LANDFALL
° ဒီတစ်ခါ Mobile ပေါ်ထွက်လာတဲ့ Game သစ်လေးကတော့ Management ကိုဦးစားပေးထားတဲ့
Building Simulator Game ကောင်းလေး တစ်ခုဖြစ်ပြီး ထူးခြားတာကတော့
ကမ္ဘာမြေပေါ်မှာတည်ဆောက်ရမှာမျိုးမဟုတ်ဘဲ တခြားဂြိုလ်တွေဖြစ်တဲ့ Mars (
အင်္ဂါဂြိုလ် ) တွေလို အာကာသအပြင်က နေရာမျိုးတွေမှာ သွားရောက်တည်ဆောက်ရမှာပါ။
ကမ္ဘာမြေမှာလို သံယံဇာတ များများစားစား သိပ်မရှိတာကြောင့် တခြားဂြိုလ်ပေါ်မှာ
အခြေချရတာက အရမ်းကိုခက်ခဲမှာဖြစ်ပြီး အရင်က City Management လုပ်ရတာထက်ကို
ပိုပြီး Challenge ဖြစ်လာမှာပါ။
° ဒါ့အပြင် NASA ရဲ့ Real Science တွေအတိုင်း လက်တွေ့ကျကျ ဖန်တီးထားတာကြောင့်
လူသားတွေရဲ့ ပထမဆုံး ကမ္ဘာ့အပြင်ဘက် အခြေချနေထိုင်မှုဟာ သင့်အပေါ်မှာဘဲ အများကြီး
မူတည်နေပါတယ်။ မြို့တော်ကြီးတစ်ခု လည်ပတ်ဖို့တွက် သင့်ကိုယ်သင်
စီမံနိုင်မယ်လို့ကော ယုံကြည်ရဲ့လား ၊ ကမ္ဘာမြေမှာလို Oxygen တောင် အလကား
မရရှိနိုင်တဲ့နေရာ တစ်ခုမလို့ အရာရာဟာ သင့်အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်နေမှာပါ။
ဒီတော့ ကိုယ့်ရဲ့ Management level ကို အာကာသအပြင်ထိ စမ်းခြင်ရင်တော့
ဆော့ကြည့်ကြဖို့ရာ အကြံပေးပါတယ်။
Note
====
Game က Management လုပ်မှာဆိုတော့ ခိုးဆော့ရင်တော့ ဘယ်ဆော့ကောင်းတော့မလဲ။
ဒါပေမယ့်လည်း အချိန်အတော်ပေးရမှာဆိုတော့ Mod version ကိုမှ Free Shopping
ပုံစံမျိုး တင်ပေးထားပါတယ်။ ဘာကောင်းလဲဆိုရင် Original အတိုင်းဆော့ခြင်တဲ့သူတွေက
ဒီတိုင်း normal ဆော့သွားလို့ရပြီး Resources တွေမလောက်လို့ အချိန်မပေးနိုင်ဘူး
ပိုလိုခြင်တဲ့သူတွေက Shop ထဲမှာ $ နဲ့ပေးဝယ်ရတဲ့ Package တွေကို Free Purchased
လုပ်ယူလို့ရပါတယ်။ Unlimited Money တွေထက် ဆော့ရတာ ပိုအဆင်ပြေတာပေါ့။
[- Review -]
Game က Management ဆိုတဲ့အတိုင်း လိုအပ်တဲ့ အဆောက်အဦးတွေ ၊ လျှပ်စစ်ဘာညာ
အစုံပါဝင်တာပေါ့။ ဒါပေမယ့် ခက်တာက ဒီ Game က တခြားဂြိုလ်ပေါ်မှာ ဖြစ်နေတာပါ။
အဲတော့ အကုန်လုံးက NASA ရဲ့ Science Building ပုံစံတွေဖြစ်ပြီး Resources တွေကစ
သိပ္ပံနီးကျဘဲ Research လုပ်ပေးရမှာပါ။ Basic People အနေနဲ့ လုပ်သား ၊
အင်ဂျင်နီယာ နဲ့ သိပ္ပံပညာရှင်တွေ အများဆုံးတွေ့ရမှာဖြစ်ပြီး Population အတွက်
စီမံပေးရသလို သူတို့ရဲ့ အလုပ် ၊ နေရာ ၊ စားသောက်မှုတွေကစ
လိုအပ်သလိုဖြည့်ဆည်းပေးရမှာပါ။
ဒီတော့ ဒီလူတွေကို စီမံပေးရတာက အရင်က City Game တွေမှာ ကြုံဖူးနေကြဆိုပေမယ့်
