ATTS 2

° အသစ်ထွက်လာတဲ့ ဒီ Game က Admin ကိုတောင် အတော်လေး ဆွဲဆောင်မှုပေးခဲ့ပြီး Tom Clancy လို Vibe မျိုးကိုတောင် ခံစားရစေတာပါ။ Mobile တွက် PC နဲ့ Consoles ကနေ ဆင်းလာတဲ့ နာမည်ကြီး Developer တွေ အမျိုးမျိုးရှိကြပေမယ့် တကယ် Mobile ပေါ်မှာ‌ နောက်ကောက်မကျန်ဘဲ Evolution အဖြစ်ဆုံးကတော့ သာမန် Indie Developer တွေလို့ ဆိုလို့ရပါတယ်။ လူသုံးများတဲ့ Mobile Device တွေပေါ်ကို သူတို့ရဲ့ အရည်အချင်းတွေနဲ့ အကောင်းဆုံး ဖန်‌တီးပြသတတ်ကြပြီး အခု Game မှာလည်း တကယ်ကို မထင်ထားလောက်အောင် အတော်လေးသဘောကျမိတာပါ။ 
° တစ်ချိန်က Mobile Shooting Game အများစုဟာ တစ်နေရာတည်းကတင် လာသမျှရန်သူကို ပစ်နေရတဲ့ အမျိုးစားတွေသာ အထွက်များခဲ့ပြီး အခုနောက်ပိုင်း ထွက်လာသမျှ Game တွေမှာတော့ Free Move လုပ်လို့ရတဲ့ Shooter အမျိုးစားတွေ များပြားလာတာပါ။ အဲဒီထဲကမှ အခု Game လေးက Story Mission တင်မကဘဲ Third Person View နဲ့ ရန်သူ့ စစ်စခန်းတွေကို တစ်ယောက်တည်း ဝင်တွယ်ပြီး အဖမ်းခံထားရတဲ့သူတွေကိုပါ ဝင်ကယ်ရမှာပါ။ စစထွက်ခြင်းမလို့ Chapter 1 ဘဲ ပါသေးပေမယ့် အဲဒီ Chapter 1 ရဲ့ Mission တွေနဲ့တင် ဒီ Game က အတော်လေးမိုက်တာပါ။ အကြောင်းကတော့ Mission တွေအကုန်ဆက်ပေးထားပြီး Cinematic Scene တွေလိုမျိုးပါ တစ်ခန်းနဲ့တစ်ခန်း ရိုက်ပြပေးထားတာပါ။ Mission နဲ့ ပတ်သတ်ပြီးလဲ နေရာ ကန့်သတ်ထားတာမရှိတာကြောင့် တောထဲတွေထိ ဝင်ပြေးလို့ရသလို ရန်သူကိုလည်း One Shot One Kill နည်းနဲ့ ချဉ်းကပ်လို့ရပါတယ်။ 
° Gun နဲ့ပတ်သတ်ပြီး အများကြီးပါပေမယ့် တစ်လက်တည်းသာ အသုံးပြုနိုင်ပြီး ကျန်တာကတော့ လက်ပစ်ဗုံး၊ သွေးအိတ်နဲ့ Time Slow Ability တွေကိုဘဲ အသုံးပြုလို့ရတာပါ။ Movement တွေကစ အားရစရာကောင်းပြီး ပစ်လိုက်တိုင်း Aim စနစ် Auto ဝင်တာကြောင့် COD လို Control မျိုးပါ ခံစားရအုံးမှာပါ။ Sounds Effect ပိုင်းတွေလည်း သေချာလုပ်ပေးထားသလို ပေါက်ကွဲတဲ့အသံတွေဆိုရင်လည်း နားအူသွားရုံတင်မကဘဲ Blur Effect တွေနဲ့ Screen Shake သွားတဲ့ထိ မြင်တွေ့ရမှာပါ။ Graphic ပိုင်းလည်း Lighting တွေ၊ Environment တွေကစ အတော်လေး ကြည့်ကောင်းပြီး Overall ပြောရရင်တော့ Size နဲ့မလိုက်အောင် အတော်လေး ကြမ်းတဲ့ Game တစ်ခုပါ။ အရှေ့မှာ First Person View တွေနဲ့ Shooter Story Game တွေ ထွက်ဖူးကြပေမယ့် အခုလို Third Person View မှာတော့ ဒီ Game က လုံးဝကို လန်ထွက်နေတာ အာမခံပါတယ်။ 
တကယ်လို့ ကိုယ်က Game ကို Third Person View နဲ့ ဆော့ချင်တယ် ၊ Story လို သဘာဝကျကျ အခန်းဆက် Mission လည်းပါရမယ် ၊ နောက်ပြီး Free Move နဲ့ တောထဲတွေထိပါ လွတ်လွတ်လပ်လပ် ကစားချင်ရင်တော့ နှစ်ခါပြန်မတွေးဘဲ ဆော့ကြည့်ကြဖို့ရာ အကြံပေးတယ်။ Game သစ်မလို့ လိုအပ်ချက်တွေကို Admin အခု ပြောပြလို့ရပေမယ့် မကောင်းတဲ့အပိုင်းတွေကို ကြိုမသိခင် အရမ်းမိုက်တဲ့ Gameplay ကို ကိုယ်တိုင်ခံစားကြည့်စေချင်လို့ပါ။ တကယ် Action Scene အပြည့်ပါတာကြောင့် Slow Motion တွေနဲ့ အရမ်းကြိုက်သွားမှာ သေချာတယ်။ Admin တော့ တကယ်သဘောကျတာကြောင့် နောက်ထပ် Chapter တွေကို မျှော်နေမိပြီ။ 
Developer က သူတို့ရဲ့ Official Image တွေမှာ ပုံအစစ်တွေမသုံးပေမယ့် Admin ကတော့ In Game က Real Picture တွေကို တင်ပေးထားတာပါ။ 

