Project HAZARD

° အသစ်ထွက်ထားတဲ့ ဒီ Game လေးက Story Campaign ကို ဦးစားပေးထားတဲ့ First Person Shooter အမျိုးစားဖြစ်ပြီး Graphic ကစ အတော်သဘောကျစရာကောင်းတာပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် သင်က Mission တာဝန်ပြီးစီးလို့ တပ်ကိုပြန်တဲ့အချိန်မှာ ခေါင်းဆောင်က နောက်ထပ် တာဝန်တစ်ခုဖြစ်တဲ့ Sun City ကို ချက်ခြင်းစေလွှတ်ခဲ့ပြီး အသက်ရှင်နေသေးတဲ့ ပြည်သူတစ်ဦးကို ကယ်ထုတ်ရမယ့် ပုံစံမျိုးကစားရမှာပါ။
° Graphic ကစ Polygon Environment ဆိုပေမယ့် Lighting Effect တွေက အရမ်းကြည့်ကောင်းပြီး Reloading Animation တွေကစ သဘောကျစေမှာပါ။ Story Campaign မလို့ Mission နေရာတွေက တစ်ခုနဲ့တစ်ခု မတူဘဲ ဆက်နေမှာဖြစ်ပြီး Cutscene တွေကစ ကြားထဲမှာ ထည့်ပေးထားတာပါ။ Weapons အရေတွက်‌နည်းပေမယ့်လည်း ကျည်အကန့်သတ်နဲ့ Zombie တွေကြားမှာ ရှင်သန်ရမှာမလို့ Challenge ဖြစ်စေမှာ သေချာပါတယ်။

[- Review -]

Chris ဆိုတဲ့ သင်က တာဝန်ပြီးလို့ စခန်းကို ရောက်ရောက်ခြင်းမှာတင် မနားရဘဲ ခေါင်းဆောင်ရဲ့ စေလွှတ်မှုကြောင့် Sun City ကို ရောက်လာခဲ့တာပါ။ တခြားသူတွေကို မခိုင်းဘူးဆိုတာက Chris တစ်ယောက်ဘဲ ဒီ‌နယ်မြေကို ကျွမ်းကျင်တာကြောင့် ချက်ခြင်းလွှတ်ခဲ့တာမျိုးပါ။ ဟိုရောက်တော့ Zombie Outbreak စဖြစ်နေပြီး ကောင်မလေးကလည်း ဒီ Apocalypse ရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို လိုက် စုံစမ်းနေသူတစ်ယောက်ပါ။ ဒီတော့ Chris နဲ့ စုံတဲ့အချိန်မှာ ဘယ်လိုနေရာတွေထိ စုံစမ်းဖော်ထုတ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ 
Game ရဲ့ ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် ဆော့ရတာ မဆိုးဘူးလို့ပြောလို့ရပြီး Optimization မဖြစ်တာလေးကဘဲ ခံ‌နေတာပါ။ ဖုန်းစွမ်းဆောင်ရည် နိမ့်တဲ့သူတွေတွက် Frame rate stable ဖြစ်ဖို့ရာ ခဲယဉ်းပြီး Graphic Option လည်း မပါဝင်ပါဘူး။ Game က Environment နဲ့ Effect ပိုင်းတွေမှာသာ အားရစရာကောင်းပေမယ့် Polygon Zombie တွေဆိုတော့ နည်းနည်းတော့ Feel ကျဲနိုင်ပါတယ်။ ဒါပေမယ့် Fast Zombie လို အပြေးမြန်တဲ့ ကောင်တွေပါ ပါတာကြောင့် တစ်ခါလေ Survive လုပ်ဖို့ရာတောင် ခဲ့ယဉ်းပါတယ်။
ချုံပြောရရင်တော့ Graphic Effect တွေသဘောကျပေမယ့် Character တွေကိုတော့ အားမရပါဘူး။ အတတ်နိုင်ဆုံး Story Campaign ကို ကြိုးစားဖန်တီးထားတာမလို့ Mission Location တွေ မထပ်တာနဲ့တင် တကယ်ဆော့ပျော်ပါတယ်။ 

Game Information

Android version 5 . 0 +
Developer Dive In Studio
Network Offline
Price Free
App version 1.1.50
Release date June 29 , 2022
Platform Android

⭐ ( HELLO Rating = 6 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES