Who Killed The Girl
° English Puzzle တွေကြီးဘဲ ဆော့နေရတာ များနေတော့ တစ်ခါတလေ ပြည်တွင်းဖြစ် ပဟေဠိ
ဂိမ်းလေးတွေကိုလည်း ကစားချင်မိကြမှာပါ။ ဒါဆိုရင်တော့ အခုဂိမ်းလေးဟာ
မြန်မာပြည်အခြေစိုက် Mind Blown Studio ကနေ ဖန်တီးပေးထားပြီး လူသတ်မှုအတွက်
Puzzle Comic ဆန်ဆန်လေးနဲ့ ကစားရမှာမလို့ တစ်ချိန်က ဖြစ်ရပ်မှန်
ကာတွန်းစာအုပ်တွေကိုဖတ်ရင်း ဇာတ်အိမ်ကြိုခန့်မှန်းခဲ့ကြတဲ့ အမှတ်တရတွေတောင်
ပြန်လည်သတိရစေမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
Game ပုံစံလေးက အရမ်းကိုရိုးရှင်းပြီး နားလည်လွယ် အောင် ပြောရရင်
ကာတွန်းစာအုပ်ရဲ့ စာမျက်နှာတစ်ခုချင်းစီကို သဲလွန်စတွေ ရှာပေးရင်းနဲ့
လူသတ်သမားကို ဖော်ထုတ်ပေးရမှာပါ။ နောက်တစ်မျက်နှာကို ဆက်ကူးဖို့အတွက်
လက်ရှိစာမျက်နှာထဲက မူမမှန်တဲ့ သဲလွန်စနံပတ်တွေကို အရင် အဖြေရှာရမှာဖြစ်ပြီး
မှန်ကန်အောင် ရွေးချယ်နိုင်မှ နောက်တစ်မျက်နှာကို ဆက်ဖတ်ခွင့်ရမှာပါ။
မဟုတ်ရင်တော့ ဘယ်လောက်ဘဲ ရှေ့မှာ ဖော်ထုတ်ခဲ့ ဖော်ထုတ်ခဲ့ တစ်ချက်မှားတာနဲ့ အစက
ပြန်ဖြေရှင်းရမှာမလို့ တကယ် Challenge ဖြစ်တဲ့ ဂိမ်းကောင်းလေးပါ။ ပြီးတော့
ပဟေဠိတွေကလည်း မြန်မာဆန်ဆန်လေးတွေဘဲ အသုံးပြုထားတာမလို့ စဉ်းစားတတ်ရင်
အရမ်းလွယ်ပါတယ်။
ဇာတ်လမ်းလေးကိုပြောရရင် လင်းထက်ရဲ့ ညီမဖြစ်သူ သံစဉ် အသတ်ခံရတာနဲ့ပတ်သတ်ပြီး
အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း
သံသရဝင်ကြရင်းကနေ လူသတ်သမားဘယ်သူဆိုတာ စဉ်းစားလို့မရတဲ့ထိ
စိတ်ဝင်စားစရာကောင်းတာပါ။ ဖြစ်နိုင်ချေကို စဉ်းစားပြန်ရင်လည်း အကုန်လုံးဟာ
သံစဉ်နဲ့ ပြဿနာလေးတွေ အနည်းအကျဉ်းတက်ခဲ့ကြပြီး တစ်ဖက်ကကြည့်ရင်လည်း
အကြောင်းပြချက်တွေဟာ ယုတ္တိရှိရှိ ရှင်းပြနေကြတော့ တရားခံဘယ်သူဆိုတာ
ဇာတ်လမ်းတိုလေးအနေနဲ့တောင် ဖော်ထုတ်ရခက်နေတာပါ။ ဒါပေမယ့် ပဟေဠိဒီဇိုင်းကို
ဖန်တီးထားတဲ့ ပုံစံက သဲလွန်စ 9 ခုလုံးနဲ့ ဆက်စပ်ပေးထားတာကြောင့်
အခန်းဆုံးရောက်သွားရင် တရားခံဘယ်သူဆိုတာကိုကော ၊ Plot Twist ကြောင့်ပါ
အံ့အားသင့်သွားစေမှာ သေချာပါတယ်။ နောက်ပြီး စုံထောက်ကြီး ဇွဲပါ ဧည့်သည်အနေနဲ့
ဒီဂိမ်းထဲမှာ ပါဝင်သေးတယ်နော်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
လူဆိုတာ အမြဲ လျှိုဝှက်ထားချင်တဲ့ အရာတစ်ခုက အနည်းနဲ့အများ ရှိနေတတ်ပါတယ်။
အယုံကြည်ရဆုံးသူတွေကိုသာ ရင်ဖွင့်တတ်ပြီး ရင်ဖွင့်ခံရတဲ့သူဘက်ကပါ
အဲဒီလျှိုဝှက်ချက်တွေကို ဘယ်အခြေနေရောက်ရောက် နှုတ်စောင့်စည်းတတ်ဖို့ဘဲလိုတာပါ။
အခြေနေတစ်ခုကြောင့် မတည့်သွားကြရင်တောင် အနိုင်ရယူမှုအတွက်
အောက်ဖဲတွေကိုဖော်ကြတာတွေဟာ အရမ်းကို ဆိုးပါတယ်။
ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အလားတူဘဲ သူငယ်ချင်းတစ်ယောက် သေဆုံးတာထက် ဘယ်သူ
သတ်သွားလဲဆိုတာကို အရင်သံသရဝင်နေကြပြီး ကိုယ့်ဘက်ကို မြှားဦးလှည့်လာမှာစိုးလို့
နောက်တစ်ယောက်ရဲ့ လျှိုဝှက်ချက်တွေကို တရားခံမဖြစ် ဖြစ်အောင် တွန်းပို့နေကြတာပါ။
တစ်ခုသိထားရမှာက သူများကို မကောင်းပြောချင်ရင် ကိုယ့်ဘက်ကကော လုံးလုံးကြီး
ကောင်းနေရဲ့လားဆိုတာ စဉ်းစားချင့်ချိန်သင့်ပါတယ်။ သူများကို မတရားပြောရင်
သူများကလည်း ကိုယ့်ကို မတရားပြန်ပြောလာမှာကို ခံနိုင်ရည်ရှိတယ်ဆိုမှ ပြောဆိုကြပါ။
မဟုတ်ရင် ကိုယ်လွတ်ရုန်းချင်တဲ့စိတ်အပေါ်မှာ တရားမျှတမှုဆိုတဲ့ အရေခွံခြုံနေသ၍
လူတိုင်းကိုဘဲ လက်ညိုးထိုးချင်တဲ့ စိတ်တွေက ဖြစ်ပေါ်နေအုံးမှာပါ။
အခုလိုမျိုးတွေ ဖြစ်လေ လူသတ်သမားအစစ်က ပိုသဘောကျလေဖြစ်ပြီး မူမမှန်တာကိုကျ
သတိမထားကျဘဲ ကိုယ်လွတ်ရုန်းဖို့ဘဲ အကုန်လုံးက စဉ်းစားနေကြတော့ သေချာတယ်
အဲဒီဇာတ်လမ်းထဲက အုပ်စုတွေကြီးဘဲဆိုရင် လူသတ်သမားအစစ်က တော်တော်နဲ့ကို
ပေါ်လာအုံးမှာမဟုတ်ဘူး။ ဒါတောင် စုံထောက်ကြီးဇွဲပါလို့ သံသရဝင်တာတွေ
ရပ်သွားကြတယ်ဆိုပေမယ့်လည်း ကံတရားက မျက်နှာသာမပေးတော့ ဇာတ်လမ်းလေးက
ဇာတ်သိမ်းကောင်းခဲ့ပါတယ်။ ပြောရရင် ကံတရားကြောင့်လို့တော့ မင်မင်က မပုံချချင်ဘူး
ဘာလို့ဆို အခုအဖြစ်ပျက်တွေက လူတွေရဲ့ အလွယ်လမ်းကို လိုက်တတ်တဲ့အကျင့်ကြောင့်ရယ်၊
ကိုယ်မဟုတ်ရင် ပြီးရောဆိုတဲ့ ပုံစံမျိုးတွေကြောင့်ပါ ဇာတ်လမ်းက
ခုလိုဖြစ်သွားတာပါ။ သူတို့အားလုံးသာ အရာရာကို တန်းတူတွေးနေသ၍ အမှန်တရားဟာ
လူသတ်သမား ဟန်ဆောင်လို့ မရအောင်ကို ပေါ်လာနိုင်ပါတယ်။
အရင်ဆုံး မင်မင်ကတော့ Mind blown studio ကို အရမ်း ကျေးဇူးတင်တယ်လို့ပြောချင်တယ်။
ဒီဂိမ်းစထွက်တုန်းက Paid Game အနေနဲ့ထုတ်ပေးထားတာမလို့ မင်မင်တင်ပေးတုန်းက
အဆင်မပြေတဲ့သူတွေ မဆော့လိုက်ကျရတာ များပါတယ်။ အခု Developer ကိုယ်တိုင်ကိုက Free
To Play လုပ်ပေးလိုက်တာကြောင့် အားလုံးကစားခွင့်ရမှာဖြစ်ပြီး အနည်းဆုံးတော့
ပြည်တွင်းဖြစ် Game လေးကို Internet ဖွင့်ဆော့ကြဖို့ မှာချင်ပါတယ်။ Paid Game ကနေ
Free To Play ထိတောင် ပြောင်းပေးထားတာမလို့ ပါလာတဲ့ Ads ကြေငြာလေးတွေကိုတော့
တတ်နိုင်သလောက် Support ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဇာတ်လမ်းတိုလေးဆိုပေမယ့် မင်မင်အတွက်ကတော့ အရင်က ကာတွန်းစာအုပ်တွေ ဝယ်ဖတ်ခဲ့ရတဲ့
အချိန်ကိုတောင် သတိရသွားစေမိတယ်။
Android version | 5 . 1 + |
Developer | Mind Blown Studio |
Network | Offline |
Price | Free |
App version | 1.42 |
Release date | Sep 19, 2022 |
Platform | Android |
⭐ ( HELLO Rating = 7.8 / 10 ) ⭐
Playstore မရှိရင် အောက်က ကနေ ဆွဲပေးပါ
Click To Download
Playstore မရှိတဲ့သူတွေအတွက် Install တင်တဲ့အခါကျရင် Download Link Table အောက်က " Game Install တင်နည်း " ဆိုတာလေးကို နိပ်ပေးရုံနဲ့ Tutorial ကြည့်လို့ရပါတယ်။
Playstore မရှိတဲ့သူတွေအတွက် Install တင်တဲ့အခါကျရင် Download Link Table အောက်က " Game Install တင်နည်း " ဆိုတာလေးကို နိပ်ပေးရုံနဲ့ Tutorial ကြည့်လို့ရပါတယ်။
Comments