The Last Days

° အသစ်ထွက်လာတဲ့ ဒီ Game လေးက The Last Of Us II ကို Inspire ယူထားတဲ့ Casual Adventure Game လေးဖြစ်ပြီး ဆော့ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့မလို့ တကယ် သဘောကျကြမှာပါ။ The Last Of Us II လိုမျိုး လုံးဝတူတာကြီးမဟုတ်ဘဲ ဒီ Game မှာပါတဲ့ ပုံစံလေးတွေက သွားဆင်တူ နေတာမျိုးပါ။ ဇာတ်လမ်းကစ သင်က Zombie Apocalypse ထဲမှာ ရှင်သန်နေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လူသားအချင်းခြင်းတောင် မယုံရတော့တဲ့ အခြေနေမျိုးကို တွေ့ကြုံရမှာပါ။ Character ပိုင်းမှာလည်း တက်တူး လက်ပတ်စည်းတွေအပြင် ကျောပိုးအိပ်လေးကပါ ပိုဆင်တူနေတာကို တွေ့ရမှာပါ။
° Gameplay က Mobile VR Game တွေမှာ တွေ့ရသလိုမျိုးဘဲ သတ်မှတ်ထားတဲ့ နေရာတစ်ခုကို Point ချိန်ပေးရုံနဲ့ Auto သွားမှာဖြစ်ပြီး ပတ်ပတ်လည်ပါ စိတ်ကြိုက် ကြည့်ရှုလို့ရမှာပါ။ ရန်သူနားရောက်ရင် ဖြည်းဖြည်းလေး ဝပ်သွားတာတွေကစ သဘောကျစရာကောင်းပြီး နောက်ထပ် အတူဆုံးကတော့ Craft လုပ်တဲ့အခါ နောက်မှာပါတဲ့ ကျောပိုးအိတ်ကို ချပြီး ပစ္စည်းဖန်တီးတာတွေကစ The Last Of Us II လို scene မျိုးကို ခံစားရစေမှာပါ။ သာမန် Indie Developer ကနေ ဖန်တီးထားတာဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ Graphic ကစ အတော်လေး အဆင်ပြေတာကြောင့် အသစ်ဆန်းတွေကိုမှ Try ခြင်တဲ့ Fan တွေတွက် စမ်းကြည့်သင့်တယ်လို့ အကြံပေးပါတယ်။
[- Review -]

Game ပုံစံက တကယ် The Last Of Us လိုမျိုးကို အသွင်ယူထားပြီး ခက်တာက Casual Game အနေနဲ့ဘဲ ဖန်တီးပေးထားတာပါ။ အဲတော့ ဆော့ရတာက ဒေါင်လိုက်ဖြစ်နေတဲ့အပြင် Point Action Movement လို Auto ကြီးသွားနေရတော့ တအားကြီးတော့ အားရစရာ မကောင်းဘူးပေါ့။ အစပိုင်း Level တွေက တစ်ခုနဲ့ တစ်ခုဆက်စပ်နေပေမယ့်လည်း နောက်ပိုင်းတွေကတော့ Loop ပုံစံကြီးနဲ့မလို့ Zombie ပိုလာတာကလွဲရင် location ပိုင်းတွေက ပြောင်းမသွားပါဘူး။ 
ဒီတော့ Game က အစပိုင်းမှာဘဲ Casual ဆိုတဲ့အတိုင်း Fun ဖြစ်စေမှာပါ။ Graphic ကတော့ Size ထက်စာရင် အတော်လေးအဆင်ပြေပြီး Developer ဘက်ကသာ Manual Movement နဲ့ သေချာ Gameplay တွေကစ ပြောင်းပေးလိုက်ရင်တော့ လူဆော့များကြမှာသေချာပါတယ်။ ဒါမှမဟုတ်လည်း နောက်ပိုင်း Chapter ကို loop မဟုတ်ဘဲ Location အသစ်တွေနဲ့ ထပ်ဆက်ပေးရင်တော့ မဆိုးဘူးလို့ ပြောရမှာပါ။ ဆော့ရတာ ခဏလေးဆိုပေမယ့်လည် Admin ကတော့ သဘောကျမိတယ်။ အဲတော့ ပျင်းနေရင် Size နည်းနည်းလေးနဲ့ စမ်းကြည့်ကြပါလို့ အကြံပေးခြင်တယ်။ 

Game Information

Android version 5 . 1 +
Developer Bairam Aslan
Network Offline
Price Free
App version 0.1.30
Release date Aug 19, 2022
Platform Android

⭐ ( HELLO Rating = 7.1 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES