါးကပ်တိုင်တွေပါ ဇောက်ထိုးဖြစ်တဲ့ထိ တွေ့ရမှာပါ။ နောက်တစ်ခု ပြောစရာရှိတာ ဒီ Game ရဲ့ view က Camera Zoom ပုံစံကြီးမလို့ ကြည့်ရတာတစ်မျိုးဖြစ်နိုင်တယ်။ Admin အထင်တော့ ဒီ Game ရဲ့ Main Character က မျက်မှန်တပ်ထားတဲ့သူမလို့ ခုလို Effect မျိုးထည့်ပေးထားတယ်လို့ မြင်မိတယ်။
Spoil တာ မဟုတ်ပေမယ့် အထပ်တစ်ခုမှ လူတွေရပ်ကြည့်နေတာမျိုးတွေ တွေ့ခဲ့ရတယ်။ အဓိက သေသွားတဲ့သူက ပါပေမယ့် ဘေးက ကျန်တဲ့လူတွေက မိသားစုဝင်လား ဒါမှမဟုတ် ဒီ Elevator မှာဘဲ ဆုံးသွားတဲ့သူတွေလားဆိုတာ တွေးစရာဘဲ။ ပြီးတော့ အောက်ဆုံးထပ်ရောက်တာတောင် မီးနီကြီးကို ဓာတ်လှေကားအပြင်ဘက်မှာ တွေလိုက်ရတော့ တော်တော်နဲ့ မထွက်ရဲဘူး။ ဘာကြီးလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဆော့ကြည့်တော့နော်။ Admin ကတော့ သရဲခြောက်တာမလန့်ဘဲ ခွေးအူမှ လူပါတုန်တက်သွားတာ။ တိုက်ခန်းထဲ ခွေးရှိမယ်လို့ ထင်မှထင်မထားတာ။ 

Game Information

Android version 5 . 0 +
Developer DarkPlay Game
Network Offline
Price Free
App version 1.3
Release date 3. 27. 2021
Platform Android / iOS

⭐ ( HELLO Rating = 7 / 10 ) ⭐



#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES