FLIGHT

° ဒီ Game လေးကို Nepal နိုင်ငံက Indie Developer တစ်ဦးတည်းကနေ ဖန်တီးပေးထားတာဖြစ်ပြီး fly simulation ကိုမှ Open World အသွင်တင်မကဘဲ ‌အေးချမ်းစေတဲ့ ပြရုပ်ကိုပါ ရည်ရွယ်ပုံဖော်ထားတဲ့ Game ကောင်းလေးတစ်ခုပါ။ Flight Title ရဲ့ ပထမဆုံးထွက်ရှိထားတဲ့ Premium Game တစ်ခုဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ တောတောင်ရေမြေတွေရဲ့ သဘာဝအလှတွေကို Graphic Engine ကောင်းကောင်းနဲ့ ခံစားစေရမှာပါ။ ဒါ့အပြင် ဘုန်းတန်ခိုးအာနုဘော်‌ကြောင့် ငှက်တစ်ကောင်ကဲ့သို့ပါ အချိန်မရွေး ဖန်ဆင်းသွားလာနိုင်အောင်လဲ လုပ်ဆောင်လို့ရသေးတာကြောင့် အရမ်းသဘောကျကြမှာ သေချာပါတယ်။ 
° ဒီ Game ရဲ့ ရည်ရွယ်ချက်ကိုက အေးချမ်းမှုကို အသွင်ဆောင်ထားတာကြောင့် တာဝန်ဝတ္တရားတွေ ၊ သတ်ဖြတ်ခြင်းတွေ ပါဝင်မှာ မဟုတ်ဘဲ ငြိမ်းချမ်းစွာနဲ့ မြေပြင်ကော၊ လေဟင်ထက်မှာပါ လွတ်လွတ်လပ်လပ် စိတ်လွတ်ကိုယ်လွတ် ကစားနိုင်မှာပါ။ ဒါ့အပြင် ထူထပ်လှတဲ့ တောအုပ်‌ကြီးတွေ၊ စေတီပုထိုးတွေနဲ့ ရုပ်ထုတော်ကြီးတွေပါ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရအုံးမှာပါ။ Graphic ပိုင်းကောင်းသလို ရာသီဥတုကစ စိတ်ကြိုက် ရွေးချယ်နိုင်ပြီး တကယ်ကို အရမ်းလှတဲ့ Environment တစ်ခုကို ငှက်တစ်ကောင်အနေနဲ့ ပျံသန်းရမှာဆိုတော့ စိတ်အေးချမ်းစေမယ့် Game ကောင်းလေးတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။ 
[- Review -]

Game က Asia ဘက်ကို အသွင်ယူထားတာ‌ဆိုတော့ Simulation ဖြစ်ပေမယ့်လည်း သဘောကျကြမှာပါ။ ဒီ Game ရဲ့ ရည်ရွယ်ချက်ကို အေးချမ်းမှုကို ခံစားစေခြင်တာကြောင့် Environment Graphic ပိုင်းတွေမှာ အတော်လေး ကြည့်ကောင်းတာကို တွေ့ရမှာပါ။ အပင်တွေကစ တိုက်လိုက်တိုင်း လဲကျသွားတာတွေထိ အသေးစိပ်ကျပြီး လေတိုက်တိုင်း ယိမ်းထိုးနေတဲ့ အုန်းပင်ကြီးတွေကြောင့်ပါ ကစားသူရဲ့ ရင်ထဲကို ခဏတာ ငြိမ်းချမ်းသွားစေမှာ အမှန်ပါ။ 
ဒီ Game က FLIGHT Title ရဲ့ ပထဆုံး game ဖြစ်တာကြောင့် Map အတော်လေးကျဉ်းသလို Optimization လည်း ကောင်းကောင်း မဖြစ်သေးပါဘူး။ ဒါပေမယ့် Map ကျဉ်းသလောက် forest density အားကောင်းပြီး နောက်ထွက်တဲ့ version တွေထက်ကို သီးသန့်လေးဖြစ်နေတာပါ။ Size လည်း နည်းသလို တကယ့်တောကြီးထဲမှာ ပျံသန်းနေရသလို ခံစားရစေတာကြောင့် Admin တို့လို အေးအေးဆေးဆေး Chill ခြင်တဲ့သူတွေတွက် အံကိုက်ပါဘဲ။ 

Game Information

Android version 5 . 0 +
Developer Ashim Shakya
Network Offline
Price 1.99 $
App version 1.0
Release date Aug 31, 2020
Platform Android

⭐ ( HELLO Rating = 7.1 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် နိပ်ပါ <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES