Fort Conquer

° သာမန်ထက်ကွဲပြားပြီး ထူးထူးခြားနဲ့ ဖန်တီးတာတွေကို သဘောကျရင်တော့ အခုဂိမ်းလေးက သင့်ကို ဖန်ဆင်းရှင်တစ်ယောက်လိုတောင် ဖြစ်သွားစေမှာပါ။ အကောင်တော့ အကောင်ဘဲ ဒါပေမယ့် သင်ကိုယ်တိုင် ဖန်ဆင်းရမယ့် အကောင်အမျိုးစားဖြစ်တာကြောင့် သာမန် တိရိစ္ဆာန်တွေရဲ့ မျိုးစိတ်တွေအကုန်လုံးကို စိတ်ကြိုက် DNA ဆက်ပြီး Evolve လုပ်ခွင့်ရမှာပါ။ ဘယ်လိုမျိုးလဲဆိုရင် ကျားကိုမှ တောဝက်နဲ့ ရေမြင်း ပေါင်းစပ်ပေးလို့ရသလို လဒကိုလည်း ဝက်ဝံတွေ ၊ မြေခွေးတွေနဲ့ အစုံ မျိုးစပ်ပေးလို့ရပါတယ်။ အဲဒါကိုမှ ခေါင်းဆိုရင်ခေါင်း၊ ကိုယ်ဆိုရင်ကိုယ် စိတ်ကြိုက် ပြောင်းထည့်ပေးလို့ရသေးတာဆို‌တော့ တကယ်ကို ထူးထူးဆန်းဆန်း အကောင်ကြီးတွေ ထွက်လာမှာပါ။ လှတပတလေးတွေ ထွက်ဖို့ဆိုတာက ကိုယ်ဆက်ပေးမယ့် မျိုးစိတ်ပေါ်ဘဲ မူတည်တာနော်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game အမျိုးစားက Tower Defense ပုံစံမျိုးဖြစ်ပြီး Strategy ဒီဇိုင်းကို ဖန်တီးပေးထားတာပါ။ သာမန် ဂိမ်းတွေနဲ့ မတူဘဲ ထူးခြားသွားတာက ဒီဂိမ်းထဲမှာပါတဲ့ Troops တွေဟာ ပုံသေမဟုတ်ဘဲ စိတ်ကြိုက် Evolve လုပ်လို့ရပါတယ်။ ပုံမှန်ဆိုရင် ဒီလိုဂိမ်းအမျိုးစားတွေက Character ပုံသေနဲ့ Upgrade အမျိုးစားကိုသာ ထည့်သွင်းတတ်ကျပေမယ့် ဒီတစ်ခုကတော့ Character ကို စိတ်ကြိုက်ပြောင်းလဲခွင့်ကော ၊ ပြောင်းလဲရင်းနဲ့ Upgrade ဖြစ်သွားတာ‌ကိုပါ ပေါင်းစပ်ပေးထားတာပါ။ အဲဒါကြောင့် Troops ကဒ်တွေ များများရလေ အကောင်သစ်တွေကို စိတ်ကြိုက် ဖန်တီးနိုင်လေ ပုံစံမျိုးလေး လုပ်ပေးထားတာပါ။ ဆွဲဆောင်မှုရှိသလို Stage တွေမြင့်လာတိုင်း Species အသစ်တွေပါ မြင်တွေ့ရမှာဆိုတော့ မြင်းတွေ ၊ ဝက်ဝံတွေ ၊ နဂါးတွေထိပါ မျိုးစိတ်စုံအောင် စပ်ခွင့်ရမှာပါ။ 
Tower ကို Defense လုပ်ရင်း ရန်သူ့ Tower ကိုပါ ချိုးပေးရမှာဆိုတော့ Damage, HP နဲ့ Speed တွေကစ သေချာ ကြည့်ပေးရမှာပါ။ Evolve လုပ်တိုင်း တိုးသွားတာမဟုတ်ဘဲ Random အလိုက် စွမ်းဆောင်ရည်တွေက လျော့လိုက် ကျလိုက် ဖြစ်သွားမှာမလို့ သေချာ မျိုးစပ်ပေးဖို့ရာလည်း လိုအပ်ပါတယ်။ Upgrade သီးသန့်အနေနဲ့ ပါဝာာကတော့ Tower နဲ့ Mining အတွက်ဘဲ ထည့်ပေးထားတာပါ။ Mining က Battle ထဲမှာ အရေးကြီးပြီး မြန်မြန် Resources တွေကို ထုတ်ပေးနိုင်မှ အကောင်တွေကို လွတ်ပေးလို့ရမှာပါ။ Last Defense အနေနဲ့ Fire Magic တွေကိုပါ Gems နဲ့ အသုံးပြုလို့ရပြီး ကစားတာကြာလေ ပိုခက်လာလေမလို့ အရမ်းဆော့ကောင်းပါတယ်။ 
ဒီဂိမ်းမှာက Local Stage အပြင် Arena ဆိုတဲ့ Online Mode ပါ ထည့်ပေးထားပါသေးတယ်။ တခြား Player တွေရဲ့ Troops တွေနဲ့ ကဒ်ချင်း ယှဉ်တိုက်ရမှာဖြစ်တာကြောင့် Main ဖြစ်တဲ့ Tower Defense Gameplay တင်မကဘဲ Cards Gameplay ကိုပါ ဒီဂိမ်းမှာ ကစားခွင့်ရမှာပါ။ Size နည်းနည်းလေးနဲ့ တကယ် သဘောကျစရာကောင်းတဲ့ ဂိမ်းတစ်ခုမလို့ အပျင်းပြေစေမှာတော့ သေချာပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game အဟောင်းလေးမလို့ မသိတဲ့သူတော့ ရှားမှာပါ။ အခုချိန်ထိ Android version အမြှင့်တွေမှာ ဆော့ကစားလို့ရသေးတဲ့အပြင် Game ဒီဇိုင်းကိုက ဘယ်ချိန်ဆော့ဆော့ မရိုးနိုင်တာပါ။ အဲဒီခေတ် အဲဒီအခါတုန်းက Evolve လုပ်ပြီးဆိုရင် ရင်ခုန်စရာကောင်းပြီး ဘယ်လိုအကောင်ကြီးထွက်လာမလဲဆိုတာအပြင် Power မြှင့်မြှင့်လေး ရဖို့အရေး မျက်လုံးမှိတ်ပြီး စုတောင်းရတာ‌လည်း အမောပါ။ လဒခေါင်းနဲ့ ဝက်ဝံကိုယ်တွေ ထွက်လာရင် ပုံစံက အရမ်းအူတက်စရာကောင်းပြီး ခပ်မိုက်မိုက်အကောင်ထက် ဗရုတ်သုတ်ခဒီဇိုင်းတွေ စပ်မိကျတာ အတော်များပါတယ်။ တကယ် ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရှိနေတဲ့ ဂိမ်းလေးမလို့ အခုချိန်ပြန်ဆော့ရင်လည်း Nostalgia ဖြစ်စေအုံးမှာပါ။ ပြီးတော့ Size ကလည်း နည်းနည်းလေးဆိုတော့ ပြန်ကစားကြည့်ဖို့ရာ လုံးဝ Recommend ပေးပါတယ်။
[ Mod Version လေး ထည့်ပေးထားတာမလို့ စိတ်ကြိုက် အကောင်တွေဖောက်ပြီး Evolve လုပ်ခွင့်ရမှာပါ ]

Game Information

Android version 4 . 2 +
Developer DroidHen
Network Offline
Price Free
App version 1.2.3
Release date Nov 28 , 2012
Platform Android / iOS

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Seven Knight 2 Global° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Mobile Player တွေ ဆော့ကို ဆော့ဖူးသင့်တဲ့ Cinematic RPG အမျိုးစားဖြစ်ပြီး Free To Play ထဲမှာတော့ တကယ်ကို ဆော့ရတန်တဲ့ Game ကောင်းတစ်ခုပါ။ တ… Read More
  • Blue Archive° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက တောင်ကိုရီးယားအခြေစိုက် NAT Games ကနေ ဖန်တီးပေးထားပြီး Global Version အတွက် Nexon ကနေ published လုပ်ပေးထားတဲ့ RPG Game ကောင်းလေးတစ်ခုပါ။ … Read More
  • Laid Back Camp Virtual° စိတ်ညစ်နေတဲ့သူတွေတွက် အပန်း‌ဖြေစေမယ့် Camping Game လေးဖြစ်ပြီး အထူးသဖြင့် Anime Fan တွေတွက် ပိုအကြိုက်တွေ့စေမှာပါ။ Laid Back Camp Series ကို ကြည့်ဖူးသူတိုင်း ရင်းနှီးက… Read More
  • DogLife BitLife Dogs° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Simulation အမျိုးစားတစ်ခုဖြစ်ပြီး ထူးထူးခြား ခွေးဘဝအနေနဲ့ ကစားရမှာပါ။ အရင်က ထုတ်ပေးထားတဲ့ BitLife မှာတင် အောင်မြင်မှုအတော်ရခဲ့ပြီး USA အ… Read More
  • Special Forces Group 3 ( CBT )° အရမ်းချစ်ရတဲ့ Fan တွေတွက် Admin ကတော့ S.F.G 3 ရဲ့ Beta Test ကို မရမက ယူလာပေးပြီနော်။ Offline ကော Online ပါ ကစားလို့ရတဲ့ အပြင် LAN ပါ တကယ်ကို ပြန်ထည့်ပေးထားတာကြောင့် သဘ… Read More

Comments

လူကြည့်အများဆုံး GAMES