Nightmare Hospital Survival
° ဒီ Game လေးက Little Nightmare ကို Inspired ယူထားတဲ့ Horror Game
ကောင်းလေးတစ်ခုဖြစ်ပြီး ဒီလို Type မျိုးတွေက Mobile မှာ ရှားလည်းရှားပါတယ်။
ဒီထဲမှာဆိုရင် သင်က ဆေးရုံတစ်ခုမှာရှိတဲ့ Evil Doctor စီကနေ လွတ်အောင်
ထွက်ပြေးရမှာဖြစ်ပြီး လူသေးသေးလေးဆိုတော့ အကောင်ကြီးတွေကြားမှာ
တကယ်စိတ်လှုပ်ရှားစရာကောင်းတာပါ။ တစ်ခန်းပြီးတစ်ခန်း Puzzle ဆန်ဆန်နဲ့
ဖြေရှင်းရမယ့်အပြင် Size လည်း နည်းပြီး Graphic လည်း အဆင်ပြေတာကြောင့် Little
Nightmare လို Gameplay Type မျိုးတွေ သဘောကျတဲ့သူတွေတွက်
အကြိုက်တွေ့စေမှာပါ။
[- Review -]
အမှန်တိုင်းပြောရရင် ဒီ Game ကို တင်ဖို့တွက် အတော်လေး
အချိန်ယူပြီးစောင့်လိုက်ရတာပါ။ ဘာလို့ဆို စစထွက်တုန်းက Error တွေကော ၊ Bug တွေပါ
အတော်ကြည့်ရဆိုးပြီး Gameplay က Little Nightmare နဲ့ ပုံစံနဲ့တူနေတော့
ပိုကောင်းစေခြင်တာပေါ့ ။ ဒီတော့ Developer တွေစီကို Feedback တွေ
ဆက်တိုက်ပေးခဲ့ပြီး Fix ဖြစ်တဲ့ထိ Update တိုင်းကို စောင့်နေခဲ့တာပါ။
ပြောရရင် တစ်လလောက် ကြာသွားတယ်။ Game စစထွက်တုန်းကဆို ဒီ Location တွေကစ
အပြင်ဘက်တွေထိ ဖောက်ထွက်ကုန်ပြီး Error ဖြစ်တာတွေလဲ အတော်များပါတယ်။ နောက်ပြီး
Developer က Level နည်းပေမယ့် Level တိုင်းကို ခက်အောင်လုပ်ထားတာပါ။
တစ်နည်းအားဖြင့် သွယ်ဝိုက်ပြီးဘဲ သဲလွန်စကို ပေးထားတာပါ။ Admin ဆို Level 2
မှာတင် အတော်တိုင်ပတ်သွားခဲ့တာ။ နောက်ပြီး Control တွေကလည်း တစ်ခါလေ
အလုပ်မလုပ်တော့ အတော်အခက်တွေ့ခဲ့တာပေါ့။
အခု နောက်ဆုံး Update ကြမှ တကယ် Guide တွေကစ အကုန်အဆင်ပြေသွားပြီး Avatar
ဝယ်မရတဲ့ Error တွေကစ အဆင်ပြေသွားတာပါ။ ပြောရရင် indie developer ဆိုတော့
တအားကြီး အကုန်အဆင်ပြေတာမျိူးတော့ မဟုတ်ပါဘူး။ ခု Update က ဆော့လို့
အဆင်ပြေသွားတယ်ဆိုပေမယ့် bug နည်းနည်းနဲ့ fps drops တဲ့ အခန်းအချို့လည်း
ကျန်သေးပါတယ်။
အတိုချုံ့ပြောရရင်တော့ Game က အကောင်းကြီး မဟုတ်ပေမယ့် Little Nightmare လို Vibe
မျိုးကို ဖန်တီးထားတာမလို့ မဆိုးဘူးလို့ပြောလို့ရတယ်။ Avatar ပေါ်မူတည်ပြီး
Invisible တွေ Speed Ability တွေပါ သုံးလို့ရပြီး Level အနေနဲ့လည်း နောက်ထပ်
ဆက်ထွက်ဖို့ စီစဉ်ထားသေးတာပါ။ အရင် Version အဟောင်းဆိုရင်တော့ Level
ဖြတ်ကျော်ဖို့ရာ ခက်နိုင်ပေမယ့် အခု Update ကတော့ အကုန် ဘာဆက်လုပ်ရမယ်ဆိုတာ
ထည့်ပေးထားပါတယ်။ Size လည်း နည်းတာကြောင့် ဆော့ပျော်စေမှာပါ။
Android version | 4 . 4 + |
Developer | Mega Minds |
Network | Offline |
Price | Free |
App version | 4 |
Release date | May 31, 2022 |
Platform | Android |
Comments