FLIGHT The Valley

° ဒါကတော့ FLIGHT Title ရဲ့ ဒုတိယမြောက် Game တစ်ခုဖြစ်ပြီး အရင်ကထက်ကို Map ပိုကြီးလာတဲ့အပြင် Features အသစ်နဲ့အတူ Nepal နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Himalayan တောင်တန်းတွေကြားက Kathmandu ကို Inspire ယူပြီး ဖန်တီးပေးထားတာပါ။ အရင် Game မှာပြောခဲ့သလိုဘဲ FLIGHT Game တွေဟာ အေးချမ်းမှုကိုဘဲ ဦးစားပေးထားတာကြောင့် Mission တွေ ၊ သတ်တာဖြတ်တာတွေ လုံးဝ ပါဝင်မှာ မဟုတ်ဘဲ ငှက်တစ်ကောင်အနေနဲ့ကော ၊ ရဟန်းတစ်ပါးအနေနဲ့ပါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ Explore လုပ်ခွင့်ရမှာပါ။
° ဒီတစ်ခါမှာတော့ တောတောင်တွေထဲမှာ မဟုတ်ဘဲ Nepal နိုင်ငံရဲ့ ဗိသုကာဆန်တဲ့ လူနေအိမ်တွေ ၊ ရွာငယ်လေးတွေအပြင် စေတီပုထိုးနဲ့ ဘုရားကျောင်းကန်တွေပါတည်ရှိနေတဲ့ Kathmandu ရဲ့ အထင်ကရ အဆောက်အဦးတွေကိုပါ ပိုပြီးတော့ တွေ့မြင်ရမှာပါ။ အရင် Game ကထက် Control ပိုင်း အဆင်ပြေလာတဲ့အပြင် Map ကလည်း ကျယ်ပြန့်တာကြောင့် အမြန်ပျံလို့ရတဲ့ စနစ်တွေပါ ပါဝင်လာပါပြီ။ တခြားအနေနဲ့ကတော့ ပြောင်းခင်းကြီးတွေ ယိမ်းနွဲ့နေတာကော ၊ ရာသီဥတုစနစ်တွေပါ ပိုစုံလာပြီး သင်္ကန်းအရောင်ကစ တစ်မျိုးပြောင်းသွားတာပါ။ အရင် Game လို တောအုပ်ကြီးရဲ့ ငြိမ်းချမ်းမှုကို ရမှာမဟုတ်ပေမယ့် ကျယ်ပြန့်လှတဲ့ မြေပြင်ထက်မှာ အရင်က တည်ရှိခဲ့တဲ့ ယာခင်းတွေ ၊ လူနေအိမ်တွေကြောင့် တကယ့် တကယ်ကို Far View ကောင်းကောင်းနဲ့ သဘာဝအလှတရား တစ်ခုကို ခံစားစေရမှာပါ။
[- Review -]

ဒီတော့ Game က အရင် ပထမဆုံးထွက်ထားတာနဲ့ ကွာပေမယ့်လည်း သူ့ဟာနဲ့သူ vibe ကိုယ်စီ ပေးနေတာပါ။ ပထမ Game က တောအုပ်ကြီးကို ကိုယ်စားပြုပေမယ့် ဒီ ဒုတိယ Game ကတော့ Nepal နိုင်ငံရဲ့ အရင်က Kathmandu ပတ်ဝန်းကျင်ကို ကိုယ်စားပြုထားတာပါ။ အခုလက်ရှိကတော့ လူဦးရေ 1.4 မီလီယံထိ နေထိုင်နေပြီး Hindu နဲ့ Buddhist အများဆုံးတွေ့ရတာပါ။ ဒီတော့ တောင်ကုန်းပေါ်က စေတီပုထိုးတွေဆိုရင် အပြင်မှာတွေ့ရသလိုမျိုးဘဲ ဘုရားဆင်းတုတော်တွေ ၊ စေတီစုလေးတွေကစ အတွင်းပိုင်းထိ ပိုပြီး Detail ဖြစ်အောင် ဖန်တီးပေးထားတာပါ။ နောက်ပြီး တကယ် အပေါ်စီးကနေ ကြည့်ရတဲ့ ရှုခင်းက အရမ်းကို လှပလွန်းပြီး ရင်ထဲ ခဏတာ ငြိမ်းချမ်းသွားသလိုထိ ပေးစွမ်းနိုင်ပါတယ်။ 
Map ကလည်း ကျယ်လာတော့ Phone requirements က အရင်ကထက် ပိုလိုလာပြီး သဘောကျတာကတော့ Developer ဘက်က Graphic နဲ့ပတ်သတ်ပြီး Reflection တွေ Effect တွေကို နည်းနည်းလေးမှ မလျော့ပါဘူး။ ဘာလို့ဆို ပေးထားတဲ့ Graphic Option ဆိုတာက Resolution သာ ချိန်းပေးသွားပြီး ကျန်တာကတော့ Dynamic light သာ ထည့်ပေးထားတာပါ။ အဲဒါကြောင့် fps drops တာမျိုးတွေ ရှိခဲ့ရင် medium resolution နဲ့ ထားဆော့ကြဖို့ရာ အကြံပေးတယ်။ ‌ဘာလို့ဆို Mobile screen က အဲလောက် resolution ပိုင်းတွေမှာ PC monitor လောက် သိပ်မသိသာပါဘူး။
ဒီ Game က ဘာမှလုပ်လို့ရတာမျိုး မဟုတ်ပေမယ့်လည်း စိတ်ညစ်တာဖြစ်ဖြစ် ၊ ငြိမ်းချမ်မှုကို ခဏတာရှာခြင်တာဘဲဖြစ်ဖြစ် Open World ကြီးထဲမှာ Graphic ကောင်းကောင်းနဲ့ ပျံသန်းကြည့်သင့်တာပါ။ နောက်ပြီး Character ကစ Monk တစ်ပါးဆိုတော့ peaceful ဖြစ်တဲ့အပြင် ဘုန်းကြီးတစ်ပါးရဲ့ အေးချမ်းမှု အရသာကို လူတန်းစားမခွဲခြားဘဲ ဒီ Game မှာ စူးစမ်းလေ့လာခွင့်ရမှာပါ။ Admin ကတော့ Chill ရတာ သဘောကျတော့ ဆော့ကြည့်တာထက် ဆောင်ထားဖို့ရာ အကြံပေးတယ်။ ဘာအကြောင်းကြောင်းကြောင့် လောင်လောင် ဒီ Game ထဲမှာ ခဏတာ inner peace ကို လာရှာလို့ရတယ်။ နောက်ပြီး Developer ကလည်း သူတို့ရဲ့ မွေးရပ်မြေကို ပုံဖော်ပြီး Game ထဲဖန်တီးပေးထားတော့ အတော်လေး အားရမိပါတယ်။ 

Game Information

Android version 5 . 0 +
Developer Ashim Shakya
Network Offline
Price 2.49 $
App version 1.0
Release date Sep 28, 2020
Platform Android

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် နိပ်ပါ <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES