I Saw Black Clouds

" အနက်ရှိုင်းဆုံး ခံစားချက်တွေက မကောင်းဆိုးဝါးတစ်ကောင်လို ပြောင်းလဲနိုင်ပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ နင် သိထားဖို့က ငါ နင့်ကို နားလည်တယ်။ လူတွေက ပြောတယ် နင့်ကိုနင် ပြန်ကြည့်ဖို့လိုတယ်တဲ့ ၊ ဒါပေမယ့် ငါက‌တော့ နင့်ရဲ့ အခုပုံစံတိုင်းလေးဘဲ သဘောကျတယ် "
° ဒီတစ်ခါ Game သစ်လေးက PC နဲ့ Consoles မှာပါ ထုတ်ပေးထားတဲ့ Premium Game ကောင်းလေးတစ်ခုဖြစ်ပြီး Mobile version မှာ Free To Play အနေနဲ့ထုတ်ပေးထားပေမယ့် In Game Purchased ပုံစံနဲ့ Game ထဲမှာ ထပ်ဝယ်ပေးရမှာပါ။ Game ပုံစံက FMV အမျိုးစားဖြစ်ပြီး ဇာတ်ကားတစ်ခုလို ကြည့်နေရမယ့်အပြင် သင်ကိုယ်တိုင်က ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်လို့ ပြောလို့ရပါတယ်။ ရွေးချယ်မှုတိုင်းက မတူညီတဲ့ ဇာတ်အိမ်ကို ဖန်တီးပေးသွားမှာဖြစ်ပြီး Ending ကစ တစ်ယောက်နဲ့ တစ်ယောက် တူကြမှာ မဟုတ်ပါဘူး။ 
° အရင်ဆုံး ဒီဇာတ်လမ်းက Suicide နဲ့ Sexual Violence တွေအပြင် Horror Scene တွေပါ ပါဝင်တာကြောင့် ကလေးသူငယ်တွေ မဆော့ကြဖို့ရာ မှာခြင်ပါတယ်။ ဇာတ်လမ်းထဲမှာက သဘာဝလွန် ကိစ္စရပ်တွေတင်မကဘဲ ၊ စိတ္တဇဆန်ဆန် အဖြစ်ပျက်တွေကိုပါ ပေါင်းစပ်ပြီး ရိုက်ကူးပေးထားတာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kristina နေရာကနေ ပါဝင်ရမှာဖြစ်ပြီး အရင်နှီးဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် မွေးရပ်မြေကို ပြန်လာခဲ့ရတဲ့ ပုံစံမျိုး တွေ့မြင်ရမှာပါ။ ဒါပေမယ့် သေဆုံးမှုက Suicide case ဖြစ်နေတဲ့အပြင် နောက်ကွယ်က မသင်္ကာစရာတွေ လိုက်စုံစမ်းလိုက်တဲ့ အချိန်မှာတော့ အမှန်တရားနဲ့ တမလွန်ကြားက ဖုံးကွယ်မှုတွေကို သည်းထိတ်ရင်ဖိုဖွယ် တွေ့မြင်ရမှာပါ။ 
[- Review -] ( No Spoiler )

