Old Man's Journey
° ဘဝမှာ အရေးပါဆုံးနဲ့ အဖြစ်ချင်ဆုံးအရာကို နှိုင်းယှဉ်ပြထားတဲ့
ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ခံစားချက်တိုင်းဟာ ဆန္ဒတွေပြည့်ဝဖို့တွက်
တစ်စုံတစ်ရာကို စွန့်လွတ်ရစမြဲဆိုတာကို စကားလုံးတစ်လုံးမှ မပါဘဲ ရင်ထဲထိ
ပုံဖော်သွားတဲ့ Emotional Game ကောင်းလေးတစ်ခုပါ။
° အချိန်တွေကုန်ခါမှ နောင်တဆိုတဲ့ အရာကြီးကို ထွေးပိုက်မထားချင်ရင်တော့
အလုပ်သင့်ဆုံးအရာကို အမှန်ဆုံးဖြစ်အောင် ပေးဆပ်သင့်ပါတယ်။ ဒီအဘိုးအိုရဲ့ နောင်တ
ကကော ဘာတွေ ပေးဆပ်ခဲ့ရလဲဆိုတာကို ကိုယ်ချင်းစာတတ်မိရင် သင်ကိုယ်တိုင်ပါ
ပြောင်းလဲသွားစေမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဒီ Adventure ဂိမ်းလေးက ဘယ်လောက်ထိ ကောင်းလဲဆိုရင် စာသားကော ၊ စကားပြောသံကစ
တစ်ခုမှ မပါဘဲနဲ့ကို ရင်ထဲထိ ရောက်အောင် ပုံဖော်သွားနိုင်တာပါ။ PC ကော Console
မှာပါ ထွက်ရှိထားပြီး Review Scores တွေကစ အရမ်းကောင်းတဲ့အပြင် ဆုတွေပါ
တစ်ပုံကြီး သိမ်းပိုက်ထားသေးတာပါ။ ဘာလို့လဲဆိုရင် ဒီဂိမ်းရဲ့ ဇာတ်လမ်းက
ထိထိမိမိနဲ့ ရင်ထဲကို ပုံဖော်သွားနိုင်ရုံတင်မကဘဲ Gameplay ကပါ တစ်မူထူးခြားပြီး
ကစားတဲ့သူကိုပါ ထိုင်ရာက မထချင်အောင်ထိ ဆွဲဆောင်သွားစေတာမျိုးပါ။
ဒီဇာတ်လမ်းလေးထဲမှာဆိုရင် အဘိုးအိုတစ်ယောက်ရဲ့ Journey တစ်ခုကို
မြင်တွေ့ရမှာဖြစ်ပြီး သူ့ဆီကို ရောက်လာတဲ့ စာလေးတစ်စောင်ကြောင့်
ခက်ခဲဝေးကွာလွန်းလှတဲ့ နေရာတစ်ခုစီကို အမှီရောက်အောင် သွားရမှာပါ။ စာထဲမှာ
ဘာပါလဲဆိုတာ ဘယ်သူမှမသိရသလို ဘယ်ဆီကို သွားနေလဲဆိုတာကိုပါ တဖြည်းဖြည်း
ကစားရင်းနဲ့ ဖော်ထုတ်သွားရမှာမျိုးပါ။ ဒါပေမယ့် ကြည်နူးစရာကောင်းတာက အမှတ်တရ
နေရာလေးတွေကို ရောက်တိုင်း အတိတ်ကပုံရိပ်လေးတွေကို Flash Back အနေနဲ့
ပြန်ပြပေးတတ်တာကြောင့် ကစားရင်းနဲ့ကို တဖြည်းဖြည်း ဇာတ်ရှိန်တက်သွားစေမယ့်
ဇာတ်လမ်းမျိုးလေးပါ။
Gameplay ပိုင်းမှာဆိုရင်လည်း တခြားဂိမ်းတွေနဲ့မတူဘဲ ထူးထူးခြားခြား
တောင်တန်းတွေကို အနိမ့်အမြင့် ရွေ့ပေးရမယ့် Puzzle ဂိမ်းပုံစံမျိုးလေး
လုပ်ပေးထားတာပါ။ အဘိုးအိုကို လိုရာခရီးရောက်ဖို့တွက် ကူစဉ်းစားပေးရမှာဖြစ်ပြီး
တစ်ခါလေ အရမ်းလှတဲ့နောက်ခံ ရှုခင်းတွေကြောင့်ပါ Puzzle ကို မေ့သွားလောက်အောင်ထိ
illusion ဖြစ်သွားစေတာပါ။ ခရီးတစ်လျှောက် မြင်တွေ့ရမယ့် သဘာဝရှုခင်းတွေဟာ
အရမ်းကို စိတ်အေးချမ်းစေတာကြောင့် နောက်ခံအသံတွေနဲ့တင် ဂိမ်းရဲ့ ရုပ်လုံးဟာ
ပြည့်ပြည့်စုံစုံကို ပုံဖော်ပေးနေတာပါ။ ရသစုံပေးစွမ်းနိုင်တဲ့
ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် ပုံရိပ်တွေနဲ့တင် ရင်ထဲကို စွဲသွားစေမှာ
သေချာပါတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
Spoil တာ မဟုတ်ပေမယ့် အမှန်တိုင်းပြောရရင် ဒီဂိမ်းလေးက မျက်ရည်ဝဲလောက်အောင်ထိ
ခံစားလို့ကောင်းတာပါ။ လူရယ်လို့ဖြစ်လာရင် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို
အမြဲရွေးချယ်ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်ဟာကိုဘဲ ရွေးချယ် ရွေးချယ် အမြဲတစ်ခုကတော့
သေချာပေါက် စွန့်လွတ်ရမှာပါ။ အဲဒါကြောင့် ပေးဆပ်ရမယ့် တန်ဖိုးအနည်းများကို
ဦးနှောက်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရသလို နှလုံးသားနဲ့ပါ ဦးဆောင်လို့မရပါဘူး။
ဘာလို့လဲဆိုရင် အဲဒါတွေက ကိုယ့်ဆီမှာဘဲ ဖြစ်နေတဲ့ အတ္တတွေကြီး ရွေးချယ်နေတာပါ။
တကယ် အနားမှာရှိနေတဲ့ သူတွေကို မခံစားပေးသ၍ တစ်ချိန်ချိန်မှာ နောင်တတွေနဲ့အတူ
အထီးကျန်စွာ နေသွားရမယ်ဆိုတာ ဒီဂိမ်းလေးက လူတိုင်းရဲ့ ရင်ထဲကို သတိပေးသွားတာပါ။
အရမ်းအရမ်းကို ကောင်းတဲ့ ဂိမ်းလေးပါ။
Happy Ending လေးကို ရအောင် ဇာတ်သိမ်းပေးထားတာကြောင့် မျက်ရည်မကျမှာကို
မပူပါနဲ့နော်။ တကယ် ဇာတ်သိမ်းလေးက ရင်ထဲမှာ အရမ်းကြည်နူးစရာ ကောင်းတာကြောင့်
ဆော့ဖြစ်အောင် ဆော့ကြည့်ကျဖို့ အကြံပေးပါတယ်။ အချိန်ပေးရတာနဲ့ မကာအောင်
အသိတရားတွေ ရလာစေမှာပါ။
| Android version | 4 . 0 + |
| Developer | Broken Rules GmbH |
| Network | Offline |
| Price | 4.99 $ |
| App version | 1.11.0b |
| Release date | May 6, 2019 |
| Platform | Android / iOS |
( Apk+Obb ) Zip ဖိုင်ဖြစ်တာကြောင့် ဖိုင်ဖြည်နည်းနဲ့ Install တင် ကစားနည်းကို Download Link Table အောက်က " Game Install တင်နည်း " ဆိုတဲ့ စာတန်းလေး နိပ်ပြီး ကြည့်လို့ရပါတယ် ။
Click To Download
>> Download ဆွဲနည်းကြည့်ရန် <<
#HELLOYDB
Gameplay Video
Discussion
0
You
Loading comments...









