Death Worm Deluxe
° ဂိမ်းအများစုဟာ အမြဲတမ်း လူကောင်းတွေနေရာကနေဘဲ ကစားနေရတော့ တစ်ခါတလေ
မကောင်းတဲ့ဘက်ကနေ ကစားချင်တဲ့ အတွေးမျိုးလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် လူတွေကို
မုန်းလာတာဘဲဖြစ်ဖြစ် ၊ စိတ်ကုန်လာတာဘဲဖြစ်ဖြစ် စိတ်ထဲမှာ မကျေနပ်တာတွေများလာရင်
ပေါက်ကွဲချင်ကြတာ လူတိုင်းပါဘဲ။ အဲဒီအချိန်ကြရင် ကိုယ့်ကိုကိုယ် Super Villain
တစ်ယောက်လို ခံစားလာရပြီး ဘာကိုမှ မမြင်ရအောင် ဖျက်ဆီးပစ်ချင်လာတာပါ။
° ဒီလိုမျိုး ခံစားရတာတွေရှိရင်တော့ သေချာပေါက် ဒီဂိမ်းလေးက သင့်ကို Super
Villain အသွင်ထက်ကို ပိုတဲ့ သတ္တဝါကြီးတစ်ကောင်လို သောင်းကျန်းခွင့်ရမှာပါ။
ကမ္ဘာကြီးကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ ဒီလူသားတွေကို သူတို့နေထိုင်နေတဲ့
ဒီမြေကြီးကနေတင်ဘဲ ဖျက်ဆီးခွင့်ရမှာဖြစ်ပြီး ကြိုက်တဲ့ ရဲတွေ ၊ စစ်သားတွေ
ဘယ်လောက်ဘဲ လူအင်အားများများနေပါစေ သူတို့မသိလိုက်တဲ့ အချိန်မှာ ကိုယ့်ရဲ့
ပါးစပ်အဝနားကို ရောက်နေပြီဆိုတဲ့ ခံစားချက်က ဘာနဲ့မှမတူအောင်ကို အင်အားကြီးသလို
ခံစားရမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဒီဂိမ်းက လူတိုင်းနီးပါး ဆော့ဖူးကြမှာပါ။ ဖုန်းတွေ ခေတ်စားကတည်းက Casual Game
လေးအနေနဲ့ အရမ်းနာမည်ကြီးခဲ့ပြီး အခုထိလဲ အတိတ်ကို ပြန်ခံစားချင်တဲ့သူတွေအတွက်
ဒီဂိမ်းလေးက Features အသစ်တွေနဲ့အတူ Update တွေ မှီသလောက် ဆက်ပေးနေခဲ့တာပါ။
စိတ်မကောင်းစရာ တစ်ခုက အရင်က ဒီဂိမ်းလေးက Free To Play ဖြစ်ခဲ့ပေမယ့်
အခုချိန်မှာတော့ Paid Game အသွင်ကို ကူးပြောင်းသွားပါပြီ။
Paid Game အနေနဲ့ ဘာတွေပြောင်းလဲသွားလဲဆိုရင် အရင်ကထက် ပိုတဲ့ အကောင်ကြီးတွေကို
ရွေးချယ်ခွင့်ရမှာပါ။ Giant Worm လို့ လူသိများကြတဲ့ ဒီအကောင်ကြီးတွေကို
အသွင်ပြင်အမျိုးမျိုးနဲ့ စွမ်းအားမတူအောင် ထည့်ပေးထားပြီး တကယ်အရမ်းမိုက်တဲ့
Ability တွေမလို့ အရင်ကထက်ကို ပိုသောင်းကျန်းလို့ရတာပါ။ ဘယ်လောက်ထိ မိုက်လဲဆိုရင်
မြေကြီးတွေ ပြိုကျသွားတာ တွေကနေ ကောင်းကင်ကနေ ဥက္ကာခဲတွေ ရွာချတဲ့အထိ
ကပ်ဘေးအမျိုးမျိုးကိုပါ ဖန်တီးလို့ရတာပါ။ Location တွေအနေနဲ့ Areas 51 လိုနေရာကနေ
မြို့ကြီးတွေထိ လိုက်သောင်းကျန်းလို့ရပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
ဒီဂိမ်းကို Admin ဘယ်လောက်ဆော့ဆော့ ရိုးမသွားစေဘူး။ ဒါမှမဟုတ် ကိုယ်ကဘဲ Evil Side
များနေလို့လားမသိပေမယ့် ဖျက်ဆီးရတာတော့ အရမ်းအားရစရာကောင်းတယ်။ ဒါပေမယ့်
တစ်ခါတလေတော့ စိတ်ကောင်းလေးလည်း ရှိပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင် သာမန်ပြည်သူနဲ့
တိရိစ္ဆာန်တွေကို မသတ်ဘဲ ကျန်တဲ့ အကောင်တွေကို ရွေးဖျက်ဆီးတာမျိုးပေါ့။
ဘယ်လောက်ဘဲ စစ်လက်နက်တွေ သုံးသုံး ၊ ဂြိုလ်သားတွေတောင် မနိုင်တဲ့ထိ
အရမ်းကြမ်းလို့ကောင်းတာပါ။ ခုနက ပြောခဲ့သလို မြေငလျင်ကပ်ဘေးတွေ သုံးလိုက်တာနဲ့
အကုန်ကြွပြီးသားဘဲ။ အဲဒါကြောင့် စိတ်ထွက်ပေါက် ဂိမ်းလေးလို့လည်း Admin ကတော့
သတ်မှတ်ချင်တယ်။ Size လည်းနည်းပြီး ဖုန်းဘယ်လောက် နိမ့်နိမ့်
ဂျွမ်းထိုးမှောက်ခုန် ဆော့လို့ရတယ်။
Android version | 4 . 4 + |
Developer | PlayCreek LLC |
Network | Offline |
Price | $ 4.99 |
App version | 2.0.041 |
Release date | May 18, 2022 |
Platform | Android / iOS |
Comments