TearStone Thieves of Heart

0% COMMUNITY SCORE
LOADING...
RATE:
° အသစ်ထွက်ထားတဲ့ Puzzle Adventure game လေးဖြစ်ပြီး Hidden Object Fan တွေတွက် နောက်ထပ် စွန့်စားခန်းခရီးတစ်ခုကို သွားရတော့မှာပါ။ ဒီ‌တစ်ခါတော့ သဘာဝလွန်ဖြစ်ရပ်တွေတင်မကဘဲ လူတွေနေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းမှာ များစွာသော ကျွန်းစုတွေဟာ Gravity ဆွဲအားကို လွန်ဆန်ပြီး တည်ရှိနေကြတဲ့အပြင် အဲဒီထဲကမှ TearStone ဆိုတဲ့ မြို့ကျွန်းစုလေးဟာ အရမ်းအရေးပါပြီး ကမ္ဘာမြေပြင်ကိုပါ သက်ရောက်နေတဲ့ စွမ်းအားအကြီးဆုံး Heart Of TearStone ဆိုတာ တည်ရှိနေပါတယ်။ 
° ဒါပေမယ့် ထူးဆန်းစွာနဲ့ အခိုးခံလိုက်ရပြီး စွမ်းအင်ပြတ်လပ်မှုကြောင့် သဘာဝကြီးဟာ ယိုယွင်းလာတဲ့အပြင် စောင့်ရှောက်နေတဲ့ ဘုရင်ကြီးကပါ အခက်ကြုံတွေ့လာခဲ့တာပါ။ ဒီတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က TearStone ကျွန်းစီကို ရောက်ဖူးခဲ့တဲ့ သင့်ဆီကို အိမ်မက်ကနေတစ်ဆင့် အကူညီတောင်းခဲ့ပြီး နောက်ဆုံး သင်္ဘောပျံကြီးနဲ့ပါ ကမ္ဘာ‌မြေပြင်ထိ လာခေါ်ခဲ့တာကြောင့် ပျောက်ဆုံးနေတဲ့ TearStone ရဲ့ နှလုံးသားကိုပါ ရှာဖွေရင်း မြေအောက်ကမ္ဘာစီကို နောက်ထပ် စွန့်စားခန်းတစ်ခု စတင်ရတော့မှာပါ။
° ဒီတော့ Puzzle တွေ အများကြီးနဲ့ လှပတဲ့ Hand drawn Background ရှုခင်းတွေကို တဝကြီးကြည့်ရမယ့်အပြင် ဘယ်လို ထူးဆန်းတာတွေကြုံတွေ့ရအုံးမလဲဆိုတာ သိခြင်ရင်တော့ အခုဘဲ ဆော့ကြည့်လိုက်တော့နော်။ PC မှာ Paid Game အနေနဲ့ ထုတ်ပေးထားပေမယ့် Mobile မှာက Free To Play ဖြစ်ပြီး Hint တွေကိုတော့ Microtranstation ပုံစံနဲ့ ပေးဝယ်ရမှာပါ။ 

Game Information

Android version 5 . 1 +
Developer Dragonseye LTD Games
Network Offline
Price Free
App version 1.24
Release date June 13, 2022
Platform Android / iOS

⭐ ( HELLO Rating = 7.1 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...