Incoherence

0% COMMUNITY SCORE
LOADING...
RATE:
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Premium Game လေးက Puzzle Adventure အမျိုးစားဖြစ်ပြီး Android နဲ့ iOS မှာတင်မကဘဲ Steam မှာပါ ဒေါ်လာ $ 3.99 နဲ့အတူ ရောင်းချပေးနေတာပါ။ ဒီ Game ထဲမှာဆိုရင် သင်က Jason Bethlam ဆိုတဲ့ အတိတ်မေ့နေတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဘယ်မှန်းမသိတဲ့ အခန်းတစ်ခုမှာ နိုးထလာရင်းကနေ အရင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို Memories တွေအနေနဲ့ Puzzle ဆန်ဆန် အဖြေရှာပေးရမှာပါ။ အခန်းတိုင်းက သင့်ရဲ့ မှတ်ဉာဏ်အစိတ်ပိုင်းတွေဖြစ်တာကြောင့် တစ်စတစ်စ ပြန်တွေးရင်း ဘယ်လိုကြောင့် ဒီနေရာကို ရောက်ခဲ့တယ်ဆိုတာကိုကော ၊ အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုပါ စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ ပဟေဋိတွေကလည်း Challenge ဖြစ်တာကြောင့် ဦးနှောက်သွက်ခြင်တဲ့သူတွေတွက် သဘောကျစေမှာပါ။ 

[- Review -]

Game က Puzzle ဦးစားပေးဆိုပေမယ့် ဇာတ်လမ်းလေးကတော့ Mystery ဆန်တယ်လို့ပြောရမယ်။ ဘာမှမသိဘဲ နိုးလာတဲ့ သူတစ်ယောက်က အတိတ်ကိုလည်း မမှတ်မိတဲ့အပြင် ၊ သူ့ရဲ့ အတိတ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ၊ နေရာတွေကစ အကုန် အခန်းတစ်ခုစီတိုင်းမှာ အစစ်တိုင်းတည်ရှိနေတော့ တကယ်စိတ်ဝင်စားစရာကောင်းတာပေါ့။ နောက်တစ်ခုရှိတာက ဒီ Game မှာက Camera Mode ပါပါတယ်။ ပြောခြင်တာက သဲလွန်စတွေကို ဓာတ်ပုံရိုက်ယူထားလို့ရပြီး Note အနေနဲ့ အဲပုံထဲမှာပါ စိတ်ကြိုက်ရေးလို့ရသေးတာပါ။ 
ပုံမှန် Puzzle Game အများစုက လွယ်တဲ့ဟာဆိုရင် သူ့ဘာသူ Auto Note မှတ်တာတွေ၊ နည်းနည်း ခက်တဲ့ဟာကြတော့လည်း ကိုယ့်ဘာကို Screen Shot လုပ်ပြီး ဖြေရှင်းရတာမျိုးတွေ ကြုံဖူး‌ခဲ့ပေမယ့် ဒီတစ်ခုကတော့ Camera Mode ထည့်ပေးလိုက်တာ အတော်အသုံးဝင်ပြီး အဆင်ပြေတယ်လို့ပြောရမယ်။ Game ထဲမှာတင် တွက်ချက်ဖြေရှင်းလို့ရတော့ ပိုလွယ်ကူတာပေါ့။ နောက်ပြီး Hint တွေကစ အကုန် Note တွေနဲ့ လိုသလိုကြည့်လို့ရပြီး တစ်ချို့အခန်းတွေဆိုရင် အတော်လေးပြန်စဉ်းစားရတာမျိုးတွေရှိပါတယ်။ Actor Voice တွေလည်းပါသလို Background Graphic Art ကလည်း အတော်ကြည့်ကောင်းတာကြောင့် Puzzle Fun တွေတွက် ငြိမ်ဆေးတစ်ခုဖြစ်စေမှာပါ။ 

Game Information

Android version 4 . 0 . 3 +
Developer Glitch Games
Network Offline
Price $ 3.99
App version 1.0.0
Release date Jun 29, 2022
Platform Android / iOS / PC

⭐ ( HELLO Rating = 7.5 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...