OWRC

° အသစ်ထွက်လာတဲ့ ဒီ Game လေးက Mobile Game တွေတွက် နောက်ထပ် Graphic Evolution တစ်ခုလို့ ဆိုရမှာဖြစ်ပြီး Next Generation Graphic နဲ့အတူ 100 sq ကီလိုမီတာထိရှိတဲ့ Open World အကျယ်ကြီးကိုပါ တွေ့မြင်ရမှာပါ။ သာမန် Developer တွေကနေ ဖန်တီးပေးထားတာကြောင့် Mobile ရဲ့ Gaming Graphic တွေဟာ ရှေ့လျှောက် ပိုပိုပြီး ကောင်းလာဖို့ဘဲ ကျန်ပါတော့တယ်။
° အခု Game မှာဆိုရင်လည်း Mobile Racing Player တွေ အများစုဆော့ခြင်နေကြတဲ့ Open World Type ကိုမှ Graphic ကောင်းကောင်းနဲ့ Offline ထုတ်ပေးထားတော့ တကယ်ကို Suprise ဖြစ်စေမှာပါ။ Need For Speed လို Map အကျယ်ကြီးထဲမှာ ကြုံရာ Quest တွေနဲ့ ဝင်ပြိုင်လို့ရသလို Graphic ပိုင်းမှာလည်း GTA 5 လို့ အမှတ်မှားလောက်အောင်ထိ Environment ကြီးက အတော်ကို ကြည့်ကောင်းလွန်းနေတာပါ။ ဒါက အနီးစပ်ဆုံး မြင်သာအောင်ပြောပြတာဖြစ်ပြီး တကယ် Game ရဲ့ စတိုင်ကတော့ Need For Speed ရဲ့ Hot Pursuit လို ပုံစံမျိုးနဲ့ သွားတူပါတယ်။ စစထွက်ခြင်းမလို့ လိုအပ်ချက်တွေ ရှိ‌နေသေးပေမယ့်လည်း Controller ပါ Support ပေးတယ်ဆိုတော့ Racing Fan တွေ စိတ်ကြိုက်ဖြစ်စေမှာပါ။ 
[- Review -]

ဒီ Game မှာက အားရစရာအပိုင်းတွေရှိသလို အားမရတာတွေလည်း ရှိပါသေးတယ်။ အနည်းဆုံးတော့ Android Users တွေတွက်က CarX Street မထွက်သေးခင်မှာဘဲ ဒီ တစ်ခုနဲ့ Chill လို့ရတော့ အတော်လေးအဆင်‌ပြေ‌စေမှာပါ ။Game က Graphic အရမ်းကောင်းသလို Map ကလည်း အကျယ်ကြီးဆိုတော့ Gameplay Smooth ဖို့ဆိုရင် Phone ကောင်းကောင်းတော့လိုအပ်ပါတယ်။ Optimization ပိုင်းမှာ တအားအကောင်းကြီးမဟုတ်ပေမယ့်လည်း Graphic Option နဲ့ Resolution Setting တွေပါ ပါဝင်တော့ အဆင်ပြေကြမှာပါ။  
ဒီတော့ Gameplay က Open World ကြီးထဲမှာ ကားပတ်မောင်းရင်း လမ်းမှာ ကြုံတဲ့ Quest တွေကနေ တစ်ဆင့် ကား တွေပါ ဝင်ပြိုင်လို့ရပါတယ်။ Graphic လည်း မိုက်တော့ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ Map အနှံ့လည်း Chill လို့ရတာပေါ့။ ကားအတော်များများပါဝင်ပြီး Customize အနေနဲ့ Color ဘဲ ချိန်းလို့ရတာပါ။ ကျန်တဲ့ Upgrade တွေ Extra Fancy တွေတော့ မပါဝင်ပါဘူး။ Camera View တွေ ချိန်လို့ရသလို Photo Mode တွေ ကားထဲတွေကစ သဘာဝကျအောင် မောင်းတဲ့လူတွေပါ ထည့်‌ပေးထားတာပါ။ 
Graphic ပိုင်းတွေ သဘောကျပေမယ့် Car Physics အနေနဲ့ကတော့ လိုအပ်နေတဲ့ အပိုင်းတွေ ရှ်ိနေပါသေးတယ်။ အကွေ့တွေမှာ ကားဘီးကြွသွားတာတွေက Realistic ဖြစ်ပေမယ့် Damage ပိုင်းမှာတော့ Physical Appearance မှာ Effect မဖြစ်သေးပါဘူး။ ကား Body Dirty ဖြစ်တာဘဲ မြင်တွေ့ရပြီး Body Detail Damage ဖြစ်တာတော့ မပါဝင်သေးပါဘူး။ ဒါပေမယ့် တိုက်ပါများရင် အင်ဂျင်ကြောင့် မီးခိုးတွေ ထွက်လာတတ်ပါတယ်။ Racing တင်မဟုတ်ဘဲ Drifting ပိုင်းပါ အသားပေးထားတော့ မောင်းရတာ အရမ်းကြီးတော့ မလွယ်ပါဘူး။ 
နောက်ဆုံး သဘောမကျတဲ့အချက်ကတော့ Sound ပိုင်းတွေက အတော်လေး awkward ဖြစ်နေသေးတာပါ။ စစထွက်ခြင်းမလို့ Bug တွေပါနေသေးတာ လက်ခံပေမယ့် ဒီ အသံပိုင်းကတော့ အတော်လေးကို လိုအပ်‌နေသေးတာပါ။ Engine အသံတွေ တအားကြီး သဘောမကျသလို Graphic ကောင်းသလောက် အသံပိုင်းက Feel ပျက်သွားတာပေါ့။ Control ပိုင်းမှာလည်း အဆင်ပြေအောင်လုပ်ပေးထားပေမယ့် နည်းနည်းတော့ အားမရသေးပါဘူး။ တစ်ခါလေ လီဗာလွတ်လိုက်တာတောင် အသံကြီးက ဆက်သွားနေတာမျိုးတွေ Error တွေ့နေရသေးတယ်။ အနိမ့်ကားတွေမှာ သိပ်မဖြစ်ပေမယ့် ကားအမြင့်တွေမှာတော့ အဲလိုအပ်ချက်တွေရှိနေပါသေးတယ်။ ဘာဘဲဖြစ်ဖြစ် Update တွေမှာ အကောင်းဆုံး ပြင်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ Admin ကတော့ Graphic ပိုင်းကိုဘဲ ပိုအားရမိပြီး Chill လို့လဲ အဆင်ပြေတာကြောင့် သဘောကျတယ်လို့ ပြောရမယ်။  

Game Information

Android version 7 . 1 +
Developer Free Square Games
Network Offline
Price Free
App version 1.006
Release date Aug 14, 2022
Platform Android / iOS

⭐ ( HELLO Rating = 7.9 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES