Prepare For Impact

° နိုင်ငံခြားကို လေယာဉ်နဲ့သွားမယ့်အဖွဲ့ကော ၊ သွားဖို့ စိတ်ကူးရင်း ကျန်နေခဲ့တဲ့ အဖွဲ့ပါ  ဒီဂိမ်းလေးကို ဗဟုသုတအနေနဲ့ ကစားထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် လေယာဉ်စီးတဲ့အခါမှာ ကြုံတွေ့နိုင်တဲ့ Accident တွေကို Simulation အနေနဲ့ ဖန်တီးထားတာဖြစ်ပြီး ဘယ်အခြေနေမျိုးမှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာတွေအပြင် Airline နဲ့ပတ်သတ်ပြီးတော့ပါ Safety Education အနေနဲ့ ကိုယ့်ရဲ့ General Knowledge တွေကိုပါ စစ်ဆေးလို့ရတာပါ။
° လေယာဉ်ဂိမ်းတွေ Mobile မှာ များစွာရှိပေမယ့် Pilot ရဲ့လေယာဉ်နေရာကနေသာ အများဆုံး ကစားကြရပြီး ဒီဂိမ်းလေးကတော့ ရှားရှားပါးပါး ခရီးသည်တစ်ယောက်ရဲ့ အတွေ့ကြုံ နေရာကနေ ကစားပေးရမှာပါ။ အရေးပေါ်ဆင်းသက်တဲ့အချိန်မှာ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ‌တွေအပြင် ၊ Pilot ရဲ့ Native Speaking ကြောင့်ပါ Listening အနေနဲ့ လေယာဉ်နဲ့ပတ်သတ်တဲ့ English Meaning ဝေါဟာရတွေကို တစ်ခါတည်း လေ့ကျင့်ပြီးသားဖြစ်မှာပါ။ Game အနေနဲ့ကော ဗဟုသုတအနေနဲ့ပါ ဒီဂိမ်းလေးကို ကစားကြည့်ကြဖို့ အကြံပေးပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က First Person View နဲ့ ကစားရမှာဖြစ်ပြီး Level အလိုက် အရေးပေါ်အခြေနေအမျိုးမျိုးကို တွေ့ကြုံရမှာပါ။ မိမိအနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ဆောင်ပေးရမှာဖြစ်ပြီး မှားသွားခဲ့ရင်တောင် အဲဒီအမှားကြောင့် ဘယ်လို အခြေနေမျိုးတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုပါ ဗဟုသုတအနေနဲ့ ရှင်းပြပေးထားပါတယ်။ လေယာဉ်နဲ့ပတ်သတ်ပြီး သိထားတဲ့သူတွေက ပထမဆုံးမှာ မေးထားတဲ့ Test တွေကို ဖြေလို့ရပြီး ကိုယ့်ရဲ့ အတွေ့ကြုံဘယ်လောက်ထိ ရထားလဲဆိုတာကို စမ်းသပ်လို့ရပါသေးတယ်။ 
ဒါပေမယ့် ဘာမှမသိထားရင်လည်း စိတ်ပူစရာမလိုပါဘူး။ Skip လုပ်လို့ရပြီး Game ဆော့ရင်းနဲ့ ဖြေးဖြေးချင်းလေ့လာသွားလို့ရပါတယ်။ အခန်း 8 ခုထိပါဝင်တာကြောင့် လေယာဉ်နဲ့ပတ်သတ်တဲ့ Accident အမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်ပြီး ပျံနေရင်း အင်ဂျင်ပျက်ကျတာတွေ၊ ရာသီဥတုကြောင့် ထိခိုက်မှုရှိတာတွေအပြင် တကယ်လို့ ပင်လယ်ထဲ ထိုးဆင်းခဲ့ရင်တောင် ဘယ်လို လုပ်ထုံးလုပ်နည်းတွေက အရေးပါဆုံးလဲဆိုတာကို သင်ပြပေးသွားမှာပါ။ အခန်းအကုန်ပြီးသွားရင်တော့ Edit Level ကို ကစားလို့ရမှာဖြစ်ပြီး Accident အမျိုးမျိုးကို အခြေနေ 5 ခုနဲ့ ကိုယ်တိုင် ဖန်တီးပြီး လေ့ကျင့်လို့ရပါတယ်။ တကယ်ကို ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်အောင် ဖန်တီးပေးထားတာကြောင့် ဒီဂိမ်းလေးကစားရုံနဲ့ လေယာဉ်နဲ့ပတ်သတ်တဲ့ Basic Accident တွေကို အနည်းအကျဉ်း ဗဟုသုတရစေမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game လေးက ကြာပြီဆိုပေမယ့် အခုမှ စဆော့ဖူးတဲ့သူတွေဆိုရင်တော့ စိတ်ဝင်စားစရာကောင်းမှာ သေချာတယ်။ မတော်တဆမှုဖြစ်တဲ့အခါမှာ အခြေနေပေါ်မူတည်ပြီး Oxygen Mask ဘဲ တက်ရမလား ? ဒါမှမဟုတ် အသက်ကယ်အင်္ကျီဘဲဝတ်ရမလားဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားမှာပါ။ နောက်ပြီး ဖြစ်တတ်တဲ့ အမှားလေးတွေကို သေချာပြထားရုံတင်မကဘဲ လေယာဉ်မှူးရဲ့ စကားကိုပါ သေချာ လိုက်နားထောင်ဖို့က အရမ်းအရေးကြီးပါတယ်။ Listening အဆင်မပြေရင်တောင် Setting ထဲမှာ Subtitle On လို့ရပါတယ်။ 
တကယ် လေယာဉ်နဲ့ ပတ်သတ်ပြီး အခုဂိမ်းတွေလောက် Graphic မကောင်းပေမယ့် Gameplay နဲ့ Experience ကတော့ တခြားဂိမ်းတွေနဲ့မတူအောင်ကို စိတ်ဝင်စားစရာကောင်းတာပါ။ Admin တော့ ဒီဂိမ်းပြီးခါနီးမှ တော်တော် လောင်လိုက်ရတယ်။ ဘာလို့လဲဆို လေယာဉ်ပျက်ကျပါတယ်ဆိုမှ အိတ်သယ်နေတဲ့ဟာတွေက ထိပ်က ကန့်လန့်လုပ်နေကျတော့ တကယ်ဂွကျတယ် ။ အဲလိုလုပ်နေတော့ နောက်ကလူ‌တွေက ထွက်မရပြုမရနဲ့ နှေးကုန်ပြီး အကုန်မသာပေါ်ရော်။ ဒါပေမယ့် ဆော့လို့ကောင်းတဲ့ ဂိမ်းလေးမလို့ Size နည်းနည်းလေးနဲ့ စမ်းကြည့်တာ မမှားပါဘူး။Size လည်း နည်းတော့ စမ်းကြည့်တာ မမှားပါဘူး။ 

Game Information

Android version 4 . 1 +
Developer HCILabUdine
Network Offline
Price Free
App version 1.5.4
Release date May 16, 2016
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Related Posts

  • Misguided Never Back Home ( Demo )•            ညဘက်ကြီးတင်ရတာကိုတော့ အားနာပေမယ့် ဒီ Game လေးကို Coming Soon အနေနဲ့ တင်ခဲ့တုန်းက မှတ်မိကြသေးလားမသိဘူး။ အများစုမျှော်လင့်ထားတဲ့ Horror Game လေးက အခုဆိုရင် Demo version … Read More
  • Convolution•        ဒီ Game က တော်တော်လေးကို Deep ဖြစ်တဲ့ ခံစားချက် Game တစ်ခုပါ။ အထူးသဖြင့် စိတ်ကူးယဥ်ဆန်ပေမယ့် စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ သင့်ရဲ့ စိတ်ကို ထိန်းချုပ်ခံရမယ်ဆိုတာသေချာတယ်။ •     … Read More
  • 1979 Revolution Black Friday•       ဒီ Game က ၁၉၇၈ ကနေ ၁၉၈၁ ခုနှစ်အတွင်း Iran မှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအကြောင်းကို ဖြစ်ရပ်မှန် ဖန်တီးပေးထားတဲ့ Game ကောင်းတစ်ခုပါ။ ၄ နှစ်ကြာ အချိန်ယူဖန်တီးခဲ့တဲ့ ဒီ Game က… Read More
  • Dive In The Past•         ထွက်ထားတာ မကြာသေးတဲ့ ဒီ Game လေးက သင့်အတွက် အံ့သြစရာကောင်းလောက်အောင် အတွေ့ကြုံတွေကို ဆက်တိုက်ပေးမှာပါ။ ဘာလို့ဆိုတော့ တကယ်လို့များ Diary စာအုပ်တစ်အုပ်က သင့်ရဲ့ အတိတ်ဘဝတွေက… Read More
  • Harvest Moon Mad Dash•       ဒီ Harvest Moon game လေးက Farm Simulation  မဟုတ်ပေမယ့် Fun Game တစ်ခုပါ။ ဘာလို့ဆိုတော့ Game က Mission အလိုက် Lighthouse ဆီကို အရောက်သွားရမှာဖြစ်ပြီး ကျွန်းကြီးတစ်ခုလုံးသာသာ… Read More

Comments

လူကြည့်အများဆုံး GAMES