Monoposto 2022
° ဒီအသစ်ထွက်လာတဲ့ Game လေးက Android User တွေတွက် Suprise ဖြစ်ခဲ့ရပြီး အရင်က
iOS မှာသာ ထွက်ရှိခဲ့တာကြောင့် အတော်လေးမျှော်လင့်ထားကြတာပါ။ Game က Android
မှာတော့ Free To Play အနေနဲ့ဆိုပေမယ့် In Game မှာ ပြိုင်ပွဲတွေတွက် Purchase
ထပ်ဝယ်ပေးရမှာဖြစ်ပြီး Quick Race အနေနဲ့ အစမ်းသဘောမျိုးသာ ကစားခွင့်ပေးထားတာပါ။
တကယ် Graphic ကစ အရမ်းသဘောကျစရာကောင်းသလို Formula 1 ကားတွေ ဆော့လေ့မရှိတဲ့ Admin
တောင် အတော်လေး သဘောကျမိသွားတာပါ။ Developer တွေက Game နဲ့ပတ်သတ်ပြီး အသေးစိတ်
Deatil ကျကျ ဖန်တီးပေးထားတဲ့အပြင် 2022 Season အသစ်ကိုပါ ထည့်ပေးထားတာပါ။ Racing
Fan တွေတွက် လက်မလွတ်သင့်တာကြောင့် အသေးစိတ်သိခြင်ရင် Review မှာဘဲ
ဆက်ဖတ်ကြည့်တော့နော်။
[- Review -]
Game က Rating တွေကစ အတော်လေးရထားသလို ဆော့ရတာလည်း တကယ် Mobile Player တွေတွက်
အားရစရာကောင်းတာပါ။ အနီးစပ်ဆုံး Real Racing လို Vibe မျိုးကို ခံစားရပြီး ဒီ
Game ကတော့ Formula 1 ကားတွေကိုသာ ဦးစားပေးထားတာကြောင့် F1 နဲ့ပတ်သတ်ရင် ပို
အသေးစိပ်ပါဝင်တာကို တွေ့ရမှာပါ။
ပထမဆုံးကတော့ Qualify Session မောင်းရတာဖြစ်ပြီး မိမိအနေနဲ့ Car တာယာ Damage
ဖြစ်တိုင်း Quick Repair လုပ်လို့ရတဲ့ Short Way ကို တန်းသိရအောင် ကစားရမှာပါ။
နောက်ပြီး Map တစ်လျှောက်လုံးကို တစ်ယောက်တည်း 5 ပတ် စမ်းမောင်းရမှာဆိုတော့
လမ်းကိုလည်း ပိုအသားကျစေပါတယ်။ ဒါမှမဟုတ် ကိုယ်က အရမ်းကျွမ်းနေပြီ
မလိုတော့ဘူးဆိုရင် အဲအပိုင်းကို Skip လို့ရပြီး ပြိုင်ပွဲကို
တန်းဝင်ပြိုင်လို့ရပါတယ်။
ပြိုင်ပွဲမှာ Camera View 5 ခုထိ လိုသလို ချိန်လို့ရပြီး ထူးခြားတာက ဒီ Game မှာ
TV View Mode ထည့်ပေးထားတာပါ။ ပုံမှန်ဆိုရင် ကိုယ်တိုင်မောင်းရမှာဖြစ်ပေမယ့် TV
View Mode မှာတော့ AI က ကူမောင်းပေးမှာဖြစ်ပြီး ကိုယ်က TV မှာ ကြည့်နေရသလို
ပြိုင်ပွဲကိုသာ ထိုင်ကြည့်နေရုံပါ။ အကြံပေးရရင်တော့ AI တွေကို ပေးမကိုင်ဘဲ
ကိုယ်တိုင်ဘဲ မောင်းစေခြင်တယ်။
ဒီတော့ Deatil နဲ့ပတ်သတ်ပြီး စပြောရရင် အရင်ဆုံး Car Selection တွေပါ။ ကားကို
နာမည်တွေ ၊ Color တွေကစ Customize လုပ်လို့ရတဲ့အပြင် ကိုယ်ရွေးချယ်တဲ့
ကားပေါ်မူတည်ပြီးလည်း Character Name တွေက တူကြမှာ မဟုတ်ပါဘူး။ ပြောရရင် အပြင်က
Name တွေနဲ့ ဆင်တူယိုမှား လုပ်ပေးထားတာပါ။ Admin အနေနဲ့ ပြောရရင်လည်း
ကိုယ်တွေစီမှာက ဒီ F1 နဲ့ပတ်သတ်ပြီး ရင်းနှီးမှုမရှိတော့
အဆင်ပြေတယ်လို့ပြောရမယ်။
နောက်တစ်ခုက Setting ပိုင်းတွေဖြစ်ပြီး Graphic Setting တွေထက် Gameplay Setting
တွေကို ပိုသဘောကျမိတာပါ။ ဘယ်လောက်ထိ အသေးစိတ်ထည့်ပေးထားလဲဆိုရင် Audio ပိုင်းမှာ
Engine သံတွေကစ Standard , V6 Turbo နဲ့ Rowdy ဆိုပြီး ကိုယ်ကြိုက်တဲ့
အင်ဂျင်သံတွေထိ ရွေးချယ်လို့ရတာပါ။ ဒါ့အပြင် Damage Level, Engine Power ,
Anti-Spin နဲ့ DownForce တွေထိ Level အလိုက် Option လုပ်ပေးထားပြီး Control
ပိုင်းကစ Steering wheel, Accelerometer အစုံပါဝင်ပါတယ်။ နောက်ထပ် Control
ပိုင်းကို အသေးစိပ်ထပ်ပြောရရင် လီဗာနဲ့ Brake တွေကစ Pressure Unit တွေထိ အသေးစိတ်
ချိန်ညှိလို့ရတာပါ။ ပြိုင်ပွဲထဲမှာလည်း Car Damage ကို Real Time
ပြပေးထားတာကြောင့် ဘယ်အပိုင်းက အထိနာနေတယ်ဆိုတာကစ တန်းသိရမှာပါ။
ဘာလို့ အခုလို အသေးစိတ်ပြောနေရလဲဆိုရင် ခုမှ စမောင်းတဲ့သူတွေတွက် Driving Help
စနစ်က အများကြီး Control လုပ်ပေးနေမှာဖြစ်ပြီး နားလည်အောင်ပြောရရင်တော့
မောင်းရတာ အရမ်းလွယ်ကူနေသလို ခံစားနေရမှာပါ။ တကယ် Manual နဲ့မောင်းရင်တော့
Physics ကျကျ Car Crash ဖြစ်တာတွေ ၊ တာယာ Damage ထိတာတွေကစ
ပိုတွေ့မြင်ရမှာဖြစ်ပြီး အရှိန်နဲ့ပတ်သတ်ပြီးလည်း သေချာ Skill ရှိနေဖို့လိုပါတယ်။
Real Racing မှာ အရှိန်နဲ့ပတ်သတ်ပြီး Manual မောင်းဖူးရင်တော့
အဆင်ပြေမှာဖြစ်ပေမယ့် ဒီက ကားတွေက Formula 1 တွေဆိုတော့ Speed ကော Brake တွေက
ထင်ထားတာထက်ကို အရမ်း Powerful ဖြစ်ပါတယ်။ အရှိန်တတ်တာလည်း မြန်သလို
ဘရိတ်ဆွဲရင်လည်း ညပ်နေတာကြောင့် ပြိုင်ပွဲမှာ အနိုင်ရဖို့ဆိုရင် အတော်လေး
ကျွမ်းနေမှ ဖြစ်မှာပါ။ မဟုတ်ရင် နည်းနည်းလေးမှားသွားတာနဲ့ နောက်ကနေ
ဆက်တိုက်ကျော်တက်သွားကြမှာမလို့ အခပ်မသင့်ရင် ကားလန်ပြီး Retire အနေနဲ့
ပြိုင်ပွဲကိုတောင် Skip သွားနိုင်ပါတယ်။
အဆုံးသတ်ရရင်တော့ Graphic ပိုင်းမှာလည်း အရမ်းသဘောကျပြီး အထူးသဖြင့် Weather
Effect တွေက ဒီ Game မှာ အတော်လေးဆွဲဆောင်သလို အတော်လေးလဲ ဒုက္ခရောက်ပါတယ်။
ဘာလို့ဆို မိုးရွာနေရင် Screen Effect တွေက မိုးပေါက်လေးတွေ မှန်မှာစိုကျတဲ့ထိ
မြင်နေရတော့ ရှေ့က လမ်းကို ကောင်းကောင်းမမြင်ရတာမျိုးတွေကြောင့်ပါ။ အဲချိန်ကျ
ကားက အရှိန်နဲ့ ပတ်ဝန်းကျင်က မှုန်သုန်နေအောင် ဘာမှမမြင်ရတော့ပါဘူး။ ဒါပေမယ့်
အဲလိုချိန် ကားထဲကနေ ဝင်မောင်းရတဲ့ ခံစားချက်က အရမ်း Feel ရှိသလို
ကိုယ်တိုင်မောင်းနေရသလိုထိ Realistic ဆန်ဆန် ခံစားစေရတယ်။ ဒီတော့ တစ်ခါလောက်တော့
စမ်းမောင်းကြည့်သင့်တယ်။
Android version | 5 . 1 + |
Developer | Marco Pesce |
Network | Offline |
Price | $ 2.99 |
App version | 2.60 |
Release date | Jun 21, 2022 |
Platform | Android / iOS |
Comments