Bug Dolls
° မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Horror Game ကောင်းလေးတစ်ခုဖြစ်ပြီး Paid Game
ဖြစ်တဲ့အပြင် PC မှာပါ ထွက်ရှိထားတာကြောင့် အရမ်းသဘောကျကြမှာပါ။ သဘောကျဆို ဒီ
Game က semi-open world ပုံစံဖန်တီးထားတာဖြစ်ပြီး မြို့တစ်ခုလုံးကို Horror
ဆန်ဆန်နဲ့ လျှောက်သွားခြင်တဲ့သူတွေတွက် လုံးဝကို အကြိုက်တွေ့စေမှာပါ။ Puzzle
တွေလည်း ပါသလို Environment တွေကစ Detail ဖြစ်တာကြောင့် Horror Fan တွေတွက်
လက်မလွတ်သင့်တဲ့ Game ကောင်းလေး တစ်ခုလို့ ပြောခြင်ပါတယ်။ အသံပိုင်းတွေလည်း
နားကြပ်နဲ့ဆို အသေးစိပ် ပိုကြားရမယ့်အပြင် Ending ကပါ 3 မျိုးထိ ပါဝင်သေးတာမလို့
အရမ်းမိုက်တာပါ။
° ဒီ Game ရဲ့အဓိက အပိုင်းဖြစ်တဲ့ ဇာတ်လမ်းကလည်း အတော်လေးကို Creepy
ဖြစ်စေအုံးမှာပါ။ အနီးစပ်ဆုံး မြင်သာအောင် ပြောပြရရင် ညလယ်ခေါင်ကြီးမှာ
တစ်မြို့လုံးနီးပါး အရုပ်ပျက်တွေ ရုတ်တရက်ပေါ်လာပြီး သွေးတွေပါ
စွန်းပေနေတာကြောင့် တကယ်ကို ထူးထူးဆန်းဆန်းနဲ့ ကြက်သီးထစရာကောင်းတာမျိုးကို
ကြုံတွေ့ရမှာပါ။ အဲဒါကိုမှ တစ်မြို့လုံးမှာ သင်တစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့
အပြင်မှသာ ကြုံရမယ်ဆိုရင် လုံးဝကို အိမ်မက်ဆိုးဖြစ်နေမှာ သေချာပါတယ်။ နောက်ပြီး
ပရလောကသားတွေ ခိုလုံတဲ့ နေရာကလည်း အရုပ်တွေမှာဘဲ ရှိနေတတ်တော့ ရုတ်တရက်ကြီး
ကိုယ့်အနားက ကလေးအရုပ်ကြီးက ထ ကိုက်လာရင်လည်း Shock ဖြစ်မသွားကြနဲ့အုံးနော်။
ကလေးရယ်သံလေးပါတာမလို့ ဘာမှကြောက်စရာမလိုဘူး ။ နောက်ပြီး Developer ကလည်း Silent
Hill ကို Inspired ယူထားတာမလို့ Horror Fan တွေ အကြိုက်ဖြစ်စေမှာပါ။
[- Review -]
ဒီ Game စထွက်တုန်းက တင်ပေးဖို့ရာ လုပ်ခဲ့ပေမယ့် အဲအချိန်တုန်းက
ဒေါ်လာဈေးတက်နေတာနဲ့ တိုးသွားလို့ မတင်ပေးဖြစ်ခဲ့တာပါ။ တကယ် Graphic လည်း
အားရစရာကောင်းပြီး Puzzle တွေကပါ မြို့ပတ်ပြီး ဖြေရှင်းရတာဆိုတော့ Horror Game
တစ်ခုအနေနဲ့ အရမ်းကိုမိုက်တာပါ။ ဆိုတော့ အရင်ဆုံး ဒီ Game ရဲ့ ဇာတ်လမ်းကို
သေချာပြောပြပါမယ်။ ဘာလို့ဆို တခြား Horror ဇာတ်ကြောရိုးတွေနဲ့ မတူတာမလို့
သဘောကျကြမှာပါ။
1991 ခုနှစ် ဆောင်းဦးပိုင်းရဲ့ ညတစ်ညမှာ Zhukovsk ဆိုတဲ့ မြို့လေးဟာ မထင်မှတ်ဘဲ
အရေးပေါ်အခြေနေတွေဖြစ်ခဲ့ပါတယ် ။ တစ်မြို့လုံး သတိပေးဥဩဆွဲသံတွေ ဆူညံနေခဲ့ပြီး
ရေဒီယိုကနေပါ အရေးပေါ်ထွက်ခွာကြဖို့ ဆက်တိုက်ကြေငြာနေတော့ တစ်မြို့လုံးနီးပါးဟာ
ညခြင်းဘဲ ရွေ့ပြောင်းခဲ့ရတာပါ။ အဲဒီထဲကမှ သင်ကတော့ ခြေထောက်ကျိုးနေတဲ့ ဒဏ်ကြောင့်
အရေးပေါ်ထွက်ခွာဖို့ရာ အဆင်မပြေဖြစ်ခဲ့ရပြီး သိပ်မကြာခင်မှာဘဲ ထူးဆန်းတာတွေဟာ
စတင်လာခဲ့ပါတယ်။ ပထမဆုံး သင့်ရဲ့ ကျိုးနေတဲ့ ခြေထောက်ဟာ ရုတ်တရက်
ပြန်ကောင်းသွားပြီး သတိပေးဥဩသံတွေ ငြိမ်ကျသွားချိန်မှာတော့ တစ်မြို့လုံးမှာ
သွေးစွန်းနေတဲ့ အရုပ်ပျက်တွေဟာ ရုတ်တရက် ပေါ်လာတာပါ။ ထူးဆန်းတာက အဲဒီ အရုပ်တွေဟာ
လူတွေ ပြုမူနေထိုင်နေတဲ့ ပုံစံအတိုင်း ပေါ်နေကြတာပါ။ နားလည်အောင်ပြောရရင်
လူတွေကနေ အရုပ်တွေ ပြောင်းသွားကြသလိုမျိုးကို ဖြစ်နေတာ။ အဲဒါကိုမှ ဒီမြို့ကနေ
လွတ်အောင်ကြိုးစားမလား ဒါမှမဟုတ် ဒီ ထူးဆန်းတဲ့ အဖြစ်ကို
စုံစမ်းဖော်ထုတ်မလားဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။
အမှန်တိုင်းပြောရရင် ဒီ Game ထဲက ပုံစံအတိုင်းဆိုရင်တော့ မင်မင်ကတော့
တကယ်စိုးရိမ်မိတယ်။ Game ဆော့နေရင်းကို တစ်ခါလေ တွေးနေမိတာက တကယ်လို့များ
ကိုယ်နေတဲ့ နေရာသာ ရုတ်တရက်အဲလို အရုပ်တွေပေါ်လာရင်တော့ အတော်ကို
ဝေခွဲမရဖြစ်နေမှာ။ အပြင်မှာလည်း အရုပ်ရွာတွေ ဘာတွေ တကယ်တည်ရှိနေတာဆိုတော့
ကြက်သီးထစရာကြီး။
Gameplay ကတော့ First Person View နဲ့ အတော်လေး Explore လုပ်ရမှာဖြစ်ပြီး
တစ်နေရာနဲ့ တစ်နေရာကို အတော်လေး သတိထားသွားရမှာပါ။ ဘာလို့ဆို တစ်ချို့ အရုပ်တွေက
အသက်ဝင်နေတာမလို့ပါ။ ကလေးရယ်သံကြီးနဲ့ ပြေးလာတိုင်း ကျောကို စိမ့်သွားတာဘဲ။
ဒါပေမယ့် တစ်ခုပြောခြင်တာက ဒီထဲမှာ ပါတဲ့ အရုပ်တွေက သေချာဖန်တီးထားပေမယ့်
အရမ်းကြောက်စရာမကောင်းပါဘူး။ တကယ် ဒီ Game ကို ကြောက်စရာကောင်းအောင်
ဆွဲဆောင်ထားတာက Environmental နဲ့ Game ဒီဇိုင်းလို့ ပြောလို့ရတယ်။
အရုပ်တွေပြည့်နေတဲ့ မြို့တစ်ခုလုံးကို တစ်ယောက်တည်း သွားလာရမယ့် Vibe က ဒီ Game
ရဲ့ ဆွဲဆောင်မှုတစ်ခုမလို့ပါ။ HP Pack တွေ ၊ Energy Drink တွေအပြင် Puzzle Piece
အပိုင်းစလေးတွေပါ တစ်မြို့လုံး အနှံဖွက်ထားတာမလို့ မျက်စိလျင်ဖို့လည်း
လိုအပ်ပါတယ်။ တစ်မြို့လုံး Explore လုပ်ရမှာဆိုတော့ လမ်းမပျောက်အောင်လည်း
မြေပုံခဏခဏကြည့်နေမှ အဆင်ပြေမှာပါ။ လမ်းကြိုလမ်းကြားတွေပါတော့ မျက်စိလည်တတ်တယ်။
ဒီတော့ အတိုချုံ့ပြောရရင် Game က Size လည်း နည်းသလို ဇာတ်လမ်းကလည်း
စိတ်ဝင်စားစရာကောင်းပြီး မြို့တစ်ခုလုံးကိုပါ လျှောက်ပတ်ရမှာဆိုတော့
တကယ်ဆော့ရတန်တဲ့ Premium Game ကောင်းလေးတစ်ခုပါ။ Game နဲ့ ပတ်သတ်ပြီး
အဆင်မပြေတာလေးတစ်ခုကတော့ Movement Joystick က Fix မဖြစ်သေးတာ တစ်ခုပါဘဲ။
ကျန်တာကတော့ Graphic ကစ Optimization ဖြစ်ပြီး Brightness တွေကစ
အတိုးလျော့လုပ်လို့ရပါတယ်။ Dark Atmosphere ရခြင်ရင်တော့ အမှောင်ချပြီး
ဆော့ကြည့်ဖို့ရာ အကြံပေးတယ်။ ဒီတော့ တစ်မြို့လုံးမှာ အရုပ်တွေ ပေါ်လာရတဲ့ အဖြစ်က
ကျိန်စာတစ်ခုလား ဒါမှမဟုတ် စမ်းသပ်မှုတစ်ခုလား ? တကယ်ဘဲ မြို့နေ ပြည်သူတွေကကော
ထွက်ပြေးနိုင်ခဲ့ရဲ့လားဆိုတာကိုတော့ ဒီ Game မှာဘဲ သင်ကိုယ်တိုင်
စိတ်လှုပ်ရှားစွာနဲ့ ကစားရမှာပါ။
Android version | 5 . 0 + |
Developer | BOLD CAT |
Network | Offline |
Price | 4.99 $ |
App version | 1.07 |
Release date | Mar 29, 2022 |
Platform | Android |
Comments