Game Information

Android version 5 . 1 +
Developer TechHouse Games
Network Offline
Price Free
App version 0.0.2
Release date Sep 21, 2022
Platform Android

⭐ ( HELLO Rating = 8.3 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Blue Archive° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက တောင်ကိုရီးယားအခြေစိုက် NAT Games ကနေ ဖန်တီးပေးထားပြီး Global Version အတွက် Nexon ကနေ published လုပ်ပေးထားတဲ့ RPG Game ကောင်းလေးတစ်ခုပါ။ … Read More
  • Laid Back Camp Virtual° စိတ်ညစ်နေတဲ့သူတွေတွက် အပန်း‌ဖြေစေမယ့် Camping Game လေးဖြစ်ပြီး အထူးသဖြင့် Anime Fan တွေတွက် ပိုအကြိုက်တွေ့စေမှာပါ။ Laid Back Camp Series ကို ကြည့်ဖူးသူတိုင်း ရင်းနှီးက… Read More
  • Horror Station° ဒီနှစ်ထဲမှာ ထွက်ထားတဲ့ Horror Game လေးဖြစ်ပြီး လူသိနည်းပေမယ့် Reality ဆန်တဲ့ အဖြစ်ပျက်တစ်ခုကို ကြုံတွေ့ရမှာမလို့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီ Game မှာဆိုရင… Read More
  • PUBG New State° Official ထွက်တာ မနေ့ကဆိုပေမယ့် Mobile Device အားလုံးတွက်ကော၊ iOS သမားတွေတွက်ပါ ဒီနေ့မှဘဲ အကုန်တန်းတူဆော့ခွင့်ရတာပါ။ ‌Original ဖြစ်တဲ့ PUBG Mobile နဲ့ပတ်သတ်ပြီး နိုင်ငံ… Read More
  • Seven Knight 2 Global° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Mobile Player တွေ ဆော့ကို ဆော့ဖူးသင့်တဲ့ Cinematic RPG အမျိုးစားဖြစ်ပြီး Free To Play ထဲမှာတော့ တကယ်ကို ဆော့ရတန်တဲ့ Game ကောင်းတစ်ခုပါ။ တ… Read More

Comments

Anonymous said…
ဒေါင်းမရဘူးမင်မင်ရေ

လူကြည့်အများဆုံး GAMES