Talking Phoe Htet
° အသစ်ထွက်ထားတဲ့ ဒီ Game လေးကို မြန်မာနိင်ငံက Developer ဖြစ်တဲ့ Mind Blown
Studio ကနေ ဖန်တီးပေးထားပြီး Talking Tom ဆော့ဖူးသူတိုင်း မြန်မာမှုပုံစံလေးနဲ့
သဘောကျစေမှာပါ။ နောက်ပြီး Mind Blown Studio ဆိုတာကလည်း လူသိများကြတဲ့ Detective
Zwell ဆိုတဲ့ မြန်မာစုံထောက် Game ကို ပထမဆုံး ဖန်တီးသူပါဘဲ။ ဒီတစ်ခါမှာတော့
ထူးထူးခြားခြား စုံထောက်တွေ ၊ မှုခင်းတွေမဟုတ်တော့ဘဲ အညာဒေသက စတိုင်ကျကျ၊
ပုဆိုးလေးကားကားလေးနဲ့ မောင်ဖိုးထက်ကို တွေ့မြင်ရမှာပါ။ ပုံစံလေးက အူယားစရာ
ကောင်းပြီး သနပ်ခါးပါးကွက်ကြားလေးကိုမှ တိုက်ပုံ၊ပုဆိုးလေးနဲ့ ဖန်တီးပေးထားတာပါ။
နောက်ပြီး ပန်းချီဆွဲတာတွေ ၊ ပဟေဠိ ဖြေရှင်းတာတွေပါတဲ့အပြင် Mini Game လေးတွေ ၊
အိမ်မွေး Pets လေးတွေကစ မြန်မာဆန်ဆန်လေးနဲ့ အစုံထည့်ပေးထားတာမလို့
မြန်မာမှုမြန်မာ့ဟန်လေးတွေ သဘောကျတဲ့ သူတွေတွက် အကြိုက်တွေ့စေမှာပါ။
[- Review -]
Game လေးက မြန်မာဆန်ဆန်လေးဆိုတော့ ဆော့ရတာ အမြင်ဆန်းပြီး သဘောကျစရာပါ။ အထူးသဖြင့်
ဒီ ဖိုးထက်လေးရဲ့ ပုံစံကိုက ဝဝကစ်ကစ်လေးနဲ့ဆိုတော့ အညာဒေသက သူဌေးသားပေါက်စလေး
ပုံစံပေါက်နေတာပါ။ ခြေထောက်ထိလိုက်ရင် နာသွားတာတွေ ၊ မူးမေ့သွားတာတွေက သူ့ရဲ့
Character ပုံစံလေးနဲ့ အရမ်းလိုက်တယ်။ နောက်ပြီး ကိုယ်ပြောသမျှစကားတွေကိုလည်း
အဲဖိုးထက်လေးက လိုက်တုပြီး ပြောအုံးမှာနော်။
Game က ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် ကလေးတွေတွက်တော့ အထောက်ကူပြုပါတယ်။ ဥပမာ
ဒီ Game မှာဆိုရင် ဉာဏ်စမ်းပဟေဠိလေးတွေလည် ပါသလို ပန်းချီဆွဲတာရတာ သဘောကျတဲ့
ကလေးတွေတွက်ပါ အဆင်ပြေစေတာပါ။ ဒါတင်မကသေးပါဘူး ထမင်းမစားခြင်တဲ့
သားသားမီးမီးတွေတွက်ပါ ဖိုးထက်လေးက ထမင်းတူတူ စားပေးအုံးမှာနော်။
ကာတွန်းရုပ်လေးကိုမှ သနပ်ခါးပါးကွပ်ကြားလေးနဲ့ဆိုတော့ ကလေးတွေရဲ့ အာရုံမှာလည်း
ကစားဖော်တစ်ယောက်လို ပေါ်လွင်နေစေမှာ သေချာပါတယ်။
နောက်ပြီး Mini Game လေးတွေလည်း ထည့်ပေးထားသလို Spin ကနေ တစ်ဆင့် ပဲခူးရိုးမတို့
ဧရာဝတီတို့အပြင် Suit လေးတွေဖြစ်တဲ့ ဇော်ဂျီတို့ ငတက်ပြားဝတ်စုံတွေထိပါ
ထည့်ပေးထားတာပါ။ ဒါတင်မကသေးပါဘူး Background တွက် ပုဂံ ၊ မန္တလေး ၊ ရန်ကုန်တွေထိ
အပြင် မြန်မာပြည်ရဲ့ iconic လူသိများတဲ့ သုသာန်မြေက မဖဲဝါတွေထိပါ Special FX
တွေနဲ့ မြင်တွေ့ရမှာပါ။ ဖိုးထက်လေးတစ်ယောက် သရဲခြောက်ခံရတော့မှာပေါ့။
အဲလိုနေရာတွေရဖို့တွက် ပိုက်ဆံစုပြီးဝယ်ရမှာဖြစ်ပြီး Currency ကစ မြန်မာပြည်ရဲ့
ငွေကြေးတိုင်း ၅၀၀ ၊ ၁၀၀၀ ပိုက်ဆံပုံစံတွေနဲ့ကို မြန်မာဆန်ဆန် ထည့်ပေးထားတာပါ။
နောက်ပြီး အိမ်မွေးကြောင်လေးတွေကစ ဝယ်ယူလို့ရပြီး ရွှေဝါတို့ ဖြူဖွေးတို့အပြင်
ကြက်နဲ့ နွားညိုမတွေထိပါ ကိုယ်ရဲ့ Pet အဖြစ်နဲ့ မွေးလို့ရသေးတာပါ။
မြန်မာဆန်ဆန်လေးဆိုတော့ အရမ်းသဘောကျစရာကောင်းပြီး Developer တွေဘက်ကလည်း
ဖိုးထက်အပြင် သာလိကာမလေး မိဘုတ်ကိုပါ Coming Soon အနေနဲ့ ကြေငြာထားပါတယ်။
ဖိုးထက်လေးတောင် ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတော့ သာလိကာမလေးကိုလည်း
စိတ်ဝင်စားနေပြီ။ ဖုန်းထက် Tablet ကြီးတွေနဲ့သာ ဆော့မယ်ဆိုရင် အိမ်မှာရှိတဲ့
သားသားမီးမီးတွေလည်း ပိုစိတ်ဝင်စားကြမှာ သေချာတယ်။
| Android version | 5 . 0 + |
| Developer | Mind Blown Studio |
| Network | Online |
| Price | Free |
| App version | 1.8.9 |
| Release date | May 16, 2022 |
| Platform | Android |
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...







