Truckers Of Europe 3

° ဒီနေ့ Official ထွက်လာတဲ့ Game သစ်လေးကတော့ အားလုံးစောင့်နေကြတဲ့ Wanda Software ရဲ့ အသစ်စက်စက် Simulator Game တစ်ခုဖြစ်ပြီး Next Generation Graphic နဲ့အတူ Size နည်းနည်းလေးနဲ့ တကယ်ကို အရမ်းသဘောကျစရာကောင်းတာပါ။ အထူးသဖြင့် ဒီ Game က Truck ကား မောင်းခြင်တဲ့သူတွေတွက်တင်မကဘဲ Admin တို့လို အေးအေးဆေးဆေးနဲ့ Chill ခြင်တဲ့သူတွေတွက်ပါ Relaxing ဖြစ်စေမယ့် Game ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဒီ Game ရဲ့ Truck Physics တွေ Weather System တွေကစ Realistic ဖြစ်ရုံတင်မကဘဲ တခြား Detail ကျတဲ့ Features တွေပါ ပါဝင်သေးတာကြောင့် အရမ်းသဘောကျကြမှာ သေချာပါတယ်။ ဒီတော့ Highway ပေါ်မှာ မိုးအေးအေး‌လေးနဲ့ ကားမောင်းခြင်ရင်တော့ လုံးဝလက်မလွတ်သင့်ဘူးလို့ အကြံပေးပါတယ်။ 

[- Review -]