ဒီထဲမှာ မတူဘဲ ကွဲသွားတာကတော့ ဒီ လူသားအရင်းအမြစ်တွေကို ကမ္ဘာမြေကနေ အာကာသယာဉ်နဲ့
ပြန်ခေါ်ရတာပါ။ ကန့်သတ်ချက်တွေရှိသလို ကမ္ဘာမြေနဲ့ ဒီဂြိုလ်ပေါ်ကို လာရတဲ့
ကြာချိန်တွေကစ ထည့်တွက်ရတာမျိုးပါ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။ ဒီမှာ
ထုတ်လုပ်မှု မလုံလောက်ရင် ကမ္ဘာမြေကနေ တဆင့် လိုအပ်တဲ့ ကောက်ပဲသီးနှံတွေ ၊ သံထည်
ကြေးနီ အစုံ နောက်ဆုံး ရေခဲကစ လိုအပ်ရင်လိုအပ်သလို လှမ်းမှာရတာပါ။ နောက်တစ်ခု
မတူတာက ဒီမှာက Oxygen မရှိတဲ့ နေရာမျိုးဆိုတော့ အဆောက်အဦးတွေ အကုန်လုံးက
တစ်ခုနဲ့တစ်ခု သီးခြားခွဲထားလို့မရဘဲ Connect ဖြစ်နေမှ ဆောက်လုပ်လို့ရတာမျိုးပါ။
အပေါက်အရည်တွက်ကစ မတူတာကြောင့် မြေနေရာကို စီမံခန့်ခွဲပြီး Building တွေ
တည်ဆောက်ရတာလည်း ဒီ Game ရဲ့ အားရစရာကောင်းတဲ့ အချက်လို့ပြောလို့ရတယ်။
ဒီ Game ကို အသေးစိတ်ပြောပြရင် အတော်နဲ့ ကုန်မှာ မဟုတ်သလို
စစခြင်းဆော့တဲ့သူတွေတွက်လည်း ယောင်လည်လည်ဖြစ်နေကြမှာပါ။ Research
ပိုင်းမှာဆိုရင်လည်း ရေထုတ်တာတွေ ၊ Oxygen ထုတ်တာတွေအပြင် ၊ Chemical
စစ်ထုတ်တာတွေကစ ပါဝင်သေးတော့ ကြည့်စရာတွေက အရမ်းကို များနေတာပေါ့။ ဒါတောင်
Industry တို့ Infrastructure အပိုင်းတွေ အများကြီး ကျန်သေးတယ်။ ချုံပြောရရင်
တခြားဂြိုလ်ပေါ်မှာဆိုတော့ အရင်က ကိုယ်မသိတာတွေထက်ကို အများကြီး Management
လုပ်ပေးရမှာ။ NASA ရဲ့ Real Science တွေအတိုင်း စံနမူနာ ယူထားတော့
ပညာသားပါတာပေါ့။ Game က ရှုပ်တယ်လို့ ထင်ရတာက Scientific ဆန်သွားလို့ပါ။
Building တွေက Fancy သိပ်မပါပေမယ့် 3D Graphic နဲ့ ပတ်ပတ်လည် အနီးဝေး
ကြည့်ရှုလို့ရပြီး UI ဒီဇီုင်းတွေကစ အတော်လေး Cool ဖြစ်တာပါ။ Admin အနေနဲ့
မှာခြင်တာကတော့ Game က ပေးတဲ့ လမ်းညွှန်မှုတွေကို Skip မလုပ်ဘဲ ဆော့စေခြင်တယ်။
မဟုတ်ရင် နောက်ကျ ဘယ်ဟာက ဘာမှန်းမသိဘဲ Resources တွေ Cheat တာတောင် City
တစ်ခုလုံးကို အပြည့်ဝ ထိန်းချုပ်နိုင်ဖို့ဆိုတာက ဘယ်ဟာက ဘာလိုအပ်တယ်ဆိုတာ သိနေမှ
ဖြစ်မှာ။ မဟုတ်ရင် Cheat ဆော့လည်း ယောင်လည်လည်ဖြစ်နေမှာဘဲ။ အဲတော့ Management
Game တွေ သဘောကျတဲ့သူတွေတွက် စမ်းကြည့်ကြဖို့ရာ အကြံပေးတယ်။ အနည်းဆုံးတော့
အတွေ့ကြုံသစ်ရတာပေါ့။
Android version | 8 . 0 + |
Developer | Tilting Point |
Network | Offline |
Price | Free |
App version | 2.3 |
Release date | Aug 9, 2022 |
Platform | Android / iOS |
Comments