Game က Plot Twist ကြောင့် အတော်လေး စဉ်းစားလိုက်ရပြီး ကံကောင်းခြင်တော့ Admin ရဲ့ ပထမဆုံး Ending က Truth Ending ဖြစ်နေခဲ့တာပါ။ အဲဒါကြောင့်လည်း ဇာတ်လမ်းအလှည့်ပြောင်းမှာ အတော်လေး ကြောင်သွားခဲ့တာပေါ့။ တကယ် ဇာတ်လမ်းအစတုန်းက ပျင်းစရာကောင်းတယ်လို့ ထင်ထားပေမယ့် တဖြည်းဖြည်းနဲ့ Horror Vibe ကို ဆွဲခေါ်သွားပြီး နောက်ဆုံး Plot Twist ကြမှ ဗြုန်းကနဲ့ ရှေ့က အဖြစ်ပျက်တွေကို ပြန်တွေးရလောက်တဲ့ထိ ဆက်စပ်မိကုန်တာပါ။ 
ပြောရရင် Game က Ending တစ်ခုတည်းနဲ့ ဇာတ်ရည်လည်ဖို့ရာ မလွယ်ပါဘူး။ အပိုင်းတွေက အတော်လေး ကြားထဲမှာ ဟာနေမှာဖြစ်ပြီး အကုန်ဆက်စပ်မိဖို့ဆိုတာက Ending အကုန်နီးပါး သိနေမှ အဆင်ပြေမှာပါ။ ဒါ့အပြင် ဒီ Game က Horror ကော Mystery အပြင် စုံစမ်းရင်း‌နဲ့ပါ Thrilling ဆန်တဲ့ အခန်းတွေကို တွေ့ရအုံးမှာပါ။ နောက်ပြီး ရွေးချယ်မှု‌တိုင်းက မိမိရဲ့ အပြုမူတိုင်းဆိုတော့ တစ်ခုခုများ လွဲသွားမလား ၊ တစ်ခုခုများ ထွက်လာမလားဆိုတာက အတော်လေး စိတ်လှုပ်ရှားစရာကောင်းတယ်။
လွယ်လွယ်လေးဘဲ ရှင်းပြရရင် အချစ်‌ဆုံးသူငယ်ချင်းက ရုတ်တရက်ကြီး Suicide လုပ်သွားတော့ စိတ်ထဲ ကသိကအောင့်ဖြစ်နေပြီး နောက်ဆုံး မသင်္ကာလို့ လိုက်စုံစမ်းရင်းကနေ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ ဝိညာဉ်ကပါ လိုက်ကူပေးနေတာမျိုးပါ။ ဒါပေမယ့် ပိုစိတ်ဝင်စားစရာ ကောင်းတာက အဲဒီဝိညာဉ်က သူ့သူငယ်ချင်းအစစ် ဟုတ်မဟုတ်ဆိုတာပါ။ နောက်ပြီး အကုန်လုံးက စိတ္တဇဆန်ပြီး တစ်ချို့အခန်းတွေဆို Admin ကိုယ်တိုင်တောင် ဟာကနဲ ဟင်ကနဲ ဖြစ်တဲ့ထိပါ။ မင်းသမီးတော့ မသိဘူး Admin တော့ သူ့နေရာက‌နေ တွေးပြီး ကြက်သီးတွေထနေတာ။ နောက်ဆုံး ‌နားလည်သွားရင် ပိုတောင် ကြောထဲစိမ့်တတ်သွားမှာ။ ဒါပေမယ့် True Ending ဇာတ်သိမ်းပိုင်းက Dialogue လေးတွေကို သဘောကျသလို ရင်ထဲလဲ နွေးထွေးမိတယ်။ 
WARNING ⚠️ ( Spoiler )

မဆော့ရသေးရင် ဒီစာကို လာမဖတ်ပါနဲ့အုံး‌။ ဘာလို့ဆို အရသာပျက်သွားမှာစိုးလို့ပါ။ I Saw Black Clouds ဆိုကတည်းက စိတ်ဝင်စားစရာကောင်းသလို ကြားထဲမှာ ဒဏ္ဍာရီလိုလို အဖြစ်ပျက်တစ်ခုလိုလိုပါ ထည့်ရိုက်သွားသေးတာပါ။ ဇာတ်လမ်းက မေးစရာတွေ ရှိပေမယ့် အကုန်လုံးက သူ့ဟာနဲ့သူ ဆက်စပ်နေတော့ ကိုယ်တွေဘက်ကဘဲ စဉ်းစားဖို့ လိုနေခဲ့တာပါ။ 
ပြောရရင် True Ending သာ မရခဲ့ရင် ဒီ Game ကို ခုလောက်ထိ သဘောကျမိမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဇာတ်လမ်းစကတည်းက ဒီသရဲမက တစ်ယောက်ယောက်နဲ့ တူနေတယ်ပေါ့။ ခုထိ တွေးရရင် မယုံနိုင်သေးဘူး။ ကိုယ်နဲ့အတူ တစ်ချိန်လုံးရှိနေတဲ့သူက တကယ်ကိုယ်နဲ့ အတူရှိမနေဘူးဆိုတာက ပြန်တွေးတိုင်းကို အူယားစရာကြီး။ အကုန်လုံးက စိတ်က ပုံဖော်လိုက်တာဆိုပေမယ့် လှည်စားထားတာမျိုးလိုဘဲ။ ဒါပေမယ့် အဲမှာ တစ်ခု သတိထားမိတာက True Ending မှာ Limit လုပ်ထားတဲ့ Choice တွေပါတယ်။ မဖြစ်သင့်တဲ့ အပိုင်းကို ရောက်သွားတာဖြစ်ဖြစ် ၊ Scenes တစ်ခုခုကို မတွေ့ခဲ့ရင်ဘဲဖြစ်ဖြစ် Main ဇာတ်ကြောကို လုံးဝတွေ့ခွင့်မပေးဘဲ စိတ်ဆရာဝန်က နောက်ကို ပြန်ပြန်ဆုပ်ခိုင်းတာမျိုးပါ။ 
ဘယ်လိုဘဲနေနေ True Ending မှာတော့ Admin အတော်လေးစိတ်မကောင်းဖြစ်မိတယ်။ ပြောခြင်တာက ကိုယ်သာ သူ့နေရာဆို ဘာနေနေ သွားကယ်မိမှာ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း တကယ်မဖြစ်နိုင်တဲ့ အခြေနေကြီးဆိုတော့ အကုန်လုံးက ရွေးချယ်ရတာ မလွယ်ဘူး။ ဒါတောင် မင်းသမီးက အတော် သတ္တိရှိတာ။ မျက်ခွက်ကြီးတစ်ခုလုံး ဘေးက လာပြတာတောင် သူငယ်ချင်းဖြစ်သူကို စိတ်ပူနေ‌တုန်း။ True Ending မဟုတ်ရင် နောက်ဆုံးပိုင်းမှာ သတိပေးတဲ့ စကားလေးတွေ အပိုပါသေးတယ်။ အဖြေကို ထပ်ရှာဖို့ပေါ့။ Spoil ရရင် ဇာတ်သိမ်းအစစ်က Emily သေသွားတာမဟုတ်ဘဲ Charlotte သေသွားတာပါ။ နောက်ဟာတွေက Charlotte မသေဘဲ ၊ သူငယ်ချင်းအဖြစ်နဲ့ကော ၊ သူငယ်ချင်းအဖြစ် မဟုတ်တဲ့အနေနဲ့ပါ တွေ့ရမှာပါ။ Secret Ending တွေလည်း ပါပေမယ့် အဓိကက True Ending မဟုတ်တဲ့ ဇာတ်သိမ်းတွေမှာ နောက်ဆုံး Extra Scene လေးနဲ့ ပြန်ရှာဖွေခိုင်းပါလိမ့်မယ်။ 
သရုပ်ဆောင် အပိုင်းတွေက တအားကြီး မဆိုးပေမယ့် ကြည့်ရတာ အဆင်တော့ပြေပါတယ်။ ဇာတ်ကားတစ်ကားစာ Ending တစ်ခုကို တစ်နာရီခွဲကျော်ကြာတော့ ဆော့ရတာလည်း တန်ပါတယ်။ 

Game Information

Android version 5 . 0 +
Developer Walves Interactive
Network Offline
Price  $ 4.93
App version 1.1
Release date Jul 1, 2022
Platform Android / iOS / PC / Consoles

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES