Grabatron
° လူသားတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ရတာတွေ ငြီးငွေ့သွားရင်တော့ ဒီဂိမ်းလေးက
ဆန့်ကျင်ဘက်အနေနဲ့ တစ်ကမ္ဘာလုံးကို UFO တစ်စင်းတည်းနဲ့ ပတ်မွှေရမှာပါ။ UFO
လို့ပြောလိုက်ရင် လူတိုင်းက စူးစမ်းချင်ကျသလို တစ်ချို့ကျတော့လည်း ကြောက်လန့်ပြီး
ထွက်ပြေးတတ်ကျပါတယ်။ အဲဒီထဲမှာ အဆိုးဆုံးကတော့ စစ်တပ်နဲ့ ရဲတွေဖြစ်ပြီး
လူတွေထဲကမှ လူ့ဂွစလို လူမျိုးတွေက မိုးပေါ်ထောင်ပြီးတော့တောင်
သေနတ်နဲ့လိုက်ပစ်တတ်ကျတာပါ။ အဲဒါကြောင့် ဖော်ရွေစွာ မကြိုဆိုတဲ့ လူသားတွေကို
ပညာပေးဖို့အတွက် UFO ဟာ ဒေါသထွက်ပြီး ချိတ်ကြီးနဲ့
လိုက်သောင်းကျန်းတော့ပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Game ပုံစံက 2D Platformer အမျိုးစားလေးဖြစ်ပြီး UFO တစ်စင်းအနေနဲ့ ကစားရမှာပါ။
UFO အမျိုးစားပေါင်း 5 စင်းထိ ပါဝင်ပြီး Upgrade အနေနဲ့ Energy HP တွေ ၊ Shield
တွေ ၊ Magnetic တွေကို တိုးမြှင့်နိုင်ပါတယ်။ Map အနေနဲ့ စုစုပေါင်း 5 မျိုးထိ
ပါဝင်ပြီး Area 51 ကနေ မြို့ပေါ် Country Road တွေထိ လျှောက်သွားလို့ရမှာပါ။Map
ဒီဇိုင်းဟာ တစ်ဆက်တည်း ဖန်တီးပေးထားတာကြောင့် Huge Map အနေနဲ့
မြေအောက်လှိုင်ဂူတွေထိ အကျယ်ကြီး သွားလို့ရပါတယ်။
Game ရဲ့ ရည်ရွယ်ချက်လေးက ဖျက်ဆီးချင်းကို ဦးစားပေးထားတာကြောင့် မြင်မြင်သမျှကို
ချိတ်နဲ့ လိုက်ကုတ်ပြီး Damage အလိုက် အမှတ်တွေတိုးအောင် ကစားရမှာပါ။ Mission
တွေပါ တစ်ခုပြီးတစ်ခု ပေးထားမှာဖြစ်ပြီး တွေ့သမျှ အဆောက်အဦးတွေ၊ ကားတွေ၊ လူတွေနဲ့
တိရိစ္ဆာန်တွေအကုန်လုံးကို စိတ်ကြိုက် Destroy လုပ်လို့ရမှာပါ။
UFO ရဲ့ အဓိက ရန်သူဟာ Military ဖြစ်ပြီး ကမ္ဘာမြေကနေ ထွက်ရင်လည်း အပေါ်ကနေ
တိုက်လေယာဉ်တွေနဲ့ ပစ်ချမှာဖြစ်တာကြောင့် ထွက်မရမယ့်အတူတူ ကမ္ဘာမြေကြီးကို
လိုက်သောင်းကျန်းရမယ့် ပုံစံမျိုးလေး ကစားရမှာပါ။ ကြားထဲမှာ Alien တွေကိုလည်း
လိုက်ကယ်လို့ရသလို DNA ကောင်းတဲ့ လူနဲ့ တိရိစ္ဆာန်တွေကိုပါ Research အနေနဲ့ UFO
ထဲ ဆွဲခေါ်လို့ရပါတယ်။ ဘာအတွက်ကောင်းလဲဆိုရင် UFO ရဲ့ HP ကို ပြန်လည်
တိုးမြှင့်ပေးနိုင်တာပါ။ Military ဟာလည်း UFO ကို ဖမ်းမိဖို့အတွက် ရှိသမျှ Tank
ကားတွေ ၊ Helicopter တွေအပြင် Missiles ဒုံးကျည်တွေနဲ့ပါ လိုက်ထုမှာမလို့
အားရပါးရကို ဝုန်းဒိုင်းကျဲရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
ဒီဂိမ်းကို အတော်များများ ဆော့ဖူးကျပေမယ့် နာမည်မမှတ်မိကျတာ များပါလိမ့်မယ်။ Old
Game လေးဖြစ်ပြီး အခု Android version 12 တွေထိပါ ကစားလို့ရတာကြောင့် ငယ်ဘဝက
Feeling မျိုးကို Nostalgia ဖြစ်ချင်တဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာပါ။
ဘယ်အချိန်ဆော့ဆော့ Fun ဖြစ်နေစေဆဲ ဂိမ်းလေးမလို့ Villain ဂိမ်းတွေထဲမှာ
အကောင်းဆုံးထဲက တစ်ခုအနေနဲ့ စိတ်ညစ်တာတွေ ၊ မကျေနပ်တာတွေကို အားရပါးရ
ပေါက်ကွဲလို့ရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။
Admin ကတော့ အရမ်းသဘောကျတယ်။ ကိုယ်မကျေနပ်တာတွေကို UFO ထဲ Mood အပြည့်သွင်းပြီး
ရဲတွေကော ၊ စစ်တပ်ပါ ဝင်ကြုံးတော့တာ။ ဒီကြားထဲ ကိုယ့်ကို သေနတ်နဲ့ တစ်ချက်ချင်း
လိုက်ပစ်နေတဲ့ လူ့ဂွစတွေကိုလည်း ချိတ်နဲ့ကုတ်ပြီး ဟိုးအမြှင့်ကြီးကနေ ပစ်ချရတဲ့
Feeling မျိုးက ဒီဂိမ်းမှာ အပြည့်ဝပေးမှာပါ။ Tank ကားကြီးတွေ ကုတ်ပြီး Military
Base ကို ပစ်ထည့်တာတွေက အတော်လေးကို Satisfied ဖြစ်စေတယ်။ တစ်ခုတော့ ရှိတာပေါ့
ဟိုက ပစ်လိုက်ရင် ဒုံးကျည်အပြွတ်လိုက်ဆိုတော့ ထုပြေး ပြေးရတာ လုံးနေတာဘဲ။
ငယ်ငယ်ကဆိုရင် တစ်ယောက်တစ်လှည့် UFO ပျက်မကျမချင်း ကစားကျတာဆိုတော့ Military
နားရောက်ရင် ကုတ်ပြေး ပြေးရတာ အူတက်နေတာဘဲ။
| Android version | 2 . 0 + |
| Developer | Future Games Of London |
| Network | Offline |
| Price | Free |
| App version | 1.5.5 |
| Release date | 2013 |
| Platform | Android / iOS |
⭐ ( HELLO Rating = 8.6 / 10 ) ⭐
Click To Download
>> Download ဆွဲနည်းကြည့်ရန် <<
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...












