The Last Survivor

° အသစ်ထွက်လာတဲ့ ဒီ Game လေးကို Application တွေသာ အထုတ်များတဲ့ SensusTech LCC ကနေ ထူးထူးခြားခြား ဖန်တီးပေးထားတာဖြစ်ပြီး Zombie Game တစ်ခုအနေနဲ့ တကယ်သဘောကျစရာကောင်းတာပါ။ Developer အနေနဲ့ပွဲဦးထွက် Third Person Shooter Game တစ်ခုဖြစ်ပေမယ့်လည်း Graphic ကော Gameplay ကစ အတော်ကို အဆင်ပြေပြီး စစခြင်းမလို့ Episode တစ်ခုတည်းကိုသာ ဖန်တီးပေးထားတာပါ။ နောက်ထပ် Episode တွေဟာ Coming Soon အနေနဲ့သာရှိနေသေးပေမယ့် Mobile ရဲ့ မထင်မရှား သာမန် Game သစ်တွေထဲမှာတော့ ဒီတစ်ခုက ဆော့ကောင်းတဲ့ထဲမှာ ပါပါတယ်။ Offline Game လေးအပြင် Story လေးနဲ့ပါဆိုတော့ Review မှာဘဲ ဆက်ဖတ်ကြည့်တော့နော်။

[- Review -]

ဒီ Game မှာဆိုရင် သင်က အသက် 30 အရွယ် Robert Miller ဆိုတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဆေးရုံမှာ Coma ဝင်နေတဲ့အပြင် မှတ်ဉာဏ်တွေပါပျောက်ဆုံးနေခဲ့တာပါ။ ဒါပေမယ့် သတိရလာတဲ့အချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေခဲ့ပြီး ဆေးရုံအတွင်းထဲမှာပါ အပျက်ဆီးတွေနဲ့အတူ ပိတ်မိနေခဲ့တာပါ။ ဒီတော့ ဆေးရုံကနေ လွတ်အောင်ကြိုးစားရင်း သူသတိမေ့နေတဲ့အချိန်အတောအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို စုံစမ်းရင်းကနေ Virus Apocalypse ကြားက ပုံစံလေးနဲ့ ကစားရမှာပါ။ 
Game က Control ကစ ရိုးရှင်းပြီး Graphic ပိုင်းမှာလည်း Shadow , Lighting တွေကစ အတော်ကြည့်ကောင်းတာပါ။ Setting မှာလည်း Ultra ထိ ရွေးချယ်လို့ရတဲ့အပြင် Effect ပိုင်းမှာပါ Light or Dark Environment ကစ Color လိုသလို ရွေးချယ်လို့ရပါသေးတယ်။
Application တွေအထုတ်များတဲ့ Developer ရဲ့ ပထမဆုံး TPS Zombie Game တစ်ခုဖြစ်ပေမယ့်လည်း အတော်လေး ဆော့ရအဆင်ပြေပြီး Bug တွေ Error တွေ မရှိသလောက်ပါဘဲ။ Admin ကတော့ သူတို့ရဲ့ နောက်ထပ် Episode ကိုတော့ မျှော်နေမိသလို Episode One ဟာလည်း Short ဖြစ်ပေမယ် ဆော့ရတာ မဆိုးဘူးလို့ ပြောလို့ရတယ်။ Size နည်းနည်းလေးနဲ့ အစက ဆော့မကောင်းဘူးလို့ ထင်ခဲ့မိပေမယ့် တကယ်ဆော့ကြည့်တော့ အထင်သေးလို့ မရတဲ့ထဲမှာ ပါခဲ့တာပေါ့။ 

Game Information

Android version 4 . 4 +
Developer SensusTech LCC
Network Offline
Price Free
App version 1.0
Release date June 7, 2022
Platform Android 

⭐ ( HELLO Rating = 7.3 / 10 ) ⭐


Comments

လူကြည့်အများဆုံး GAMES