Truckers Of Europe ဆိုတဲ့ Title ဟာ Wanda Software ရဲ့ Series အလိုက် ထုတ်ပေးတဲ့ Truck Simulator Game ကောင်းတွေဖြစ်ပြီး ဒီတစ်ခါထွက်လာတဲ့ 3 မှာတော့ Mobile Player တွေအကြိုက် Features တော်တော်များများကို ယူဆောင်လာပေးခဲ့တာပါ။ Physics ပိုင်းတင်မကဘဲ Graphic ကစ အရမ်းသဘောကျစရာကောင်းပြီး အထူးသဖြင့် Weather Effect တွေက ဒီ Game ကို ပို Realistic ဖြစ်အောင် Support ပေးနေတယ်ဆိုတာလည်း မမှားပါဘူး။ 
Game ပုံစံက ကုန်ပစ္စည်းတွေကို တစ်နေရာနဲ့တစ်နေရာ ဘယ်လောက်ဝေးဝေး နေ့ညမရွေး ပြေးဆွဲရတာဆိုပေမယ့် အဲဒီ ပြေးဆွဲနေတဲ့ ကြားထဲက ကြာချိန်လေးကိုက အတော်လေး Chill လို့ကောင်းတာပါ။ ပြီးတော့ ဒီ Game ရဲ့ Weather Effect တွေကလည်း အတော်လေး ကြည့်ကောင်းနေတော့ အထူးသဖြင့် မိုးအုံ့မိုးရွာနေတဲ့အချိန်ဆိုရင် မောင်းရတာကိုက စိတ်ထဲ တစ်နည်းနည်းနဲ့ Feel လို့ကို ကောင်းတာပါ။ First Person View နဲ့ ကားထဲကနေဝင်မောင်းရင် ပိုသိသာပြီး တကယ်ရောက်နေသလို ခံစားစေရတဲ့အပြင် မှောင်ရိပ်သန်းပြီး စိုစွတ်နေတဲ့ ပတ်ဝန်းကျင်‌ကြောင့်ပါ ကားမောင်းတဲ့သူတစ်ယောက်အနေနဲ့ တစ်စုံတစ်ရာကို ခဏတာ လွမ်းဆွတ်တတ်တဲ့ Vibe မျိုးကို ခံစားရမှာပါ။ 
တခြားသူတွေတော့မသိပေမယ့် Admin တော့ အဲလို မိုးအုံ့အုံ့မှိုင်းမှိုင်းနဲ့ဆိုရင် Game ထဲကော အပြင်မှာပါ အရမ်း သဘောကျမိတယ်။တောင်တန်းကြီးတွေ၊ မှောင်ရိပ်သန်းနေတဲ့ သစ်တောကြီးတွေအပြင် ရောင်ပြန်ပြီး စိုစွတ်နေတဲ့ လမ်းမပေါ်က ရေအိုင်လေးတွေကြောင့်ပါ တကယ်ဘယ်လိုမှန်းမသိအောင်ကို ပျော်မိတယ်။ ဒါတင်မကဘူး ကားမှန်ပြင်ပေါ်လာစင်တဲ့ မိုးပေါက်လေးတွေရဲ့ သံစဉ်ကြောင့်ပါ တစ်ခါလေ တစ်စုံတစ်ခုကို လွမ်းနေမိတာတော့ အမှန်ဘဲ။ အဲလောက်ထိ ဒီ Game မှာ Admin ကိုယ်တိုင် ခံစားမိပြီး နားကြပ်နဲ့ဆိုတော့ ပိုတောင် Feel မိတာပေါ့။ ဘယ်လောက်ထိလဲဆိုရင် ပတ်ဝန်းကျင်အလှမှာတင် မြောသွားလို့ ကိုယ် သွားရမယ့် လမ်းကိုတောင် ကျော်မောင်းမိတဲ့ အဖြစ်ထိ ကြုံခဲ့ရတာ။ ကားလေးမောင်းလိုက် ဘေးက ပတ်ဝန်းကျင်လေးကို Feel လိုက်နဲ့ တကယ်ကို Perfect ဘဲ။ 
ဒီတော့ Game အကြောင်းကို ပြန်ဆက်ရရင် ကုန်တင်တာတွေက Parking အတိကျနဲ့ အသေးစိတ်လုပ်ဆောင်ရမှာဖြစ်ပြီး ကားဆေးတာတွေကစ ထပ်ပြီး Detail တွေ့မြင်ရမှာပါ။ Truck နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အကုန်ထည့်ပေးထားပြီး AI Traffic System တွေကစ အတော်လေး Smart ဖြစ်တာပါ။ ဒါ့အပြင် ကားအင်ဂျင်‌သံတွေကစ အပြင်ကလို ခံစားရမှာဖြစ်ပြီး Car Damage ဖြစ်တာနဲ့ ဆီစားနှုန်းတွေကစ အသေးစိတ်ဖန်တီးပေးထားတာကို တွေ့မြင်ရမှာပါ။ အဲဒီထဲမှာ Admin သဘောကျတာကတော့ ကားစီယာတိုင် ကိုင်တဲ့နေရမှာ လက်နှစ်ဖက်လုံးကို မြင်သာအောင် ထည့်ပေးထားပြီး အကွေ့တွေဆိုရင် လက်လှုပ်ရှားတာတွေကစ သဘာဝကျတာပါ။ 
ဒီတော့ Graphic နဲ့ Gameplay Physics ပိုင်းတွေက အကုန်အဆင်ပြေနေပြီဆိုတော့ အရေးကြီးတဲ့ Optimization ပိုင်းကရော အဆင်ပြေပါ့မလားဆိုရင် စိတ်ပူစရာ‌တော့မလိုပါဘူး။ ဘာလို့ဆို ဒီ Game က ဖုန်းနဲ့ အဆင်ပြေမယ့် Graphic Option ပိုင်းကို Auto ချိန်ညှိပေးသွားမှာဖြစ်ပြီး Control Type တွေကစ စိတ်ကြိုက်ရွေးချယ်လို့ရတာပါ။ Gear ပိုင်းမှာလည်း Auto , Manual ‌‌စိတ်ကြိုက်သုံးလို့ရတာကြောင့် Pro ကျကျ မောင်းခြင်တဲ့သူတွေတွက် အကြိုက်တွေ့မှာပါ။ အထူးသဖြင့် ကုန်းတက်တွေဆိုရင် အရှိန်ပါမှ ရုန်းလို့ရတာဆိုတော့ Speed ကိုလည်း လိုသလို ချိန်မောင်းနိုင်မှ ခရီးတစ်လျှောက်လုံး အဆင်ပြေမှာနော်။ ကားနဲ့ ပတ်သတ်တဲ့ Customization တွေက ပါပေမယ့် သဘောကျစရာကောင်းတာကတော့ ကိုယ်ပိုင် Truck Skin တွေပါ ထည့်လို့ရအောင် လုပ်ပေးထားတာပါ။ 

Game Information

Android version 4 . 4 +
Developer Wanda Software
Network Offline
Price Free
App version 0.16
Release date June 22, 2022
Platform Android / iOS

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES