Universal Truck Simulator


° ဒီတစ်ခါ Game သစ်လေးကတော့ Truck ကား မောင်းခြင်တဲ့သူတွေတွက် နောက်ထပ် အသစ်စက်စက် Game ကောင်းလေးတစ်ခုဖြစ်ပြီး Simulator ဆိုတဲ့အတိုင်း Truck နဲ့ ပတ်သတ်တဲ့ Features အားလုံးကို အပြင်ကအတိုင်း တွေ့မြင်ရမှာပါ။ ဒီ Game က Graphic ကောင်းတာထက် ဆော့ရတာ ပို Realistic ဖြစ်တာမျိုးပါ ။ လူကိုယ်တိုင်လဲ First Person View နဲ့ လျှောက်သွားလို့ရသလို Truck နဲ့ပတ်သတ်ပြီးတော့လည်း Deatil ကျကျ Mobile တွက် ဖန်တီးပေးထားတာမလို့ Highway ထက်မှာ ကားမောင်းလေ့ကျင့်ခြင်တဲ့သူတွေအတွက် အံကိုက်ဖြစ်စေမှာပါ။ နောက်ပြီး ကားကိုလည်း Fully Customize လုပ်လို့ရမှာဆိုတော့ 4×2 ကနေ 8×4 ထိ 12 ဘီး ကားကြီးတွေပါ မောင်းခွင့်ရမှာပါ။ 
[- Review -]

အခုတလော Truck Game တွေ အထွက်များတော့ Mobile Player တွေတွက် ရွေးချယ်ရခက်နေကြမှာ သေချာပါတယ်။ ဟိုတလောတုန်းက ထွက်ထားတဲ့ Truck Of Europe 3 ကလည်း အတော်လေးကောင်းနေတော့ ဘယ်ဟာဆော့ရမယ်မှန်းမသိအောင်ဖြစ်နေကြမှာပါ။ ဒီတော့ အရင်ဆုံးပြောခြင်တာက ဘယ်ဟာက ပိုကောင်းတယ်ဆိုတာထက် ဘယ်ဟာက ကိုယ့်အတွက် အံကိုက်ဖြစ်‌မယ်ဆိုတာ အရေးကြီးပါတယ်။ Graphic ပိုင်းကို သွားမလား ၊ Gameplay ပိုင်းကို သွားမလား စသည်ဖြင့်ပေါ့။ 
အရိုးရှင်းဆုံးပြောရရင်တော့ Truck Of Europe 3 ရဲ့ Weather Effect တွေက ပိုကြည့်ကောင်းတာ အသေချာဆိုပေမယ့် ဒီ Game ကကြတော့ Truck နဲ့ပတ်သတ်တဲ့ Mechanic တွေကော Gameplay ကစ ပိုပြီး စုံစုံလင်လင်ပါတာမျိုးပါ။ ဥပမာ - အလုပ်ယူဖို့တွက် လူကိုယ်တိုင် ရုံးကို သွားပြီးမှ ကားပေါ်ကို ပြန်တက်ရတာမျိုး‌တို့ ၊ အဲလိုတက်တဲ့အချိန်မှာ ကားလှုပ်တာတွေကစ Realistic ဆန်ဆန် တွေ့မြင်ရမှာပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး Basic လုပ်လို့ရတဲ့ မီးဖွင့်ဘာညာတွေက မပြောလိုပေမယ့် ကား မှန်တင်မှန်ချတာတွေကစ လုပ်လို့ရနေတော့ အတော်လေး သဘောကျမိတယ်ပြောရမယ်။ 
Truck အစိတ်ပိုင်းတွေနဲ့ပတ်သတ်ပြီး Engine တွေ Gearbox တွေ, တာယာ, battery နောက်ပြီး radiator တွေအပြင် coolant နဲ့ Oil တွေထိပါ ဟွန်းသံတွေအဆုံး အကုန် Upgrade Changed တွေထိ ပြောင်းလဲလို့ရတာပါ။ Customisation နဲ့ပတ်သတ်ပြီး Vehicles အားလုံးကို Color တွေ ချိန်းလို့ရတာတင်မကဘဲ Body Extra တွေကစ အလှဆင် စိတ်ကြိုက် ရောင်ချယ်လို့ရသေးတာပါ။ ဒါ့အပြင် ကားအတွင်းပိုင်းက Dashboard အရောင်တွေ, Steering wheel တွေ Dash lights တွေကစ စိတ်ကြိုက် ပြင်ဆင်လို့ရပါသေးတယ်။ 
Truck Physics နဲ့ပတ်သတ်ပြီးတော့လည်း Mobile တွက် အတော်လေးအဆင်ပြေပြီး ကုန်းတက်ကုန်းမြင့်နဲ့ အရှိန်တွေကစ တကယ်ကားမောင်းနေကသလို ခံစားစေရမှာပါ။ တခြား Extra အနေနဲ့ ကိုယ်ကြိုက်တဲ့ mp3 music file တွေပါ ထည့်ထားလို့ရပြီး ကားမောင်းရင်း သီချင်းဖွင့်လို့ရတာကြောင့် တကယ် Highway လမ်းမကြီးမှာ Truck ကားလေးနဲ့ ငြိမ့်နေရုံပါ။ Graphic နဲ့ပတ်သတ်ပြီးတော့လည်း အနီးကပ် Environment တွေသာ သေချာပြင်ဆင်ထားပေမယ့် Reflection အားကောင်းတာတော့ အသေချာပါဘဲ။ အဲအတွက်လဲ Graphic Option ကစ အစုံပေးထားတာကြောင့် Truck ကားကို Feature စုံစုံလင်လင်နဲ့ ကစားခြင်တဲ့သူတွေတွက် အကြံပေးပါတယ်။ 

Game Information

Android version 6 . 0 +
Developer Dualcarbon-Games
Network Offline
Price Free
App version 1.2
Release date Jul 1, 2022
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES